ညီအကို မောင်နှမ အားလုံးအတွက် ဖတ်ရှုစရာ သတင်း

ဂ်စ္စူDecember 18, 20105min1443

ကျနော်တို့ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားလိုက်ကြရအောင်ဗျာ…….ကျနော်တို့တွေ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားကြလိုက်စိုုု့ ဆိုတာ က လည်း ပြည်တွင်းမှာ ငါးမင်းဆွေ၊ မြန်မာအီးဂရက် အစရှိတဲ့ သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်သူတွေကို မှိုင်းတိုက်နေတဲ့ စစ်အစိုးရ အလိုတော်ရိ သိစ္စာခံ တစ်ဘဝစံတွေလို လက်ကိုင်တုတ်တွေရဲ့ လူမဆန်တဲ့ အကြံယုတ်တွေ၊ သတင်းစာ ကိုင်လိုက်ရင် ဓာတ်လိုက်နိုင်တဲ့ ဆိုတဲ့ အဝေးမှုန်၊ မြန်မာ့အမှောင် အစရှိတဲ့ အတင်းစာတွေ (သတင်းစာ မဟုတ်ပါ) ကလည်း၊ တပ်ချုပ်ကြီး ဦးဆောင်တဲ့ စစ်အာဏာရူးတစ်သိုက်က မြန့်မာ့တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး အတင်းရော အဓမ္မ အကြမ်းဖက်ကာ မြန်မာပြည်ကို မဖွံ့ဖြိုးတဲ့ ကဏ္လမရှိတော့အောင် အဲ့ဒီ့ အတင်းစာတွေထဲမှာ ပဲ အောင်မြင်စွာ တည်ဆောက်နေကြောင်း ( အပြင် လက်တွေ့လောကမှာတော့ ပြောင်းပြန်ပါ။ ) မျက်နှာပြောင်ပြောင် ခေါင်းချောင်ချောင်နဲ့ ဝါဒဖြန့်နေတဲ့ အချိန်မို့ ကျနော်တို့ အားလုံးဟာ တကယ့် သတင်း အမှန်ကို သိချင်ရင် Radio, Online website and blog တွေကိုပဲ အားထားရမှာဖြစ်ပါတယ်ဗျာ။

လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုကို လိုချင်ရင်၊ အကြောက်တရားတွေက လွတ်မြောက်ပြီး ကျနော်တို့ အားလုံးရဲ့ အနာဂတ် မျိုးဆက်တွေကို ကျနော်တို့ လက်ထက်မှာရှိနေတဲ့ နိုင်ငံထက် ပိုမိုကောင်းမွန် လုံခြုံစိတ်ချ တရားမျှတတဲ့ နိုင်ငံတစ်ခုကို လက်ဆင့်ကမ်းနိုင်ဖို့ဆိုရင် အမေစု ပြောခဲ့သလိုပဲ ကျနော်တို့ အားလုံး နိုးကြားတက်ကြွနေဖို့လိုပါတယ်။ ကိုယ့်နိုင်ငံ့အရေး ဘယ်လိုအခြေအနေတွေ ရှိတယ်၊ ဘာတွေကတော့ နိုင့်ထက်စီးနင်း မတရားမှုတွေ ရှိနေတယ်ဆိုတာလည်း အမှန်ကို အမှန် အတိုင်း သိရှိနေဖို့ လိုတယ်လို့ ယုံကြည်ပါတယ်ဗျာ။

ဒါမှလဲ ကျနော်တို့ အနေနဲ့ မှန်တာကို မလုပ်ရဲ မပြောရဲရင်တောင်၊ မမှန်တာ၊ မတရားတာကိုတော့ မထောက်ခံမိအောင် ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ လူရယ်လို့ ဖြစ်လာရင် မတရားတာ ကို မနှစ်သက်တဲ့ ဗီဇလေးတွေကတော့ အနည်းနဲ့ အများရှိကြပါတယ်။ အကြောက်တရားကြောင့် ဖြစ်စေ၊ ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်စေ၊ မသိနားမလည် မှိုင်းတိုက်ခံထားရလို့ ဖြစ်စေ ( Egress မှ စစ်အာဏာရှင် လက်ကိုင်တုတ် နေဝင်းမောင် ၏ မှိုင်းတိုက်ခြင်းကို ခံထားရသော ပြည်တွင်းမှ မိန်းကလေး၊ ယောင်္ကျားလေးများက လက်ရှိအကောင်းဆုံး ဥပမာဖြစ်ပါတယ်။) မှန်ကန်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးဆိုတာတွေကို သိကောင်း သိပေမဲ့၊ လက်ခံကောင်း လက်ခံပေမဲ့ ပါးစပ်ပိတ်နုတ်ဆိတ်နေမှာဖြစ်နိုင်သလို၊ မြေနိမ့်ရာ လှံစိုက် အာဏာရှင် အကြိုက်လိုက်ပြီး မျက်နှာလို မျက်နှာရ ပုတ်ခတ်စော်ကား အနိုင်ကျင့်နေတာတွေလဲ တပုံတပင်ရှိနေပါတယ်။

