ယဉ်ကျေးလိမ္မာတရားစခန်း

ဆူးDecember 19, 20101min801

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊
ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်ကြီး၌

ကျောင်းသား၊ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ-

*- Grade 10 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်ထိ၊*

*- တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေသူများအတွက် ဒီဇင်ဘာလ ၂၄ ရက်မှ ၂၆ ရက်ထိ၊*

*- Grade 8,9 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၂ရ ရက်မှ ၂၉ ရက်ထိ၊*

*- Grade 6,7 ကျောင်းသား၊ကျောင်းသူများအတွက် ဒီဇင်ဘာလ ၃ဝ ရက်မှ ၂၀၁၁ ခုနှစ်
ဇန်နဝါရီလ ၁ ရက်ထိ၊*

*- Grade 4,5 ကျောင်းသား၊ကျောင်းသူများအတွက် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်မှ ၄
ရက်ထိ၊*

* ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၁ နာရီ အရောက်
လာကြရမည်ဖြစ်သည်။*

တရားစခန်းသို့ ဝင်ရောက်လိုသူများသည် အောက်ဖော်ပြပါ E-mail လိပ်စာများသို့

*- မိမိ၏ ပညာအရည်အချင်း ၊ အမည် ၊ မိဘမည် ၊ နေရပ်လိပ်စာ နှင့် E-mail လိပ်စာ
တို့ကို အင်္ဂလိပ် လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်သည်။*

1) Grade 10 ကျောင်းသား၊ကျောင်းသူများအတွက် dmdtgrade10@gmail.com

2) တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေသူများအတွက် dmdtuni@gmail.com

3) Grade 8,9 ကျောင်းသား၊ကျောင်းသူများအတွက် dmdtgrade89@gmail.com

4) Grade 6,7 ကျောင်းသား၊ကျောင်းသူများအတွက် dmdtgrade67@gmail.com

5) Grade 4,5 ကျောင်းသား၊ကျောင်းသူများအတွက် dmdtgrade45@gmail.com

*လက်ခံနိုင်သည့်အရေအတွက်ထက် ပိုမိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့်
ရွေးချယ်လက်ခံပါမည်။*

*ဝင်ခွင့်ရသူများစာရင်းကို တရားစခန်းဝင်ရောက်ရမည့် ရက်မတိုင်မီ
အကြောင်းပြန်ပါမည်။*

*ဝင်ခွင့်ရများသည် ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံ နှင့် ကျောင်းသားကဒ် (သို့)
မှတ်ပုံတင်မိတ္တူ (၁) စောင်စီ ယူဆောင်လာကြရန်ဖြစ်သည်။*

One comment

  • search123

    December 20, 2010 at 3:20 am

    ဓမ္မဒူတ ဆရာတော်ရဲ့ သင်တန်း က တစ်ကယ်အကျိုးရှိပြီး၊တစ်ကယ်ကောင်းတဲ့ သင်တန်းပါ။
    သင်တန်းတက်ပြီးသွားရင် အကောင်းဘက်ကမြင်တတ်တဲ့စိတ်ဓါတ် နဲ့
    ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာပါတယ်။
    လူငယ် တိုင်းအတွက် တန်ဖိုးရှိတဲ့ သင်တန်းပါ။တက်သင့်ပါတယ်။

Leave a Reply