etone .. manawphyulay .. ဆူး ..wei wei တို့သို့ အိပ်ဖွင့်ပေးစာ

fattyDecember 16, 20101min16730

အချစ်တံခါးကိုပိတ် ….
ကိုယ့်စိတ်ကိုလည်းထိမ်းထားတယ် …။
မင်းကပြုံးလည်း ငါရုန်းထွက်မယ် ……
မင်းကမုန်းလည်း ငါကပြုံးမယ် ……။
ငတုံးငအလို့ခေါ်ချင်ခေါ် ….
ငါကတော့ပျော်ပျော်ဘဲ ………။
” တော်ရာမှာနေမှ လော်မာရာမကျ” တဲ့ ……
ငါ့ဘဝနဲ့ငါရျိစေတော့ …………….။

ကျေးဇူးပြုရျ် ဝိုင်းတော့မဗျင်းကြနဲ့နော် …ကဗျာခေါင်းစဉ်က လူပျိုကြီး …တဲ့

30 comments

  • လင်းဝေကျော်

    December 16, 2010 at 11:01 am

    target ကလည်းများလိုက်တာ။
    အဲဒီထဲမှာ ပိုင်ရှင်ငုတ်တုတ်ရှိတာတွေလည်းပါနေတယ်နော်။

  • kopauk mandalay

    December 16, 2010 at 11:35 am

    တံခါးပိတ်မထားရင် ခဲဝင်လာမယ်
    မထိမ်းနိုင်ရင် အထိန်းခံရမယ်
    ဒါတောင်မှ ရုန်းမထွက်နို်င်ရင်
    တသက်လုံး ရုံးပေတောဗျို့

  • intro

    December 16, 2010 at 12:18 pm

    ကိုပေါက်ပြောတဲ့ comment က တစ်သက်လုံး ရုန်းတော့ဗျို့ ဆိုတာကို အကြိုက်ဆုံးပဲဗျာ… 😀

  • manawphyulay

    December 16, 2010 at 1:06 pm

    ဘယ်အချိန် ဒီအတွေးပေါ်
    သင်ပေါ်သော အတွေး
    နောက်ကျနေလေသလား
    သင်မစဉ်းစားမိဘူးလား
    အချိန်လွန်မှ မိုက်နောင်တ
    သင်ဘဝနဲ့သင် ရှိစေတော့
    တစ်သက်လုံးရုန်းဖို့အရေး
    ဇွတ်မှိတ်တံခါး အမြဲစေ့ထားမှာလား….

    လူပြိုကြီးအတွက် ဟိဟိ……………..

  • fatty

    December 16, 2010 at 1:33 pm

    ဒီဆိုဒ်ကပျင်းစရာကြီးဆိုလို့ .. ကျနော်အဖိုးကြီး သက်သက်ရွ .. အဲ ဆွပေးလိုက်တာပါ …..
    ကျန်တဲ့ သက်ဆိုင်သူတွေမမန်းသေးပါလား … မမန်းရင်ထပ်လာမှာနော် .။

    • windtalker

      March 6, 2012 at 12:42 pm

      ဦးဖက် သည် ခေသူမဟုတ်ချေတကား
      ““ ယောက်ျားကောင်း မောင်းမတစ်ထောင် ”” ထုံး ကို နှလုံးမူရွေ ့
      ရဲ ရဲ ဝံ့ ဝံ့ လက်ခမောင်း ခတ်ခဲ့သည်ပါတကား
      လေးစားပါ၏

