ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေမည်

ဂ်စ္စူDecember 19, 20101min22119
w61202

ရန်ကုန်မြို့၏ ညရှုခင်းကို ဒီဇင်ဘာလ ၁ရ ရက်နေ့က တွေ့ရစဉ်

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အသစ် ဖွင့်လှစ်လိုက်သည့် ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ ရေအားလျှပ်စစ်များ ရန်ကုန်သို့ ရရှိလာမှု အပြင် အခြား ရေအားလျှပ်စစ် လုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား ပုံမှန် ထုတ်ယူနိုင်မှုကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို စတင်မည် မဟုတ်ဘဲ ယခုအတိုင်း ဆက်လက် မီးပေးဝေသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ အလှည့်ကျ ဓာတ်အားပေးစနစ်ကို ယခင်နှစ်များက မိုးအကုန် ကာလဖြစ်သည့် နိုဝင်ဘာလ ဝန်းကျင်တွင် စတင်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းမှ ရေအားလျှပ်စစ် ထုတ်လုပ်လာနိုင်မှု အပြင် မိုးကုန်ကာလ ဖြစ်သော်လည်း ရေအားလျှပ်စစ် လုပ်ငန်း အချို့မှ လျှပ်စစ်ဓာတ်အား ပုံမှန်အတိုင်း ဆက်လက် ထုတ်လုပ်နိုင်မှုကြောင့် ယခုနှစ်တွင်မူ ရန်ကုန်မြို့၌ အလှည့်ကျ မီးပေးစနစ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ သာ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ ပြန်လည် စတင်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။


တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်


”ဒီနှစ်မှာ ရဲရွာက လျှပ်စစ် စပြီး ထုတ်လာနိုင်ပါတယ်။ ပြီးတော့ တခြား ရေအားလျှပ်စစ် လုပ်ငန်းတွေအပြင် သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ ဓာတ်အားပေး စက်ရုံတွေကပါ ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားကို ထုတ်ယူနေတဲ့ အတွက် ဒီနှစ်မှာ လျှပ်စစ်မီး ဆက်ပေးနေတာ ဖြစ်ပါတယ်။ ရေအားလျှပ်စစ်ကလည်း အခြေအနေ ကောင်းနေတဲ့ အတွက် လက်ရှိ ပုံစံအတိုင်း လျှပ်စစ်မီးကို ၂၄ နာရီ ဆက်ပေးနိုင်အောင် စီစဉ်နေပါတယ်။ ရေအားလျှပ်စစ်အပေါ် မူတည်ပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်အချို့၌ ယခုလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု အချို့ ဖြစ်ပေါ်ခဲ့ရခြင်းမှာ အလှည့်ကျ မီးပေးမှု စနစ် ပြန်လည် စတင်ခြင်းကြောင့် မဟုတ်ဘဲ ဓာတ်အားလိုင်းအချို့ ပျက်စီးခြင်း၊ မြေအောက်ကြိုး အချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း၊ မကြာမီ လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်စဉ်များ နည်းပါးသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နေ့စဉ် လျှပ်စစ်ဓာတ်အား ပမာဏ ၅၀ဝ မဂ္ဂါဝပ်ကို သုံးစွဲလျက် ရှိကြောင်း၊ ရန်ကုန်တွင် ဖြန့်ဝေနေသည့် လျှပ်စစ်ဓာတ်အားများမှာ မဟာဓာတ်အားလိုင်းသို့ စီးဝင်လာသည့် လောပိတ၊ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်း၊ မုန်းနှင့် သဖန်းဆိပ် ရေအားလျှပ်စစ်များမှ ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတွက် နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ မဂ္ဂါဝပ် ၁၁၀ဝ မှ ၁၂၀ဝ ကြား ရှိပြီး လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ အဓိက ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ၁၅ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၁၅ ရုံ စုစုပေါင်း ဓာတ်အားပေး စက်ရုံ ၃၁ ရုံမှ စုစုပေါင်း မဂ္ဂါဝပ် ၃၀၄၅ ကို ထုတ်လုပ် နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၂၀၀၉ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို ဒီဇင်ဘာလမှ စတင်ကာ ၂၀၁ဝ ပြည့်နှစ် ဇွန်လအထိ ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အလှည့်ကျ မီးပေးမှု ပုံစံကို နိုဝင်ဘာလမှ စတင်ကာ ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်း အထိ ပြုလုပ်ခဲ့သည်။ ၂၀၀ရ ခုနှစ်တွင် နိုဝင်ဘာလမှ စတင်ကာ ဇွန်လပိုင်းကုန် အထိ အလှည့်ကျ မီးပေးဝေခဲ့ကြောင်း သိရသည်။

Eleven Media Group

http://www.news-eleven.com/index.php?option=com_content&view=article&id=6376:2010-12-19-07-03-25&catid=43:2009-11-10-07-39-09&Itemid=111

