ဟုတ်နိုးနိုး

naywoon niDecember 23, 20101min1509

သိုက်စာဖတ်တာ
နားထောင်ပါ
ဥစ္စာရနိုးနိုး..။
ယတြာချေတာ
ငွေကုန်မှာ
ရောဂါပျောက်နိုးနိုး..။
ကလင်ဒါ(calendar)ကြည့်ကာ
နည်းလမ်းရှာ
နှစ်လုံးပေါက်နိုးနိုး…။
ဂါထာရွတ်ကာ
ပုတီးစိတ်ပါ
နိမ္ဗာန်ရောက်နိုးနိုး…။

နေဝန်းနီ

9 comments

  • bigcat

    December 23, 2010 at 4:22 am

    ဂေဇက်တက်ခါ
    စာရေးပါ
    ပွိုင့်တသိန်း
    ပြည့်နိုးနိုး။

  • BM

    December 23, 2010 at 4:37 am

    ပြည့်ရင်တော့ကွာ
    ဘာဘာညာ
    ဘယ်ခါရနိုးနိုး။

  • bigcat

    December 23, 2010 at 4:55 am

    ဘာညာသာတကာ
    မသိချင်ပါ
    သင်ဟာရွပိုးထိုး..။

  • nyimalay

    December 23, 2010 at 6:04 am

    ဘာညာသာတကာ
    မသိချင်ပါ
    သင်ဟာရွပိုးထိုး..။

    ha ha Excellent, but not include me Right! 🙂 😛

  • naywoonni

    December 23, 2010 at 8:56 am

    ရွပိုးထတာ
    ပလရှာ
    ပို့စ်တင်ရတာမလွယ်ပါ ..။
    တစ်နာရီလေးရာဈေး
    မောင်နေမွဲမယ်လေး…။

  • နီလေး

    December 23, 2010 at 9:49 am

    မောင်နေမွဲတော့ သူကြီးမနေသာ
    ပွိုင့်ပြည့်ဖို့သာကြိုးစားပေတော့
    ဝေးဟေးဟေး

  • ဆူး

    December 23, 2010 at 1:06 pm

    နိုးနိုး ဆိုတော့ နိုးပေါ့ဟေ့
    ပွိုင့်တိုးပေးမှာ နိုးပါဟေ့

  • ဆူး

    December 23, 2010 at 1:18 pm

    ပျင်းစရာလည်း ကောင်း စိတ်ပျက်စရာလည်း ကောင်း လှပါပါကောလား..
    နိးနိုး.. ပျော် တော့ဝူး
    နိုးနိး.. ရေးတော့ ဝူး

  • bigcat

    December 24, 2010 at 5:07 am

    မွဲတာမမွဲတာ
    မဆိုင်ပါ
    ငါဟဲ့ သဂျီးမျိုး။

Leave a Reply