  • ဆူး

    December 16, 2010 at 2:39 pm

    ဒီကဗျာအရာဖတ်ကြည့်တော့ စိတ်ပုတီးနဲ့ ရိပ်ကြီး ခိုသင့်ပြီ ထင်တယ်။
    အပျိုကြီး ဘဝဆိုတာ လိုပြီး မရဆိုတဲ့ အသုံး လူတွေ လွယ်လွယ် သုံးနေကြတယ်။
    သိသလောက်ကတော့ ချစ်ရတဲ့ သူ လက်တွဲဖော် ရှိနေပြီ ဆိုတာ သေချာတဲ့ လူ ၃ယောက်တော့ ရှိတယ်။ တယောက်ကတော့ မစပ်စုမိဘူး။ အချိန်အခါ နေ့ကောင်းရက်သာ မကျသေးလို့သော်လည်းကောင်း ကံအကျိုးပေး မတိုက်ဆိုင်သေးလို့သော် လည်းကောင်း အကြောင်းကြောင်းတွေကြောင့် အပျိုကြီး စာရင်းပါသွားတာ ဖြစ်ပါလိမ့်မယ်။ အီးတုံးကတော့ အပျိုကြီး စာရင်း မသွင်းသင့်သေးပါဘူး။ အီးတုံး အသက်က ငယ်ပါသေးတယ်။ သူမှာ လည်း ချစ်သူ ရှိပါတယ်။ မနောလည်း ငယ်ပါသေးတယ်။
    ဒီပိုစ်ကို တင်တာ အိတ်ဖွင့်ပေးစာတဲက အမျိုးသမီးတွေ ချစ်သူ အတည်တကျ ရှိမရှိ သိချင်ဟန်တူ၏။
    ဆူး ကတော့ နှစ်ရှည်လများ ချစ်ပြီး လက်ထပ်ဖို့ အထိရည်ရွယ်ထားပြီး ပန်းတိုင်တခု ကိုစောင့်နေသူ နှစ်ဦးစလုံး သစ္စာရှိရှိ လက်တွဲမြဲနေခဲ့ပါတယ်။

  • ဆူး

    December 16, 2010 at 2:40 pm

    ကွန်မန်း နောက်ကျတာက အခုမှ အွန်လိုင်းဝင်လို့ပါ။ နောက်ရက်တွေ ရက်ရှည်လည်း ပျောက်သွားဖို့ရှိတယ်။ ဒါပေမဲ့ ပြန်လာမှာပါ။

  • unclegyi1974

    December 16, 2010 at 3:09 pm

    မချော ၁ဝယောက် ကိုယ်တယောက်
    ဇာတ်ကားကြီးရိုက်ဖို့မင်းသားရွေးပြီးသွားပါပြီ
    ကိုဖက်တီးပါ
    မင်းသမီးများအမြန်စာရင်းတင်ကြပါ

  • weiwei

    December 16, 2010 at 3:50 pm

    ခက်တော့ခက်နေပြီ …
    သီချင်းပဲ ဆိုလိုက်တော့မယ် … 🙂
    ္ဒ္ဒ” ကျွန်မမှာ ချစ်သူရှိတယ် … ရှင် ငရဲကြီးလိမ့် မယ် ….”

  • bigcat

    December 17, 2010 at 1:19 am

    စိတ်မလျော့နဲ့ ဦးဖက်၊ ဘဝဆိုတာ ဒီလိုပဲ။ တကြိမ်မရ နှစ်ကြိမ်၊ နှစ်ကြီမ်မရ သုံးကြိမ်……..

    • akswe

      December 17, 2010 at 3:24 pm

      ယောက် ကျားတို.မာန် တေခါနီးလေ ဆော. လေဆို လား ပဲ ဇွဲမလျော.ကြပါ နဲ.ဗျို.

  • etone

    December 17, 2010 at 2:05 am

    အရွယ်အို တဏှာပို ၊
    ဗိုက်ကပူ ချက်ကစူ ၊
    ချိန်ပါ အဖန်တစ်ရာ
    အပျိုတိုင်းကိုငေး အရွယ်ဟိုင်းတောင်မရွေးနိုင်တဲ့ ဦးဖက်ရေ/ လူပျိုကြီးရေ ….။ ကန်တော့ဆွမ်းပါ 😀 😀 )

    (ကဗျာထဲက လူပျိုကြီး ဦးဖက်ကိုပြောတာပါ …မန္တလေးဂေဇက်က ကလေးတို့ရဲ့ ဒယ်ဒီ ကိုဖက်တီးမဟုတ်ပါ 😛 😛 )

  • etone

    December 17, 2010 at 2:11 am

    မြန်လိုက်တဲ့ comment တစ်ခါထဲ တက်သွားတယ် .. ရေးတာတောင်မပြီးသေးဘူ enter ခေါက်မိလို့… ။

    ချိန်ပါ (ချိန်လိုက်တိုင်းပါပါသွားလို့ ) အဖန်တစ်ရာပဲရှိသေးတယ်နော ်.. တစ်ရာ့တစ်ကြိမ်မြောက်ချစ်ခွင့်ပန်ခြင်းဆိုရင် … ကိုရီးယားမင်းသမီးလေးတောင် ကြွေချင်ကြွေလာမှာ … ကြိုးစားကြိုးစား 😛

  • ကရင်လေး

    December 17, 2010 at 2:26 am

    အန်တီဆူးကအပျိုကြီးလား…အသက်၂၅နှစ်ပဲရှိသေးတာ..အပျိုကြီးစာရင်းဝင်နေပြီလား…မဝေဝေကချစ်သူပဲရှိတာယောကျာ်းရှိတာမှမဟုတ်တာ..ဦးဖက်ငရဲမကြီးလောက်ပါဘူး။။

