ပဲကြီးနှပ် easy cook

weiweiDecember 19, 20101min26612
ပဲကြီးနှပ်
ပဲကြီးအခြောက်
တစ်ညရေစိမ်ပြီး အခွံချွတ်ထားပုံ

ဒါလဲပဲ တော်တော်လွယ်တဲ့ဟင်းတစ်မျိုးပဲ … ပဲကြီးကို တစ်ညရေစိမ်ထားလိုက်တယ် … ပွလာတော့မှ အခွံတွေ ခွာလို့ရပါတယ် … ပြီးတော့ အိုးထဲမှာ ဆီနဲနဲထည့် ကြက်သွန်နီနဲနဲဆီသတ်ပြီး ပဲကြီးထည့်ကြော်လိုက်တယ် .. ဆားနဲနဲထည့်ပြီး ရေနဲ့ နာရီဝက်လောက်ချက်ထားလိုက်ပြီး ရေခန်းတာနဲ့ စားလို့ရပါပြီ .. အရောင်လှချင်ရင် ဆီသတ်နေချိန်မှာ ဆနွင်းနဲနဲထည့်ရပါမယ် … ကြက်သွန်နီကြော်လုပ်ရတာအဆင်ပြေရင်တော့ ပဲကြီးချက်ပြီးပန်းကန်ထဲထည့်ပြီးချိန်မှာ အပေါ်ကဖြူးလိုက်ရင် လှပပြီး မွှေးသွားပါလိမ့်မယ် ..

12 comments

  • ကြယ်လေး

    December 19, 2010 at 6:44 am

    ပဲကြီး မြင်တော့ ဆူးပုတ် ကို သတိရတယ်(ဒေါ်ဆူး မဟုတ်) 😛

    ပဲကြီးတော့မကြာမကြာ တွေ.ရပေမဲ့ ဆူးပုတ် မမြင်ရ တာ ကြာပေါ့

  • weiwei

    December 19, 2010 at 7:05 am

    တရုတ်တွေက အဲဒီပဲကြီးကို အခွံမခွာပဲနဲ့ ဝက်အူမနဲ့ စွတ်ပြုတ်လိုမျိုး ချက်ကြတယ် … မြေအိုးနဲ့ချက်တဲ့စွတ်ပြုတ်ခပ်ကျဲကျဲလေး … တော်တော်အရသာရှိတယ် …

  • ဆူး

    December 19, 2010 at 1:08 pm

    ပဲကြီးနှပ် သိပ်သိပ်ကြိုက်.. ထမင်းဆိုင်မှာ ဟင်းဝယ်ရင်တောင် ပဲကြီးနှပ်နဲ့ ဝယ်စားတယ် အိမ်မှာတော့ မချက်ဖြစ်ဘူး အရင်ကတော့ အဖေရှိတော့ သားအဖ နှစ်ယောက် တူတူစားကြတာ အဖော်ရှိလို့.. အိမ်မှာတော့ တယောက်တည်း ချက်မစားဖြစ်ဘူး။ ဆုူးပုတ်က စားပြီး အိမ်သာနံတယ်။ အိမ်မှာလည်း ဆူးပုတ်မစားဘူး။ ဒီအတိုင်းကို ကြက်သွန်ဖြူ ဆီကျက်ကြွတ်ကြွတ်လေးနဲ့ စားတာ မွေးနေတာဘဲ။ အဖေတောင် သတိရလာပြီ။ 🙁

  • naywoonni

    December 20, 2010 at 6:07 am

    တို့ကတော့ ဆူးပုတ်လည်း ကြိုက်တယ် ပဲကြီးလဲကြိုက်တယ် ချက်တော့မချက်တတ်ဘူး ဆူးပုတ်ပေါင်းတာလေးပြောပြပါဦး

  • နွယ်ပင်

    December 20, 2010 at 6:15 am

    ပဲကြီးနှပ်ဆို အရမ်းကြိုက် နောက် ပဲကြီးနဲ့ ဆူးပုပ် ဟင်းချိုလေးဆိုလဲ ကြိုက်တာပဲ နောက်တစ်မျိုး ဆူးပုပ်နဲ့ ဘဲဥကြော်လဲ ကောင်းတာပဲ ….. 😛

  • ဆူး

    December 20, 2010 at 1:47 pm

    ဆူးပုတ် ဘဲဥကြော် ဆူးပုတ် မနုရင် ဝါးရခက်တယ်။ ဝါးလိုက် ထွေးလိုက်နဲ့.. အဆင်မပြေဘူး

  • kai

    December 20, 2010 at 9:51 pm

    အပုပ်နံ ဋီကာ

    ဆူးပုပ်ရွက်။ ငါးပုပ်ခြောက်။
    ဒညင်းသီး။ ငါးပိ၊
    ငံပြာရည်။ဒူးရင်းသီး၊
    မျစ်ချဉ်၊ ပုန်းရည်ကြီး
    ??
    ..
    ..

    • ဆူး

      December 21, 2010 at 1:21 pm

      အဲဒီ အပုတ် ဋီကာ တွေ အကုန်လုံးက အတက်စာတွေကြီးဘဲ.. သွေးတက်မယ်.. ဦးနှောက်သေ လေဖြတ်မှုကို အားပေးနိုင်တယ်။ အနီးစပ်ဆုံး လေးဘက်နာပိုးထ လို့.. အဆစ်အမြစ်တွေ ကိုက်ခဲ နိုင်ပါသည်။
      မှတ်ချက်.. ငါးပုတ်ခြောက်သည် ပင်လယ်ရေမှာ အပုတ်ပွအောင် လုပ်ပြီး နေလှမ်းတဲ့ အတွက် အငံ လွန်ကဲတတ်သည်။ ထို့ အတွက် သွေးတိုးနိုင်သည်။
      တခြားသော ငါးခြောက်များက ဆား အနည်းအများကို လိုက်ပြီး မငံတဲ့ အတွက်.. မဆိုလိုပါ။
      သတိသည် ပိုသည် မရှိ။
      စားတော့တလုပ် ခံတော့ တုန်းလုန်း..
      စားတုန်းခဏ ခံတော့ တဘဝ မဖြစ်ကြပါစေနဲ့။

  • char too lan

    December 21, 2010 at 5:42 am

    ပဲကြီး ပဲချက်ပြတဲ့ဟာ ဆူးပုတ်ကိုတောင်တွေးပီးသရေကျလိုက် ကြသေးတယ်နော် တော်ေတော်လဲတွေးတတ်တောတတ်ကြပါပေတယ် 🙂

  • nyimalay

    December 23, 2010 at 8:19 am

    ပဲကြီးနဲ့ ဆူးပုပ် ဟင်းချိုဆို ကြိုက်တယ်။ ဒူးရင်းသီး၊
    ဒညင်းသီးလည်း ကြိုက်တာပဲ။ဆူးပုပ်နဲ့ ဘဲဥကြော်လဲ ကောင်းတာပဲ …. 🙂

    စားချင်လာပြီ။ 😛

  • windtalker

    November 27, 2011 at 1:02 pm

    ဒီပဲကို အခွံမနွှာဘဲ ဆား၊ဆနွမ်း နဲ ့ဆီပြန်ချက်တာ လဲ ကောင်းတယ်ဗျ

Leave a Reply