ဒီဇင်ဘာ ၁ရရက်နေ့ မနက်စောစော အချိန် နတ်စင်လမ်း(အောက်) မီးလောင်

etoneDecember 17, 20101min11711

၁ရ ရက် ဒီဇင်ဘာလ မနက် ၂နာရီခွဲ ခန့်အချိန်တွင် ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ် ၊ နတ်စင်လမ်းအောက်ဘလောက် ၌ လောင်စာ ဆီ သိုလှောင် ရောင်းသော အိမ်တစ်အိမ်မှ မီးလောင်ကျွမ်းမှူဖြစ်ပွားခဲ့ကြောင်းသိရသည် ။ မီးသတ်ဦးစီးဌာနနှင့် မိဘပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်မှူဖြင့် မီးမကူးအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း အဆိုပါမီးလောင်ကျွမ်းသော အိမ်တွင်းပစ္စည်းများ ဆုံးရှုံးမှူများကြောင်းသိရသည။ အားနာလို့ ဓါတ်ပုံ မရိုက်ခဲ့ပါ

11 comments

  • PaukPhaw

    December 17, 2010 at 3:19 am

    ပုံပုံလေးနဲ ့ချို ပိုကောင်းမလားလို ့..
    ဘယ်လိုစလောင်တာလဲ မသိ..
    အိမ်ထောင်ဦးစီးတော့ တိုင်ပတ်ဦးမယ်ထင်တယ်..
    စိတ်ကောင်းပါဘူးဗျာ.

  • Mie_Mie

    December 17, 2010 at 4:55 am

    သတင်းကစောလှချည်လား etone လေးရဲ့။
    အမြဲ Update ဖြစ်နေတဲ့ mandalaygazette ကိုလဲ ကျေးဇူးတင်ပါတယ်။
    သတင်းတွေစောစောသိရတာ အရမ်းကောင်းပါတယ်။

  • moethidasoe

    December 17, 2010 at 5:12 am

    မမက ဈေး လက်ဖက်ရည်ဆိုင်.. အိတုံက အိမ် ..လောင်စာဆီ လှောင်တာ ..
    ရန်တိုက်တာတော့ မဟုတ်ပါ .. သိရတာလေးကို ချက်ခြင်း တင်ပေးကြလို့ ..
    အားလုံးကို ကျေးဇူးတင်တာပါ .. တို့လဲ မီးသတ်ကားသံပဲ ကြားလိုက်လို့ ဘာမှန်းမသိတော့ အခု ရုံးရောက်လို့ အင်တာနက် ကြည့်လိုက်မှ သိရတယ် .. ရုံးမှာရှိတဲ့ စမ်းချောင်းက လူတောင် ဘာမှန်းမသိသေးဘူးလို့ ပြောတာ ..

    • etone

      December 17, 2010 at 5:31 am

      အစ်မရေ … ဈေးမှာ ဖြစ်တာတော့မဟုတ်ပါဘူး နတ်စင်လမ်းအောက်လမ်းပါ သေချာပါတယ် ။ ဒီနေ့မနက်အစောကြီးဆိုရင်တော့ နတ်စင်လမ်းမှာလောင်တာပဲရှိပါတယ် ။

  • bigcat

    December 17, 2010 at 5:21 am

    ဒေါက်တာရယ်.. ဈေးနားရှိ လဘက်ရည်ဆိုင်မှာ သိုလှောင်ထားတဲ့ လောင်စာဆီက နေလောင်တာလို့ ဆက်စပ်တွေးလိုက်ပါလား။

  • moethidasoe

    December 17, 2010 at 5:34 am

    ကျေးဇူး ကိုကြောင်ကြီး .. မတွေးတတ်လို့ ..

  • char too lan

    December 17, 2010 at 5:47 am

    တယ်တော်တဲ့ ဆြာတုံပါလားဗျာ သတင်းကတော့တကယ်အတိအကျပဲ 🙂

  • etone

    December 17, 2010 at 5:56 am

    ဈေးနားမှာ မဟုတ်ပါဘူး ။ နတ်စင်လမ်းရဲ့ အောက်ဘလောက်မှာပါ ။ ဝါယာရှော့ကနေတစ်ဆင့်ဖြစ်တာပါ .. အဲ့ဒီမီးလောင်တဲ့အိမ်ရဲ့ ရှေ့မှာ လမ်းဘေး လ္ဘက်ရည်ဆိုင်လေးတွေရှိပါတယ် .. လောင်တဲ့အိမ်က လောင်စာဆီသိုလှောင်ထားတော့ ပေါက်ကွဲမှူဖြစ်ပြီး ဘေးအိမ်ကို မီးသင့်ပါတယ် … လူအင်အား ၊ ရေအင်အားနဲ့ဆိုတော့ မီး ဆက် မကူးတော့ပါဘူး …။ အကြီးကျယ်ပဲ ဖြစ်ခဲ့တာပါ ..။ မီးသတ်ကား သုံးစင်းလာတာတွေ့ပါတယ် … ။ ကလေးတစ်ယောက်တောင် မီးဟပ်တဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။

  • ဆူး

    December 17, 2010 at 6:48 am

    အိမ်ရှင် တွေတော့ သနားပါတယ် ထောင်ကျအုန်းမယ် ထင်တယ်။ ပစ္စည်းတွေပါ အကုန်ကုန်သွားရင်တော့ မွဲပြီဘဲ။

  • moethidasoe

    December 17, 2010 at 8:35 am

    မန္တလေးတိုင်းမှူး အိမ် မီးလောင်တော့ အဖမ်းမခံရဘူးလေး .. အခုအိမ်ရှင်ကိုလဲ တိုင်းမှူး ရာထူးပေးလိုက် ပေါ့ .. ဒါဆို ထောင်မကျတော့ဘူး ..

    • etone

      December 17, 2010 at 9:46 am

      အိမ်ရှင်ကလည်း တိုင်းမူးပါပဲ … သူများလို ဘာတိုင်းမူး ၊ ညာတိုင်းမူးမဟုတ်ပေမဲ့ … အချိန်တိုင်းမူးနေတဲ့ အချိန်တိုင်းမူးပါ .. 😀

      (အပျော်ရေးတာပါ … အိမ်ရှင် တကယ်မူးမမူးမသိပါ)

Leave a Reply