  • meelay

    December 17, 2010 at 3:21 am

    မီးတို့ဆီမှာ အစ်ကိုကြီးတစ်ယောက်ကို ကိုချိန်ပါကြီးလို့ ခေါ်တာရှိတယ်… ဘာဖြစ်လို့လဲဆိုတော့ သူချိန်လိုက်တဲ့ ကောင်မလေးတိုင်းက ယောက်ျားနောက် လိုက်သွားလို့ :P…. ဦးဖက်တီးကလဲ အဲလို ချိန်ပါကြီးပဲလား….:P

  • moethidasoe

    December 17, 2010 at 5:14 am

    ကိုဖက်ရဲ့ စာလုံးပေါင်းမှာ အိပ်ဖွင့်လို့ ရေးထားတယ် .. အိပ်နေတုန်း ဘာဖွင့်တာလဲ .. အိတ်ဖွင့်မှ စာအိတ် ဖွင့်ထားတာလို့ ဆိုတာလေ ..

  • char too lan

    December 17, 2010 at 5:22 am

    ရွာထဲကဦးဦးတွေ ကိုကိုတွေက
    “ဗလတောင့်တယ် ရုပ်ဖြောင့်တယ်
    ရှုးရှုးပေါက်ရင် အဝေးကြီးရောက်တယ်” နဲတဲ့စွမ်းရည်လားဗျာ 🙂
    အဲဒီတော့ ပိုင်ရှင်မရှိတဲ့ မမတို့ ဒေါ်ဒေါ်တို့က
    ပိုင်ရှင်မရမယ့် အတူတူ
    အိုက်တင်တွေ ခွာချပီးတော့သာ
    စဉ်းသားပေးကြပါအုံးလို့~~~ 😀

  • bigcat

    December 17, 2010 at 5:34 am

    ချာတူးရေ ဦးကြောင်ပေါက်ရင် လမ်းဟိုဖက်ခြမ်းတော့ အသာလေးပဲ။ ရူးရှုးဆိုပြီး လမ်းဟိုဖက်က ခွေးကို ခဲလုံးနဲ့လှမ်း ပေါက်တာကို ပြောတာနော်။

  • fatty

    December 17, 2010 at 7:12 am

    လာမဲ့နှစ်သစ်မှာ .. အားလုံး ပျော်ရွှင်ရယ်မောနိုင်ကြပါစေ ….။
    လာမဲ့ခရစ်စ်မတ်စ်မှာ ..အားလုံး $$$$$$$$$ ရနိုင်ကြပါစေ ….။

    • etone

      December 18, 2010 at 2:05 am

      ကိုဖက်တီးရေ $$$$$$$$$$$ က ဈေးတွေကျတာ ဇောက်ထိုးချည်းပဲ 🙁 ပြန်တက်ခြေ မမြင်ဘူး ။ 600 လောက်ထိ ကျမယ်ဆို ဟုတ်လား ။ 🙁 🙁

  • naywoonni

    December 17, 2010 at 7:43 am

    ဒီဆောင်းတစ်ည
    အအေးကပိုလို့စောင်ခြုံ
    မလုံလို့သူမနွေး
    (လူကဝပြီးစောင်ကသေးနေလို့ပါ.. ဟီး)
    မနွေးလို့အဆွေးပိုတယ်
    တွေးချင်ရာသူတွေး
    ရေးမိရာသူရေးလာတယ်
    ကညာပျိုခင်လေးတို့ရယ်
    စိတ်မဆိုးကြနဲ့ဟေး……..။

  • ဆူး

    December 17, 2010 at 8:03 am

    ကညာပျို စိတ်မဆိုးပါ
    မှန်တာတွေ ဆိတ်မသုန်းအောင်
    မှန်တာတွေ ဘောင်ဝင်အောင်
    ချစ်သူ ရှိကြောင်း ထုတ်ကြွား လိုက်လေ သတည်းပေါ့။

  • maungmoenyo

    December 18, 2010 at 5:52 am

    မောင်မတွေးနဲ့..
    နောင်ဆွေးလို…
    သောင်ပြင်…ခွေး..လွှတ်သလို…ပြေးနေ/လိုက်နေ….ပါသော်လည်း…
    ကျွန့်ဘဝ……လွမ်းတာနဲ့……..ရစ်ကျန်ပေါ့လေး…။
    (မောင်မိုးညို..ပြောတဲ့ရင်တွင်းဖြစ်”ကဗျောင်”)

