အကြွေရှားပါးမှုပြသနာ
ပိစိကွေးတို့ မြို့နယ်မှာ စတိုးဆိုင်တစ်ခုရှိတယ် ။
…..အကြွေရှားပါးနေသောကြောင့် ပြန်အမ်းသော ဟောင်းနွမ်းငွေစက္ကူများနှင့်
အစားထိုးပစ္စည်းများကို လက်ခံပေးပါရန်………ဆိုပြီးရေးထားတယ်လေ ။
တစ်ခါလာလဲ ကော်ဖီမစ် တစ်ခါလာလဲ သကြားလုံး အမ်းတယ် ။ အဲဒီကော်ဖီမစ်တွေ
သကြားလုံးတွေနဲ့ ပြန်ဝယ်ရင်လဲ လက်ခံပေးတယ် ။
၁၀၀ ဖိုးအမ်းတာနဲ့ ကိုယ်က ၂၀ နစ်နာပြီလေ ။ ပြီးတော့ ဘယ်သူမှ
ပိုက်ဆံအိတ်ထဲ ထည့်သိမ်းထားတာမဟုတ်တော့ အလကားဖြစ်ကုန်ရော ။ ၁၀၀မှာ
၂၀လောက်ကပဲ အဲ့ဒီဟာတွေနဲ့ ပစ္စည်း ပြန်ဝယ်တာလေ ။အဲ့ဒီတော့ ကိုယ်က
ပြန်စားရအောင် ကော်ဖီမစ် အထုပ်ကြီး တစ်ထုပ်ဝယ်တယ် ။
နောက် ……၀ယ်တိုင်း အဲဒီ ကော်ဖီမစ် ၁၀ထုပ် ၁၅ထုပ်ပေးပြီး ၀ယ်ရော ။
ဟဲဟဲ … ၁၀၀၀ ဖိုးဝယ်ရင် ၂၀၀ သက်သာတယ်လေ ။
ကြာလာတော့ အငြင်းအခုံတွေဖြစ်ရော ။ သူအမ်းတာ အဲဒီကော်ဖီမစ်မဟုတ်ဘူး
။အဲလောက်မများဘူးဆိုပြီး လက်မခံချင်တော့ဘူး ။
ဟေး …….နင်တို့ အမ်းတုန်းက ဘယ်သူ့ကို ဘယ်နထုပ်အမ်းပါတယ်လို့
မှတ်တမ်းလုပ်ထားလား။ နင်တို့က ၁၀၀ လို့သတ်မှတ်ပြီး အမ်းမှတော့
ပြန်ယူရင်လဲ အမြဲတမ်း ၁၀၀ ပဲပေါ့ဟ ။ လက်မခံချင်ရင် အစထဲက အဲလိုမအမ်းနဲ့လေ
….
ပြဿနာက တော်တော်ကြီးတယ် ။ ဘယ်လိုရှင်းကြမလဲပြောကြပါအုံး
(ဘယ်လိုရှင်းကြမလဲပြောကြပါအုံး) ပိစိကွေးလေးရယ် အေးအေးဆေးဆေး နေပါရစေ သူတို့ပြဿနာထဲဆွဲမခေါ်ပါနဲ့ ရယ်တော့ရယ်စရာအကောင်းသား…
Was this answer helpful?
LikeDislikeဟုတ်ပါ့ပိစိကွေးလေးရေ …။ ရန်ကုန်မြို့လည်က ရှောပင်း စင်တာကြီးတွေမှာတောင် အဲ့ဒီလိုလုပ်နေသေးတယ် … ။ ဗိုလ်အောင်ကျော်လမ်းက BAK ရှိတဲ့ စိန်ဂေဟာ ဆိုရင်လေ … တစ်ရာတန်ကို ကူပွန်လို စာရွက်လေးအမ်းတယ် … အဲ့ဒါက ပါးလှပ်နေတာပဲ ..သူတို့ ဆိုင်က လွဲလို့ တခြားမှာ ဒီစာရွက်က ပြန်သုံးလို့မရဘူးလေ .. နှစ်ခါသုံးခါရှိပြီ ကြေမွတွန့်လိမ်ပြီး စုတ်ပြဲကုန်တာ … ကဲ … သူတို့က ပိုက်ဆံကို စာရွက်နဲ့ လဲခဲ့တယ် လေ… ။
Was this answer helpful?