စစ်အစိုးရဘက်က ဝါဒဖြန့် လုပ်ကြံမှိုင်းသွင်းမှုတွေကတော့ ပြည်တွင်းက အစိုးရထိန်းချုပ်ထားတဲ့ လက်အောက်ခံ Media တွေမှာ မတွေ့ချင် အဆုံးပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အစားချောင်လို့ ကိုယ်ကျိုးစီးပွားအတွက်ဖြစ်စေ၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရလို့ ဖြစ်စေ၊ မထည့်မနေရ မပြောမနေရဆိုတဲ့ ဒီလို လက်ကိုင်တုတ် သတင်းတွေ၊ ဒီလောက်တတိုင်းပြည်လုံး အဘက်ဘက်က ဆင်းရဲနိမ့်ကျနေပြီး၊ လူထုရဲ့ ဆန္ဒကိုလည်းလစ်လျှူရှုကာ၊ အမှန်အတိုင်းထုတ်ဖော်ဆန္ဒပြတဲ့ သူဆိုရင် ယောင်္ကျား၊မိန်းမ၊ သံဃာပါမကျန် နှစ်ရှည် လုပ်ကြံအမှုဆင်ထောင်ချပြီး တစ်တိုင်းပြည်လုံး ဘက်စုံဖွင့်ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ စစ်အာဏာရူးတသိုက်ရဲ့ အသုံးချခံ Media တွေ၊ အလိုတော်ရိတွေရဲ့ လက်တွေ့အခြေအနေတွေနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လုပ်ကြံလီဆယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ၊ အသံတွေကိုလည်း လူထုက ငြီးငွေ့စိတ်ကုန်နေတာလည်း နှစ်ပေါင်းများစွာရှိနေပါပြီဗျာ…

ဒီလို အာဏာရှင်တွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ စစ်အာဏာရှုင်တွေရဲ့ လက်အောက်မှာ ပြားပြားဝပ် ပါးစပ်၊ မျက်စိ၊ နားတွေ အကုန်ပိတ်ခံထားရတဲ့၊ မှိုင်းတိုက်ခံ အမှောင်ဖုံးလူထုအတွက် အလင်းရောင်ကို ဖော်ဆောင်ပေးမဲ့၊ တကယ့်ဖြစ်ရပ် အခြေအနေတွေကို ထင်ဟပ်ဖော်ပြနေတဲ့ လင့်တွေ၊ ဆိုက်တွေ၊ ဘလော့တွေကို Share လိုက်ပါတယ်ဗျာ…

http://www.irrawaddy.org/bur/

http://www.irrawaddyblog.com/

http://www.nguyinpyin.net/

http://moemaka.com/

http://www.yoma3.org/

http://naytthit.com/

http://narinjara.com/burmese.asp

http://www.mongloi.org/burmese/

http://www.kaowao.org/b/index.php

http://burmatoday.net/index_news_agencies.htm

http://www.voanews.com/burmese/news/

http://saffrontoward.blogspot.com/

http://malaria88.blogspot.com/

http://www.bbc.co.uk/burmese/

http://burmese.dvb.no/

http://thadar.blogspot.com/

http://burmese.bnionline.net/

http://www.demowaiyan.co.cc/

http://soneseayar.blogspot.com/

http://freedomnewsgroup.com/

http://yoma3blog.blogspot.com/

http://www.blc-burma.org/

http://kyokorea.blogspot.com/

http://abbsoluteright.blogspot.com/

http://www.dawnmanhon.com/

http://www.revolution8888.mmn.co.in/

http://drlunswe.blogspot.com/

သတင်းအမှောင်ချမှုကို တိုက်ဖျက်ပြီး အမှန်တရား နဲ့ တရားမျှတမှုကို ကျနော်တို့အားလုံး ပူးပေါင်းဖော်ထုတ်ကြပါစို့ ……