  • white

    December 18, 2010 at 6:28 am

    အင်း ……. ဦးဖက်က “တော်ရာမှာနေမှ လော်မာရာမကျ” တဲ့ ……
    အင်း ……. ကိုယ်လည်း လူပျိုကြီးမှန်းမသိအောင် ဘာမှ ဝင်မပြောပဲ တိတ်တိ်တ်လေးနေမှနဲ့ တူတယ်။

  • bigcat

    December 19, 2010 at 1:18 am

    http://www.sagarwarmyae.org/?p=17951 ဦးဖက်ရေ ပေးထားတဲ့လင့်ခ်ကို ဝင်လို့ရလား။ ဗိုလ်တာရာ ရဲဘော်သုံးချိပ်ဝင်ရေးထားတဲ ့ပထမံဦးအောင် အကြောင်းပါ။ သိဒ္ဓိမဟဒ္ဓိဆို်င်ရာနဲ့ ပတ်သက်တာတွေပါပါတယ် ဦးဖက်လို ယုံကြည်းကိုးကွယ်သူတဦးရဲ အမြင်နဲ့ ထပ်မံဖြည့်စွက်ချက်များကို သိလိုပါသည်။ ကျန်သူများဝေဖန်လျင်လည်း အပြုသဘောနဲ့သာ မှတ်ချက်ပြုစေလိုပါသည်။

  • weiwei

    December 19, 2010 at 7:14 am

    အဲဒီစာအုပ်ကို ငယ်ငယ်တုန်းက ဖတ်ဖူးတယ် … ဝလုံးလေးတွေ နှစ်ဆတိုးသွားတာကို အရမ်းသဘောကျတယ် … 🙂 🙂
    သူငယ်ချင်း ၃ ယောက် အကြောင်းကို အခြေခံရေးထားတာဆိုတော့ ဝတ္ထုဖတ်ရသလို ဖတ်လို့ကောင်းပါတယ် … အဲဒီစာအုပ်ဖတ်ပြီးနောက်ပိုင်း ဘိုးဘိုးအောင်ကို အထင်ကြီးလေးစားမိပါတယ် … ဘာသာရေးနဲ့ လွဲတာတော့ လွဲတာပေါ့ … လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဖတ်ဖူးတာဆိုတော့ မေ့တေ့တေ့ပဲ …

  • kopauk mandalay

    December 19, 2010 at 3:07 pm

    မိန်းကလေးဘဝ အိမ်ထောင်အတည်မကျသေးသမျှ
    ရည်ရွယ်သူနဲ့ ရွှေလက်တွဲ မင်္ဂလာပွဲမနွဲသေးသမျှ
    ရှိရှိသမျှယောက်ျားသား ကိုယ်က သူကို့ ချစ်များချစ်နေရင်
    ပိုင်ဆိုင်ဘို့ အခွင့်အရေး ကျန်နေပါသေးသတဲ့။
    သူတို့ ရည်ရွယ်တယ်ဆိုတာ စိတ်ကူးဘဲရှိသေးတာ
    ကိုကိုဖက်ရေ ဆက်လုပ်………………………………………..
    အဆင်ပြေရင် အထုပ်နဲ့လိုက်လာမှာပေါ့။
    အဲ မပြေလိုကတော့ အချုပ်ထဲပေါ့ ……………………………………………

  • ဆူး

    December 19, 2010 at 3:39 pm

    မိဘ အရွယ် အိုကြီး အိုမ တွေ မြက်နုတွေ စားဖို့ ကျန်နေကြလား မသိဘူး။
    သက်တူ ရွယ်တူ စိတ်တူတွေ ဆိုရင်တော့ မပြောတတ်ဘူး။
    အမျိုးကောင်း သမီးတွေကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ဟာ.. သရေကျအောင် လမ်းညွန်သူက ညွန်နေတယ် ခက်တော့ ခက်တယ်။ ကိုယ်က မွေးတော့ ကိုယ့်သမီးတော့.. ကိုယ်မွေးတာ မဟုတ်တော့ သူများ သားသမီးပေါ့။

  • snow white

    March 6, 2012 at 11:47 am

    မင်းကပြုံးလည်း ငါရုန်းထွက်မယ် ……
    မင်းကမုန်းလည်း ငါကပြုံးမယ် ……။ ဒီစာသားလေးကိုအရမ်းကြိုက်တယ်

Leave a Reply