မဟာသင်္ကြန် နီးလာချိန် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးများ ပြောင်းလဲ

introApril 10, 20101min660

မဟာသင်္ကြန်နီးကပ်လာသည်နှင့်အမျှ ဈေးငြိမ်နေသော ဓာတ်ဆီ၊ ဒီဇယ်ဆီလက်ကားဈေးနှုန်းများ ပြောင်းလဲလာကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလ ၁ ရက်ဓာတ်ဆီ လက်ကားဈေးနှုန်းမှာ တစ်ဂါလန် ၃၂၀ဝ ကျပ်မှ ၃၅၀ဝ ကျပ်အတွင်း ဈေးနှုန်းရှိခဲ့ပြီး ဒီဇယ် တစ်ဂါလန်လျှင် ၃၀၀ဝ ကျပ် ဝန်း ကျင်ဈေးပေါက်ခဲ့ကြောင်း သိရသည်။ ဧပြီလ ၆ ရက် ဓာတ်ဆီလက်လီ ဈေးနှုန်းမှာ တစ်ဂါလန် ၄၀၀ဝ ကျပ်ထိ ဈေးနှုန်းရှိခဲ့ကာ ဒီဇယ် တစ်ဂါ လန်လျှင် ၃၅၀ဝ ကျပ်ဈေးပေါက်ခဲ့ကြောင်းဖြင့် ဒီဇယ်၊ ဓာတ်ဆီ ရောင်းဝယ်ရေးဈေးကွက်မှ စုံစမ်းသိရှိရသည်။ ဒီဇယ် လက်ကား ဈေးနှုန်းမှာ ဧပြီ လ ၁ ရက်တွင် ၅ဝ ဂါလန်ဝင် တစ်ပီပါလျှင် ၁၅၂၀၀ဝ နှင့် ၅၂ ဂါလန်ဝင် တစ်ပီပါလျှင် ၁၅၃၀၀ဝ ဈေးနှုန်းရှိခဲ့ပြီး ဧပြီလ ၆ ရက်တွင် ၅ဝ ဂါလန်ဝင် တစ်ပီပါ လျှင် ၁၅၅၀၀ဝ နှင့် ၅၂ ဂါလန်ဝင် တစ်ပီပါလျှင် ၁၅၈၀၀ဝ ဈေးပေါက်ခဲ့ကြောင်း ပုဇွန်တောင် အခြေစိုက် ပုဂ္ဂလိက ဒီဇယ် ရောင်းဝယ် ရေးမှ စုံစမ်းသိရှိရကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။