Laura Bush နဲ ့ Daw Su ဖုန်းဆက်သွယ်မှု

ဂ်စ္စူDecember 18, 20103min530

http://i.usatoday.net/communitymanager/_photos/the-oval/2010/12/17/laura-kyix-large.jpg

အမေရိကန် သမ္မတကတော်ဟောင်း လော်ရာ ဘုရှ် (Laura Bush) က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပထမဆုံးအကြိမ် အဖြစ်တယ်လီဖုန်းကတဆင့် တိုက်ရိုက်စကားပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သောကြာနေ့ မနက်ပိုင်းက တယ်လီဖုန်းကတဆင့် စကားပြောခွင့်ရခဲ့ချိန်မှာ၊ လူသားတွေ လွတ်လပ်ခွင့်အတွက် စေ့ဆော်ပေးနိုင်သူအဖြစ် ခိုင်မာပြီး ခွန်အားထက်သန်တဲ့ အသံကို ကြားရတဲ့အတွက် ဝမ်းမြောက်မိတဲ့အကြောင်း အမေရိကန် သမ္မတ ကတော်ဟောင်းက ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုခဲ့တာပါ။

လွတ်လပ်တဲ့ မြန်မာနိုင်ငံအဖြစ် ယုံကြည်မှုတွေ ရပ်တန့်မသွားသလို၊ မျှော်လင့်ချက်တွေလည်း ရှိနေဆဲဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး သူနဲ့ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ လွတ်မြောက်စေရေးအတွက် ဆက်လက် ကြိုးပမ်းနေတဲ့ အတွက်လည်း အားရမိတယ်လို့လည်း ဆိုပါတယ်။ တယ်လီဖုန်းစကားပြောဆိုမှုကိုတော့ ကြားဖြတ်နားထောင်နေပုံ ရတယ်လို့လည်း သမ္မတကတော်ဟောင်းက ပြောခဲ့တာပါ။

ဒါပေမဲ့လည်း နောက်တကြိမ်စကားပြောခွင့်ရဖို့၊ မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ကြောင်းလည်း အမေရိကန် သမ္မတ ကတော်ဟောင်း လော်ရာ ဘုရှ် က ပြောဆိုခဲ့ပါတယ်။ သမ္မတ ဘရက်ခ် အိုဘားမား အစိုးရကတော့ သမ္မတဟောင်း ဂျော့ဂျ် ဘုရှ် လက်ထက်က မူဝါဒတွေက ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်မယ့် မူဝါဒတွေနဲ့အတူ မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Voa

http://www.voanews.com/burmese/news/Laura-Bush-Burma-DASSK-12-17-10-112102344.html

WASHINGTON — Former US first lady Laura Bush said Friday she had spoken for the first time with Myanmar democracy leader Aung San Suu Kyi and called her an “inspiring champion for human freedom.”

“This morning I spoke for the first time with Daw Aung San Suu Kyi. I was heartened to hear the strong voice and enthusiasm of such an inspiring champion for human freedom,” Laura Bush said in a statement.

“She never lost hope or stopped believing in a free Burma. I am encouraged Daw Suu has been released and look forward to the day when she and the people of her beloved country live in freedom,” said Bush.

Suu Kyi, who spent 15 of the last 21 years locked up, was freed by Myanmar’s military rulers from her most recent seven-year stretch of detention on November 13.

US President Barack Obama’s administration launched a dialogue with Myanmar’s military rulers last year after concluding that Western attempts to isolate the regime had yielded little success.

But it has said it will only lift sanctions in return for progress on democracy and other concerns.

After years of espousing punitive steps against the ruling generals Suu Kyi has shown signs of softening her stance on the measures, although she has said little about the issue since her release.

Suu Kyi has welcomed the renewed US engagement with Myanmar but warned against “rose-colored glasses”, saying greater human rights and economic progress were still needed.

Her party won a 1990 election but was never allowed to take power.

AFP

http://www.google.com/hostednews/afp/article/ALeqM5iXfibbtZ7ImMwzlWvQGf_bXw5VjQ?docId=CNG.56ebdf0712e722f2c904a46ee1aa03d3.4a1