19 comments

  • weiwei

    December 19, 2010 at 2:27 pm

    သတင်းကောင်းတစ်ခုပဲ .. ကြားရတာ ဝမ်းသာစရာပဲ …

  • unclegyi1974

    December 19, 2010 at 4:07 pm

    ပေါက်ဖော်ရေ သုံးစွဲမှုက ၁၁၀ဝ နဲ့၁၂၀ဝ ကြား
    ထုတ်လုပ်မှုက ၃၀၄၅ ပိုတာတွေနှမျှောစရာကြီး
    ပါလား စက်မှုလုပ်ငန်းရှင်များလုပ်ငန်းများ
    အမြန်တိုးချဲ့ကြပါကုန်လော

  • sainktgi

    December 19, 2010 at 4:28 pm

    ဟုတ်ပဗျာ…ထုတ်နိုင်တာက ၃၀၄၅ MW။ သုံးတာက ၁၁၀၀၊ ၁၂၀ဝ MW ဆိုတော့ တဝက်ကျော်တောင်ပိုပါသေးသဗျာ။ အဲဒါတွေ ဘယ်ရောက်သွားသလဲဆိုတာစိတ်ဝင်စားစရာပါ။ ဒါပေမယ့် ပိုတယ်လို ့တော့မပြောထားဘူးဗျ။ ကြည့်ရတာ ရောင်းစားလို ့တောင် မလောက်ပုံရပါတယ်။ ပြည်သူတွေမှာသာ မလာတလှည့်၊ ပျက်တလှည့်သံသရာထဲ ဘယ်တော့ပြန်ေရောက်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရမှာအမှန်ပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2010 at 2:45 am

    ကျွန်တော့်အမြင်ကတော့
    ဒီကိစ္စတွေကို ဖန်တီးထားတဲ့မူရင်း အကြောင်းကိုလိုက်ပြီးတော့ပြောမှကိုရမယ်ထင်တယ်
    ဆိုလိုတာက ဈေးရောင်းစားတဲ့လိုပေါ့ ပိုက်ဆံလည်းရ ကိုယ်လည်းစားရ ပုံစံမျိုးပေါ့နော
    ဆိုးနေတာက နေတဲ့အိမ်ကို ပေါင်နှံပြီး ဈေးရောင်းထားသလိုတော့ဖြစ်နေတယ်လေ နောက်ပြီးစာရင်းဇယားလည်းမရှိပြန်ဘူး
    သိမ်းချင်တာကိုသိမ်း ဖျက်ခြင်တာကိုဖျက် ဆုံးရှုံးသွားသူတွေတော့ မျက်ရည်ကျလို ့ကောင်းနေတုန်းဘဲ
    နောက် ခုဟာက ဒီအခြေနေထဲမှာတော့ ရောင်းတာနဲ ့ပြည်တွင်းဖြန် ့ဝေတာကိုတော့ မဖြစ်မနေ မျှတအောင်ကို သူတို ့လုပ်မှာဘဲ
    ထိမ်းချုပ်တာကိုတော့ သူတို ့ကိုင်ထားမှာပေါ့
    ဒါပေမယ့် တစ်ကယ့် အသွားအပြန်စားဘဲဗျို ့
    ကျုပ်တို ့ပြည်ထဲမှာ လိုအပ်တဲ့လျှပ်စစ်ပစ္စည်းတွေတွက် ကတော့ လာထား မိတ်အင်တရုပ်ပစ္စည်းဘဲ
    ပြည်တွင်းထုပ်လုပ်မှုကို ဘယ်လို အခွင့်ရေးပေးမယ်ဆိုတာက တစ်မျိုးသွားဦးမှာလေ
    ဘာဖြစ်ဖြစ် ဒီလိုစတင်လည်ပတ်တဲ့ချိန်မှာတော့ ခင်ဗျားတို ့မြို ့ပြတွေအတွက်တော့ မီးလင်းလိမ့်မယ်(ကျုပ်တို ့ကျေးရွာတွေမပါ)
    ဒါကဒီလိုလေ ဘိန်းမုန် ့ဖုတ်ရောင်းတဲ့အခါ နမူနာကို ကိုယ်ပြန်စားကြည့်ရတယ်လေ
    ကောင်းလားဆိုးလားပေါ့
    အဆင်ပြေပြီ ကောင်းတယ်ဆိုရင်တော့………………………….
    (ဆက်ရန်)

    • ဆူး

      December 20, 2010 at 2:03 pm

      မုန့်သည်မသား မုန့်နားစား စကားပုံလေး သတိရမိတယ်။

  • pan pan

    December 20, 2010 at 3:11 am

    ဒီရက်အတွင်း မနက်ခင်းစောစောဆို မီးပျက်ပျက်သွားတတ်လို့ အလှည့်ကျပေးတော့မယ်ထင်နေတာ။ ခုပုံမှန်အတိုင်းပေးမယ်ဆိုတော့ ဝမ်းသာစရာပဲ။ အဲဒီအတိုင်းဖြစ်ပါစေ။