LikeDislikeအဲဒိ ကိစ္စကတော်တော် ဆိုးတယ်။ ဒါပေမဲ့ ဈေးသည်က သူအမ်းလိုက်တဲ့ ပစ္စည်းနဲ့ ပြန်ဝယ်ခွင့်ပေးထားပြီပဲ သူဘက်က မလွန်ဘူးလို့ထင်ပါတယ်..။ တစ်ချို့ဆို အပြင်ရောက်သွားပြီးရင် လက်မခံတော့ဘူး အမ်းတာမဟုတ်ဘူး အကြွေမရှိလို့ ၀ယ်ခိုင်းတာ လို့တောင်အပြောခံရသေးတယ် ။ မြန်မာတွေ စည်းကမ်းပျက်တာ လူသိတယ်နော် စည်းကမ်းပျက်တာမဟုတ်ဘူး အားမနာတမ်း ပြောရရင် စာရိတ္တ ပျက်တာ အဲဒါကျတော့ ကိုယ်ကအသာစီးရရင် ပြီးရောဆိုပြီး သက်သက် ညစ်ပတ်တာ ပြောပြန်ရင်လည်းစိတ်ဆိုးကြဦးမယ် ဒီမိုး ဒီလေ ဒီလူတွေနဲ့တော့ တို့လှေကြီး တစ်ဘက်ကမ်းရောက်နိုင်ပါဦးမလား စနစ်ကိုပြောင်းနေတာထက် လူတွေရဲ့ အကျင့်စာရိတ္တကို ပြောင်းပေးဖို့ ပိုပြီးတာဝန်ရှိနေပြီ အင်းလေ တာဝန်ရှိတဲ့သူတွေက ဒိထက်ပိုဆိုးနေတော့ အိုးးးးးးးးး မပြောချင်တော့ပါဘူး ရွာထဲကအချောဆုံး ပိစိကွေးလေးရေ
Was this answer helpful?
LikeDislikeဟိုတစ်နေ့က ဆေးသွားဝယ်တာ၊ ဆေးဆိုင်မှာ လူကြီးတစ်ယောက်က ဆိုင်ရှင်တွေကို တရားဟောတာ ကြုံခဲ့ရတယ်၊ ဆိုင်က တစ်ရာအမ်းစရာ မရှိတော့ ချိုချဉ်အမ်းလိုက်တာ၊ အဲဒီလူကြီးက တစ်ကယ်လို့ လူတစ်ယောက်က အဲဒီ တစ်ရာရမှ တစ်ခြားပစ္စည်းတစ်ခု ၀ယ်လို့ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီး ပြန်မေးနေတာ၊ ဆိုင်ရှင်တော့ တော်တော်စိတ်ညစ်နေတာ တွေ့ခဲ့တယ်…:)
Was this answer helpful?
LikeDislike‘ရွာထဲကအချောဆုံး ပိစိကွေးလေးရေ’
သဘောကျလို့ Like ပေးခဲ့ပါတယ် ;)
ပေးလို့ ရ မရ တော့ မသိဘူး………..
Was this answer helpful?
LikeDislikeတော်တော်ကိုရီရတယ် ဟုတ်ပြီ ရပ်ကွက်ထဲကဆိုင်မှာလဲ အဲလိုလုပ်ကြည့်ဦးမှ ရန်ဖြစ်ရင် ကိုပိစိကွေးလေး စစ်ကူလာခေါ်မယ်နော်
Was this answer helpful?
LikeDislikeနီလေးကလည်း ပိစိကွေးလေးက ကိုပိစိကွေးလေးမဟုတ်ပါဘူး…………..မပိစိကွေးလေးပါ…….. နောက်ဆိုမမှားစေနဲ့နော်……..ဟိ..ဟိ(ရယ်သံ)
Was this answer helpful?
LikeDislike