ပဲကြီးနှပ်

ပဲကြီးအခြောက်

တစ်ညရေစိမ်ပြီး အခွံချွတ်ထားပုံ

ဒါလဲပဲ တော်တော်လွယ်တဲ့ဟင်းတစ်မျိုးပဲ … ပဲကြီးကို တစ်ညရေစိမ်ထားလိုက်တယ် … ပွလာတော့မှ အခွံတွေ ခွာလို့ရပါတယ် … ပြီးတော့ အိုးထဲမှာ ဆီနဲနဲထည့် ကြက်သွန်နီနဲနဲဆီသတ်ပြီး ပဲကြီးထည့်ကြော်လိုက်တယ် .. ဆားနဲနဲထည့်ပြီး ရေနဲ့ နာရီဝက်လောက်ချက်ထားလိုက်ပြီး ရေခန်းတာနဲ့ စားလို့ရပါပြီ .. အရောင်လှချင်ရင် ဆီသတ်နေချိန်မှာ ဆနွင်းနဲနဲထည့်ရပါမယ် … ကြက်သွန်နီကြော်လုပ်ရတာအဆင်ပြေရင်တော့ ပဲကြီးချက်ပြီးပန်းကန်ထဲထည့်ပြီးချိန်မှာ အပေါ်ကဖြူးလိုက်ရင် လှပပြီး မွှေးသွားပါလိမ့်မယ် ..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....