ကျယ်ပြန်.သွားသောအတွေးများ (Different thoughts on different views)

အာဖ်ံ ကြီးDecember 17, 20101min960

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။ ………..

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။ ဒါကိုမြင်သော …

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ဝင်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက်ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ်သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။ အင်း..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။ …………

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။
အပျိုကြီးအတွေး – ရှေ့မကြည့် နောက်မကြည့်လိုက်တာကိုး။ သေတာတောင်နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။
လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗိုလ်မှူးကြီးအတွေး – ကြက်ဖက ကြက်မသေအောင် စနစ်တကျ မဟာဗျူဟာနဲ့ခင်းလုပ်သွားတာ။ တိုက်တဲ့ကားသမားလည်း ငါ့လာတိုက်ဖို့ ကြံစည်လေ့ကျင့်နေတာ ဖြစ်နိုင်တယ်။ အစည်းအဝေးခေါ်ပြီး ကာကွယ်တဲ့နည်းလမ်းရှာဦးမှ….

ပြည်ခိုင်ဖြိုးအတွေး – ကြက်မရဲ့ အသည်းအမြစ်နဲ့ ရင်အုပ်သား အထက်ကိုပေးပြီးပေါင်သားအိမ်သယ်မှ။ ခြေရိုး၂ချောင်းတော့ လမ်းထိပ်က စွမ်းအားရှင်ကိုပေးပြီးကြက်ဖကိုပါ သတ်ခိုင်းလိုက်မယ်။
ပြီးရင်ဟိုကောင်သတ်တယ်ပြောလိုက်မယ်။

ဒီမိုကရက်အတွေး – ကြက်မကိုတိုက်သွားတဲ့ ကားဒရိုင်ဘာ ကြံ့ဖွတ်ဖြစ်မှာပဲ။ ကြက်မကို ကောင်းကောင်းမွန်မွန် သဂြိုဟ်ပေးမှ။ တောက်..သဂြိုဟ်ခကလည်း အစိုးရသောက်သုံးမကျတာနဲ့ မတရားတောင်းမှာ သေချာတယ်..။ ကြက်ဖကိုလည်း ဟိုကောင်တွေ သတ်စားဦးမယ်။ ငါကယ်တင်ဦးမှဖြစ်မှာပါ..။

ဘုန်းကြီးတစ်ပါးအတွေး – ကြက်တွေမှာ တိရိစာ္ဆန်ဖြစ်လို ့ အသိဉာဏ်မရှိကြဘူး။ ကိလေသာမီးတွေလောင်မြိုက်ပြီး ဖြစ်နေကြတော့ အသက်ပါပါသွားတယ်။ ရှေးဘဝက အကုသိုလ်ကြောင့်ဖြစ်မှာပဲ။ ဝဋ်ပေါ့။ ကားဆရာလည်း နောင်ဘဝ ဝဋ်လည်တော့မှာပဲ။ ဪ.. ကားတွေရှိနေသ၍ သတ္တဝါတွေ သေကြဦးမှာပဲ..။ အနိစ္စ ဒုက္ခ အနတ္တ …..