~ ရွှင်းလန်းချမ်းမြေ့ပါစေ ~

Candidly yours

San Maung

PS : ဘလော့ (Block)လုပ်ထားလို့ လင့်တွေကိုကြည့်လို့မရဘူး၊ Proxy တွေလဲ ကျော်လို့ခွလို့မရတော့ဘူး… Proxy အသစ်လေးများရှိရင် ဝေမျှပါဦးဆိုတဲ့ ညီအကို မောင်နှမ များအတွက် Admin ကိုချမ်းမြေ့က ကျွန်တော် တို့ရဲ့ Freedom From Fear Group နဲ့ သူ့ရဲ့ Account မှာ ကျော်လို့ရမဲ့ လိုင်းတွေ နေ့တိုင်းနီပါးတင်ပေး ပါမယ်…ဒီထဲက နည်းပညာ အကျွမ်းတဝင်ရှိသူများကိုလည်း ဖိတ်ခေါ်ပါတယ်…

Chan Myae

http://www.facebook.com/notes/chan-myae/17122010-proxy-sites-update/178929262126771

&

http://www.dawnmanhon.com/2010/12/blog-post_18.html

သတိပြုရမည့် Blink Hacker Group

Photobucket

Blink Hcker Group ရဲ့ဖိတ်စာဖတ်ပြီး ကတည်းက စိတ်ထဲမတင်မကျဖြစ်နေတာပါ။ DDOS နဲ့ တိုက်တယ်ဆိုကတည်းက တစ်နည်းအားဖြင့် ရာဇဝတ်မှု တစ်ခုကျူးလွန်တာပါ။ လုပ်တောင်မလုပ်ရသေးဖူး ရာဇဝတ်မှုကျူးလွန်မဲ့သူက ကျနော်တို့ လုပ်ပါတော့မယ် လိုက်ကြော်ငြာတာ ပုံမှန်မဟုတ်ပါဖူး။ ရိုးသားမှုမရှိဖူး လို့ မြင်ပါတယ်ဆိုတဲ့အကြောင်း Comment ပေးခဲ့ဖူးပါတယ်။ အခုတော့ ကျနော့ အထင်အမြင်ကို ပိုပြီးခိုင်မာလာအောင်လုပ်ပေးတဲ့ ပေးပို့လာသူ ကိုနေနိုင်သူအားကျေးဇူးတင်ရှိပါသည်။ အားလုံးသတိထားသင့်ပါတယ်။

Humanright-myanmar
http://www.humanright-myanmar.com/2010/12/blink-hcker-group.html

3 comments

  • bigcat

    December 18, 2010 at 4:42 am

    ကျေးဇူးပါ ကိုပေါက်ဖေါ်။ မသေချာရင်လည်း ဘာပြုလို့ ဧရာဝတီဘလော့က တင်ရတာလဲ။ အများက ဒီလိုထင်ရှားတဲ့ ဆိုက်တွေဘလော့တွေမျာ တင်ထားရင် စိတ်ချရတယ်လို့ ထင်ကြမှာပေါ့။
    နအဖအလိုတော်ရိ မီဒီယာတွေနဲ့ပတ်သက်လို့ ဖားမင်းဆွေလို လူတိုင်းအော့ကြောလန် ကလောင်မျိုးထက် အသိညဏ်ပိုရှိပုံရတဲ့ မြတ်ခိုင်တို့ မြန်မာအီးဂရက်က နေဝင်းမောင်တို့ကို သတိထား စောင့်ကြည့်ရမယ်။ အခုကထဲက အတိုက်အခံဖက်က သူတို့အကြောင်းကို စဖွင့်ချသင့်နေပြီ။

  • အာဖျံ ကွီး

    December 18, 2010 at 5:02 am

    ကျေးဇူးအထူးတင်ကြောင်းပါ ကိုပေါက်ဖေါ်ရေ
    သူများတော့ မသိဘူး အာဖျံကွီးတို.လို. ဟိုစပ်စပ် ဒီစပ်စပ်ပါချင်တဲ့သူတွေ အတွက်ကတော့ ok ပဲ။ ဟဲဟဲဟဲ

Leave a Reply