မြန်မာပြည် ပြင်ပနေသူတွေ ၂၀၁ဝ ရွေးကောက်ပွဲဝင်မလား…

kaiApril 10, 20101min1012

Voice Vol.6 / No.23  ကသတင်း၂ခုကို ဒီအတိုင်းကူးတင်ပေးလိုက်ပါတယ်။ အောက်မှာဖတ်ကြည့်ပါ။ မြန်မာပြည်ဖက်က ကုးခွင့်လည်းမတောင်းနေတော့ပါဘူး။ တောင်းလည်း ပေးချင်လည်း ပေးရခက်ကြီးဖြစ်နေမှာကိုး..။
အဲဒီသတင်းတွေအရ နယ်စပ်က၊ အမေရိကက စတဲ့နိုင်ငံတွေကနေ မြန်မပြည်ပြန်ပြီ း လွှတ်တော်အမတ်လုပ်မယ်ဆိုတဲ့ သူတွေကို သိသာစေပါမယ်။

မြန်မာတွေဟာ အရည်အချင်းရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ”ထင်” မယ်ဆိုရင် တသီးပုဂ္ဂလ ဝင်ပြီုင်ခွင့်ရှိတာတွေ့ရမှာပါ။
ဟုတ်ကဲ့..အမေရိက အပါအဝင် မြန်မာပြည်အပြင်မှာနေတဲ့သူတွေ အဲဒီအခွင့်အရေးမရှိပါခင်ဗျား။
အနီရောင်နဲ့ ဖေါ်ပြထားချက်အရ ဖြစ်ပါတယ်။
ဒီ ၂၀၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကြရာမှာ ငွေအားအဓိက လိုနေမှာမို့ ..ဖြစ်လာမဲ့ လွတ်တော်အမတ်ကို ငွေနဲ့ ဝယ်လို့ရနိုင်ပါလိမ့်မယ်။ ဝယ်လည်းဝယ်ကြပါလိမ့်မယ်။
ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ နောင်လာမဲ့ အစိုးရပိုင်းကလူတွေ။ အမတ်တွေဟာ တနှစ်၊ တနှစ် ဘီလီယံ ချီရလာနေမဲ့ တိုင်းပြည်ဝင်ငွေ ဒေါ်လာတွေနဲ့ “ကစား”ရမှာမို့ပါ။ ဒီဒေါ်လာတွေဟာ တိုင်းပြည်က လူတွေရဲ့ အရည်အချင်း၊ လုပ်အားတွေက ထွက်လာတာမဟုတ်ပဲ ရေနံ၊ ဓါတ်ငွေ့၊ ရေအားလျှပ်စစ် စတဲ့ စွမ်းအင်အခြေခံတာတွေကဖြစ်မှာမို ့ပါ။
စွမ်းအင်ဟာ ဒီရာစုနှစ်မှာ “အလိုအပ်ဆုံး” အရာဖြစ်မှာဖြစ်ပြီး စွမ်းအင်ကြောင့်ပဲ စစ်တွေ၊ ညှိလို့မရတာတွေ ဖြစ်ပါတယ်။ စွမ်းအင်ကြောင့်ပဲ မြန်မာပြည်အနာဂါတ်ဟာ မှန်းဆခက်လောက်အောင် လှုပ်လှုပ်ရှားရှားတွေဖြစ်ပါမယ်..။ ဆိုင်ရာသူတွေ သူတို့အကျိုးစီးပွားတွေအတွက် ကစားကြတော့မယ်ပေါ့။

ဓါတ်ငွေ့လိုင်းတွေ ဝယ်ထားသွယ်ထားတဲ့ တရုတ်နဲ့ ယိုးဒယားအပါအဝင် အမေရိက ကလည်း ဝင်ကစားဖို့ သေချာသလောက်ပါပဲ။ ဘယ်သူတွေ ဘယ်ပေါ်လစီနဲ့ ရွေ ့ကြမလဲ လေ့လာရင်း သေသေချာချာ ဝင်ခြေရှုပ်ကြပါမယ်။
ကြားထဲက ဓါတ်ငေ ့ွရထားတဲ့ အိန္ဒိယနဲ့ စစ်ပစ္စည်း၊ ပညာတော်သင်၊ ညူစွမ်းအင်နည်းပညာ ကနေ ဝင်ငွေရနေတဲ့ ရုရှားလည်း မနေပါဘူး။
ပုံမှာတင်ထားတဲ့ ဂရပ်အတိုင်းပဲ နေ့စဉ် လစဉ် ရင်တဖိုဖိုနဲ့ သွားကြရတော့မှာပါ။

