ကြောင်ရေချိုးခိုင်းမယ်

ဆူးDecember 19, 20101min20112

ဘကြီးပု ပြောလို့ ကြောင်ရေချိုးပေးဖို့ သတိရသွားလို့.. ကြောင်ရေချိုးပေးလိုက်တယ်။ ဆောင်းတွင်းအေးအေး.. ကြောင်ကလေး ဇိမ်တော့ တော်တော် ကျမှာဘဲ။
ညစ်ညစ်ပတ်ပတ် ကြောင်ကလေး
ကန်ထဲမှာ ထည့်လိုက်မယ်
ရေလောင်းပေးလိုက်မယ်
ထွက်ပြေးလို့ လွတ်မှာလား
ဒီလိုလုပ်လို့ရမလား ကွ
ဂျီးပြောင်သွားလို့ အရောင်ဖြူလာပြီ
အရောင်ပြောင်းပေးလိုက်တာ သဘောမကျဘူးလား
 သနားကမားနဲ့ မကြည့်နဲ့..
ပေကပ်ကပ် မလုပ်နဲ့.. နောက်တရေ ချိုးပြီးရင် လှသွားမယ်
အရောင်တော်တော် လှသွားပြီ။
နတ်ရေကန်ထဲက တက်လာသလို ကြောင် ရေချိုးပေးလိုက်တာ နုငယ်သွားပါ၏

12 comments

  • ဆူး

    December 19, 2010 at 3:24 pm

    ဦးကြောင်ကြီးရေ စိတ်မဆိုးနဲ့နော်.. နံမည်တူ အမျိုးကွဲ ကြောင်တွေကို ရေချိုးပေးတာ။

  • kopauk mandalay

    December 19, 2010 at 3:33 pm

    တော်ကြာ ကိုကိုကြောင်က အစားထိုးပြီး စိတ်ကူးတွေယဉ်နေရင်တော့ ဆူးမမရေ
    ဒန် ဒန် ဒန်………………………………………………………..

  • naywoonni

    December 19, 2010 at 3:51 pm

    ဆောင်းတွင်းကြီးနော် ကြောင်ရေချိုးပေးလို့ ဂန့်သွားမှဖြင့်ကွယ်
    ကြောင်တွေကရေမချိုးဖူး ဆူးမရဲ့ ဒီလိုဆောင်းတွင်းဆိုရင် ပိုပြီးလို့တောင်မချိုးသေးတယ်

  • ဆူး

    December 19, 2010 at 3:59 pm

    ကြောင်ရေ မချိုးတာ သိပါ၏။ သူငယ်ချင်းက ကြောင်ရေချိုးပေးရင် ဘယ်လို နေမလဲ သိချင်လိုက်တာ ဆိုပြီး လက်တည့်စမ်း ရေချိုးပေးလိုက်တာ ကြောင်က သူ့သခင်တောင် သူကုတ်တယ် လို့ ပြောတယ်။

  • weiwei

    December 19, 2010 at 4:15 pm

    ကြောင်တွေက သူ့လျှာနဲ့သူလျှက်ပြီး သန့်အောင်လုပ်တယ်လေ … တစ်ခါတုန်းက အိမ်ကကြောင်ကြီး မြောင်းပုတ်ထဲပြုတ်ကျတုန်းကတော့ သနားလို့ ရေချိုးပေးဖူးတယ် … သူသန့်သွားတော့ ကျေးဇူးတင်တဲ့မျက်လုံးနဲ့ ကြည့်တယ် … 🙂
    ကြောင်းအထီးနဲ့ အမကို သေချာလေ့လာကြည့်တော့ အမတွေက ပိုသန့်ပြီး အထီးတွေက ညစ်ပတ်တယ် … ကြောင်ထီးတွေက အပျင်းကြီးတော့ သူတို့ကိုယ်သူတို့ ရေမချိုးချင်ကြဘူး …

  • bigcat

    December 19, 2010 at 9:43 pm

    ကျနော်လည်း ကြောင်ရေချိုးပေးဖူးတယ်။ ကြောင်ကိုယ်ထဲက အပူငွေ့တွေ ဟီးကနဲထလာတာ သတိထားမိခဲ့တယ်။ အခန့်မသင့်ရင် ကြောင်သေနိုင်တယ် ဆိုလားပဲ။

  • pan pan

    December 20, 2010 at 3:40 am

    အလုပ်မရှိကြောင်သန်းရှာ ဆိုတဲ့ စကားတော့ကြားဖူးတယ်။ ခုကြောင်ရေချိုးတယ်ဆိုတော့ ဘယ်လိုခေါ်လဲဟင်။ ကြောင်မချစ်တတ်ပေမယ့် ဘာပဲပြောပြော ပုံတွေကြည့်ပြီး ကြောင်လေးတွေတောင် သနားလာပြီ။ ခမျာ လူလုပ်သမျှ ခံရရှာတယ်။ 🙁

  • char too lan

    December 20, 2010 at 10:22 am

    ဪ~~ဒီဇင်ဘာလကြီးမိုးရွာတာ ဆြာဆူးကြောင့်ကိုးးးးးးး
    ကြောင်ကိုပိ်ုးစိုးပက်စက်နှိပ်စက်နေလိုက်တာ ကိုချင်းမချာဘူး တော်ပီတီတီချူးကိုရှစ်တော့ဝူး 🙁

  • kopauk mandalay

    December 20, 2010 at 11:31 am

    (အမတွေက ပိုသန့်ပြီး အထီးတွေက ညစ်ပတ်တယ် … ကြောင်ထီးတွေက အပျင်းကြီးတော့ သူတို့ကိုယ်သူတို့ ရေမချိုးချင်ကြဘူး …)

    ဒါကြောင့်နေမှာ တစ်ခါတုန်းက ယောက်ျားတွေကိုရေချိုးပေးတဲ့ ရေချိုးခန်းတွေပေါ်လာဘူးတာဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2010 at 3:45 pm

    ဟို မမတစ်ယောက်က ကြိုးတစ်ချောင်း ဘောင်းဘောင်းတိုလေးနဲ ့
    ကြောင်မျက်ပြူးလေးသာ မကွယ်နေရင် တော့ ဂလု (တံတွေးမျိုချသံ) x အခါတစ်ရာ

  • ဆူး

    December 20, 2010 at 4:12 pm

    ကြောင် ရေချိုးလို့ အေးတာက တမျိုး.. အမြင်တွေ မှုန်ဝါးပြီး တံတွေးမြိုရတာ တမျိုးနဲ့.. လေ နင် ပြီး သေနိုင်တယ်။ လျှာပွတ်ဆေးနဲ့ နှာနပ်ပေးလိုက်မှ ဖြစ်မယ်။

Leave a Reply