ပညာသင်ဆုအတွက် သတင်းကောင်းလေးပါ

BMDecember 17, 20101min1085

လူငယ်တွေအတွက် သတင်းကောင်းတစ်ခုကို မျှဝေချင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး စီမံခန့်ခွဲမှု ပညာမျိုးစုံကို သင်ကြားပေးနေတဲ့ Myanmar Human Resources (MHR) သင်တန်းကျောင်းနှင့် ဆရာဦးဝင့်ကျော် အပါအဝင် LCCI သင်ကြားပေးနေသော ဆရာများ စုပေါင်းပြီး ဆယ်တန်းအောင်မြင်ထားကြသူများအတွက် LCCI Scholarship ဆုများကို ပေးအပ်တော့မှာ ဖြစ်ပါတယ်။ စုစုပေါင်း ပညာသင်ဆု (၂၅) ခုကို ချီးမြှင့်ပေးမှာ ဖြစ်ပြီး မိဘမဲ့ လူငယ်များနှင့် ဆင်းရဲနွမ်းပါသော လူငယ်များကို ဦးစားပေး ရွေးချယ်မှာ ဖြစ်ပါတယ်။

ဦးစားပေး ရွေးချယ်မည့် လူငယ်အမျိုးအစားများကတော့

1) မိဘမဲ့ ဂေဟာမှ လူငယ်များ

2) မိဘ နှစ်ပါး ဆုံးပါးသွားသူများ

3) မိဘ တစ်ပါးဆုံးပါးသွားသူများ

4) အစိုးရဝန်ထမ်း စာရေးအဆင့် လစာနည်းပါးသူများ၏ သား/ သမီးများ

5) ဆင်းရဲနွမ်းပါးသူများ.. အစရှိသော သူများဖြစ်ပါတယ်။

LCCI Scholarship ကို လျှောက်ချင်တယ်ဆိုရင်တော့ Myanmar Human Resources ၊ ၉ လွှာ ၊ သံဈေး ၊ လမ်းမတော်လမ်း၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် – 70 78 22 ကို ဒီဇင်ဘာလ တတိယပတ်မှ စတင်ကာ လျှောက်ထားနိုင်ပါတယ်။

ဒီသတင်းလေးကို ကျယ်ပြန့်နိုင်သလောက် ကျယ်ပြန့်စေဖို့ ကူညီပြီး ဖြန့်ဝေပေးကြစေချင်ပါတယ်။

မိဘမဲ့ကလေး ဂေဟာများနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများကိုလည်း တတ်နိုင်သလောက်လေး မျှဝေပေးစေချင်ပါတယ်။
http://www.facebook.com/myanmaryouths#!/notes/myanmar-youths-in-action/lcci-scholarship-for-orphans-and-vulnerable-students/170295359676868 ဤနေရာမှ လက်ဆင့်ကမ်းလိုက်ပါကြောင်း။

5 comments

  • yuyu

    December 17, 2010 at 10:10 am

    ဟုတ်ကဲ့ တတ်နိုင်သလောက်သတင်းပို့ပေးပါ့မယ်၊

  • ဆူး

    December 17, 2010 at 1:07 pm

    ဒီပိုစ်ကလေးက တကယ်ပညာလိုနေတဲ့ လူငယ်တွေ အတွက် အကျိုးရှိတဲ့ ပိုစ်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က စာပေ လိုလားတဲ့ လူငယ်များကို လက်တို့လိုက်ပါ့မယ်

  • manawphyulay

    December 17, 2010 at 1:33 pm

    တော်တော်လေးကို ဆင်းရဲနွမ်းပါးပြီး ပညာတော်သူတွေ အများအပြားအတွက် အလွန်ပဲ ကောင်းမွန်ပါတယ်။ တတ်နိုင်သလောက် တစ်နိုင်တစ်ပိုင်လုပ်ပေးတာဟာ မြန်မာပြည်မှာ ခုနောက်ပိုင်း တော်တော်လေး ရှိလာတဲ့အတွက်လည်း အလွန်တရာမှ ဝမ်းသာမိပါတယ်ရှင်………….

  • etone

    December 18, 2010 at 1:44 am

    တကယ်လိုချင်ပြီး ပိုက်ဆံမတတ်နိုင်သူတွေအတွက် အရမ်းကောင်းတဲ့အခွင့်ရေးပါ ..။ နီးစပ်ရာကို သတင်းပေးလိုက်ပြီနော် ။

  • winkyawaung

    December 18, 2010 at 2:38 am

    ကျေးဇူးတင်ပါတယ်။ အခြားဆိုဒ်များသို့ ကူးယူဖော်ပြပေးပါမည်။

Leave a Reply