ထားပါတော့…။
ငွေရှိသူ အရင်းရှင်တွေ ကစားမဲ့ နိုင်ငံရေးဖြစ်ပါလိမ့်မယ်.။ လွှတ်တော်အမတ်အားလုံးနေရာ ၁၁၄ဝ အတွက် ဝင်ပြိုင်ကြေး ၅သိန်းကျပ်ငွေနဲ့တွက်ရင် အကုန်ပြိုင်မဲ့ပါတီက ကျပ်သိန်းပေါင်း ၅၇၀ဝ ကုန်မယ် ဆိုပါသဗျ..။
ဒါဟာ အမေရိကအပါအဝင် နိုင်ငံတွေအားလုံးလျှောက်နေတဲ့ လမ်းအတိုင်းပါပဲ။ ပါတီတရပ်ဟာ ရံပုံငွေကို လူတွေဆီကကောက်နိုင်ပါတယ်။ ဒါပေမဲ့ အဓိကကတော့ လုပ်ငန်းရှင်ကြီးတွေဆီကရမှပါ။ မြန်မာလုပ်ငန်းရှင်ကြီးတွေလည်း ဝဏ္ဍကျော်ထင်ဘွဲ ့တွေ ပြီးခဲ့တဲ့လပိင်းကတင် ရလိုက်ကြတာမို ့.. ဘယ်သူ့၊ ဘယ်ပါတီ ငွေလှူကြမလဲတော့ မသိရသေးပါ။
အဲဒါတွေ ..ပြောချင်လို ့ပါပဲ..။ ဆွေးနွေးချင်ရင် ကွန်မင့်မှာ ရေးကြပေါ့နော..။

=============

၂၀၁ဝ ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလဝင်ပြိုင်သူများနိုင်ဟုဆို

ရန်က်ကုနုန်၊်၊ ဧပြီ ၅
၂၀၁ဝ ရွေးကောက်ပွဲတွင် ပါတီဖွဲ့စည်းတည်ထောင်ကာ ဝင်ပြိုင်ရန်လုပ်ဆောင်နေမှုများရှိသကဲ့သို့ တစ်သီးပုဂ္ဂလ အဖြစ ် ဝငြ်ပိုငြ်ခင်းက အမတတ် စေ် နရာ ပိုမိုသေချာနငို သ် ညဟ် ု အမြငရ် သှိ မူ ျားက တစသ် းီ ပဂု လ္ဂ အဖြစ ် ဝငေ် ရာကယ် ဥှ ြ်ပိုငရ် န် စီစဉ်နေရာ ၂၀၁ဝ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်သူများနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြသည်။
”တစ်သီးပုဂ္ဂလဝင်ပြိုင်တာက အားသာချက်ပိုများနိုင်တယ်လို့ ယူဆသူတွေရှိပါတယ်။ အများအားဖြင့်တော့ ငွေအင်အား တောင့်တဲ့လုပ်ငန်းရှင်တွေ၊ မြို့မိမြို့ဖ၊ မြို့မျက်နှာဖုံးတွေက တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ဖို့ စီစဉ်နေကြတယ်။ တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ ကျွန်မတို့ပါတီကနေ နုတ်ထွက်သွားသူတွေလည်းရှိပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ အထွေထွေအတွင်း ရေးမှူးချုပ်ဒေါ်သန်းသန်းနုက ဆိုသည်။
လူထုအနေဖြင့် နိုင်ငံရေးနှင့် ကင်းကွာနေမှုကြောင့် ပါတီကြီးများကို မဲပေးရန်ရွံ့နေနိုင်သော်လည်း တစ်သီးပုဂ္ဂလများကိုမူ ပါတီဆိုသည့်အရှိန်မရှိခြင်း၊ ¤င်းပုဂ္ဂိုလ်ကို မူလကတည်းက ကျွမ်းဝင်နေခြင်း စသည့်အချက်များကြောင့် မဲပေးနိုင်ဖွယ်ရှိ ကြောင်း၊ ယင်းအပြင် ပါတီကြီးမဟုတ်၍ အနှောင့်အယှက် နည်းနိုင်ခြင်းကဲ့သို့ အားသာချက်များစွာရှိကြောင်း တစ်သီးပုဂ္ဂလိက အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသော ၁၉၉ဝ ရွေးကောက်ပွဲဝင်ဝါရင့် နိုင်ငံရေးသမားများဖြစ်သော ဦးရန်ကျော်၊ ဦးဘတင်ဆွေ တို့က သုံးသပ်ပြသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ထားသော ပြန်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း(၅) ပုဒ်မ ၉တွင် ‘ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူတစ်ဦးသည် တစ်သီးပုဂ္ဂလအဖြစ်ဖြင့်ဖြစ်စေ၊ နိုင်ငံရေး ပါတီတစ်ခုခုကို ကိုယ်စားပြု၍ဖြစ်စေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်’ဟု ဖော်ပြထားသည်။