  • search123

    December 20, 2010 at 3:15 am

    အရင်ထက်စာရင်တော့ အများကြီးကောင်းလာပါပြီ။
    ဝမ်းသာစရာ သတင်းပါ။

  • နွယ်ပင်

    December 20, 2010 at 3:23 am

    အခုနောက်ပိုင်း မီးက ခဏတဖြုတ်ပျက်သွားတက်ပင်မဲ့ အရင်လို အချိန်အကြာကြီး မပျက်တော့ဘူး အခုဒီသတင်းကြားရတာ ဝမ်းသာစရာပဲ …

  • Mie_Mie

    December 20, 2010 at 3:32 am

    မီးပုံမှန်လာပေးတာကောင်းပါတယ်။
    မီးခဏခဏပျက်လို့ ဖြစ်ပေါ်တတ်တဲ့ ပေါ့ဆမီးဘေးကလဲ လွတ်ကင်းနိုင်ကြပါစေ။

  • intro

    December 20, 2010 at 10:47 am

    မီးမှန်မှန်လာမယ်ဆိုရင်တော့ အားလုံးလဲ စိတ်ချမ်းသာစရာပဲဗျာ.. ဝမ်းသာရမှာပေါ့၊ ရိုက်ထားတဲ့ပုံကတော့ အိုလံပစ်တာဝါပေါ်ကနဲ့ တူတယ်… ဒီလိုကျတော့လဲ မီးထိန်ထိန်နဲ့ ငါတို့ မြို့ကြီးက တော်တော်ကြည့်လို့ ကောင်းနေတာပဲ…

  • nyimalay

    December 21, 2010 at 4:46 am

    မီးမှန်မှန်လာမယ်ဆိုရင်တော့ စိတ်ချမ်းသာစရာပဲ….

    တဝက်ကျော်ပိုတာ ဘယ်ရောက်ရောက်ပါ…. မီးမှန်မှန်လာမယ်ဆိုရင်ကို ဝမ်းသာပါ တယ်။

    🙂 🙂 🙂 🙂

    Thanks for good information

  • moethidasoe

    December 21, 2010 at 6:51 am

    မီးမှန်ချင်သလား .. မီတာခ တက်လိုက်မှာနော် .. ဘာမှတ်နေသလဲ

  • PaukPhaw

    December 21, 2010 at 10:19 am

    မီးမှန်မယ်ဆိုပြီး တင်သာတင်ရတာ ခပ်လန် ့လန် ့ပါပဲ..
    EPC ့က သိပ်ယုံရတာမဟုတ်ဘူး
    ခဏခဏ ပျက်နေရင် တင်တဲ့သူ အဆဲခံရမှာ..:D
    တော်တေးတယ်ဂျ..
    ပျက်တာ သိပ်မရှိတော့ဘူး မိုလို ့..

  • winkyawaung

    December 21, 2010 at 4:23 pm

    ကျွန်တော်တို့နယ်တွေကိုလည်း အဲသလိုသာ ဖြစ်ကြပါစေလို့ ဆုတောင်းနေရပါတယ်..။

  • နီလေး

    December 22, 2010 at 10:30 am

    ကျုပ်တို့နေတဲ့မြို့မှာမီးမှန်မှန်လာလို့အဆင်ကိုပြေလို့ပဲ။

  • နီလေး

    December 22, 2010 at 10:34 am

    ဒါပေမယ့်ခက်တာက မီတာခဈေးကြီးနေလို့သိပ်မသုံးရဲကြဘူးလေ

  • nyimalay

    December 22, 2010 at 12:55 pm

    ဘယ်မှာလဲ………ဘယ်မှာလဲ။ ဒီပိုစ့်တင်တဲ့နေမှာပဲ လှည်းတန်းမှာမီးမလာတော့ဘူး…………..21 ရက်နေ့ နေ့လယ်တစ်နာရီလောက်ကစပျက်သွားတာ 22 ရက်နေ့ ည8နာရီထိပြန်ကိုမလာသေးဘူး………….. 🙁
    ဦးပေါက်ဖော်ကြီးနော် အဲ့ဒါဦးပေါက်ဖော်ကြီးကြောင့် 😛

    • PaukPhaw

      December 22, 2010 at 1:03 pm

      ဓာတ်ပုံထဲမှာ လာဒယ်လေဂျာ

  • nyimalay

    December 22, 2010 at 1:59 pm

    ဓာတ်ပုံထဲမှာမလိုချင်ပါဘူး………… အပြင်မှာတကယ်လာစေချင်တာ……….. EPC ကိုသွားပြောပေး ……. 😛

Leave a Reply