=============

ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ

ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံအစိုးရ၏ မူဝါဒလမ်း စဉ် ခုနစ်ရပ်အရကျင်းပမည့် ၂၀၁ဝ ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားများ နှင့် နိုင်ငံသားပြုခွင့်ရသူ နိုင်ငံရေးပါတီ ထူထောင်ခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိကြ သော်လည်း ရွေးကောက်တင်မြှောက်ခံပိုင် ခွင့်ရရှိမည်မဟုတ်ကြောင်း ရွေးကောက် ပွဲဆိုင်ရာ ဥပဒေများအရ သိရှိရသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအခန်း (၂) ပုဒ်မ (၄) (က)တွင်နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူသို့မဟုတ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် ထားသူများကို နိုင်ငံရေးပါတီထူထောင် ခွင့်ပြုခဲ့သည်။

သို့ရာတွင် ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဍ)ရှိ ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ နိုင်ငံ ခြားသား(သို့မဟုတ်) နိုင်ငံခြားသား အဖြစ် ခံယူထားသူများကို သတ်မှတ် ခဲ့သည်။

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ များနှင့်ပတ်သက်၍ ယင်းနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေများရှိ အခန်း (၅)၊ ပုဒ်မ (၈) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွား သောနိုင်ငံသားဖြစ်သူ၊ လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသည့်အချိန်နှင့် တစ်ဆက်တည်း ပြည် ထောင်စု မြန်မာနိုင်ငံတွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူနှင့် အသက် ၂၅ နှစ်ပြည့်ပြီး ဤဥပဒေပါပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင်သူဖြစ်ရမည်၊ မဲဆန္ဒ နယ်စာရင်းတွင် ပါဝင်သူ၊ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများ နှင့် ပြည့်စုံသူစသည့် အချက်များ ထည့် သွင်းသတ်မှတ်ခဲ့သည်။ ြွခင်းချက်အနေဖြင့်မူ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင် သွားရောက်သည့်ကာလများကို လည်း နိုင်ငံတော်တွင်အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

2 comments

  • susunosuki

    April 14, 2010 at 4:25 pm

    အေးဗျာ
    ရွေးကောက်ပွဲကတော့လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စတစ်ခုပါပဲ
    ကျွန်တော်တို့ဘာဖြစ်လာမလဲစောင့်ကြည့်နေပါတယ်“
    တစ်ခုခုတိုးတက်မယ်လို့တော့မျှော်လင့်ရတာပဲ

  • cruz

    October 17, 2010 at 11:51 pm

    ဟုတ်တယ်ဗျ နောက်ဆက်တွဲဘာတွေဖြစ်လာမလည်းဆိုတာ စောင့်ကြည့်နေရတဲ့
    သူတွေချည်းပါပဲ ကောင်းတာတွေ ဖြစ်လာဖို့ပဲမျှော်လင့်ပါတယ်ဗျာ

Leave a Reply