တကျွန်းပျောက်သွားခြင်း

kaiApril 11, 20103min926

ဟုတ်ပါတယ် ကျွန်းတကျွန်းပျောက်သွားတာပါ။ သတင်းက တပါတ်ကျော်လောက်တော့ရှိနေပါပြီ။ ဒါပေမဲ့ ဒီနေ့ တိုမ်းမဂ္ဂဇင်းလှန်ရင်း ထပ်တွေ့လို့သတိရပြီး တင်လိုက်တာဖြစ်ပါတယ်။
နေရာက ဘင်္ဂလားပင်လယ်အော်နားဆိုတော့..“ဟ..ဒါမြန်မာပြည်နဲ့ နီးတာပဲ”ဆိုပြီး သေချာ ကြည့်မိတာပါ။

ကျွန်းက ပိစိညှေက်တောက်ကလေးပေါ့။ ၁.၄ စကွဲယားမိုင်တော့ရှိပါတယ်။ အဲဒီကျွန်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေရှ် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေတာ နှစ်၃ဝ လောက်ရှိနေပါပြီတဲ့။ နောက်ဆုံးတော့ ဂလိုဘယ်ဝမ်းမင်းဆိုတဲ့ “ကမ္ဘာပူနွေးလာမှုကြီး”က အနိုင်ယူသွားတယ်ပဲ ဆိုကြပါစို ့..။ ပင်လယ်ရေတွေမြင့်လာလို ့ရေအောက်ရောက်သွားတယ် ပြောကြလို့ပါ။
ကျွန်းနာမယ်က New Moore Island ဖြစ်ပါတယ်။

သဘောက ပင်လယ်ရေမျက်နှာပြင်တွေ တကယ်ကို မြင့်တက်လာနေတာလို့ ညွှန်းနေပြီး တကယ်တန်း အာတိတ်ဖက်က ရေခဲတောင်တွေ ပျော်ကျလာရင် မြန်မာပြည် ဧရာဝတီတိုင်းတို ့၊ ရန်ကုန်တို့တတွေလည်း မချောင်ပါ..။(အဲဒါကြောင့် သူတို့တတွေ အပေါ်ဖက်ကိုပြေးကြတာကိုး..)
တွက်နေကြတာတော့ နောက်အနှစ်၅၀-၁၀ဝ အတွင်းပါပဲသတဲ့လေ..။ ပင်လယ်ရေက ၃ပေကျော်လောက်ထပ်တက်မယ် ဆိုပါတယ်။
အဲဒီအချိန် ကျုပ်တို့တော ့သေနှင့်ပြီဗျို ့..။ကျန်မဲ့သူတွေ ကြည့်ကြက်လုပ်ကြပေါ့နော..လို့ မပြောထွက်ပါဘူး။
ကမ္ဘာကြီး ပိုပိုမပူလာအောင် ဘာလုပ်ပေးရမှန်းလည်းမသိပါဘူး။ စိတ်ချရအောင် ရေခဲသေတ္တာကို တခါးဖွင့်ပြီး အိပ်ပေးမလားစဉ်းစားနေပါတယ်။

Disappearance

In March 2010, Sugata Hazra of the School of Oceanographic Studies at Jadavpur University, Kolkatta, India, said that the island had disappeared and that sea level rise caused by climate change was a factor.[9] He said that sea level rise, changes in monsoonal rain patterns which altered river flows, and land subsidence were all contributing to the inundation of land in the northern Bay of Bengal.[9] Hazra said that a lot of other islands in the Indian Sundarbans region are eroding very fast.[9] The United Nations Intergovernmental Panel on Climate Change has estimated that 17 percent of Bangladesh will be submerged under water by 2050, if sea levels rise by 3.3 feet due to climate change.[3]

Hazra said that due to global warming, temperatures in the Bay of Bengal area have been rising at an annual rate of 0.4 degrees Celsius and in the 2000-2009 decade, sea water level rose at a rate of 5 mm a year.[10] India is preparing to send a study team to physically assess the situation in the region.[11]

6 comments

  • talker

    April 11, 2010 at 10:42 pm

    ဒီသတင်းက စိတ်ပူစရာကောင်းသလို၊ kai ရဲ့ အရေးအသားကြောင့်လည် ရီနေရပါတယ်။

    • kai

      April 14, 2010 at 8:16 am

      ကျေးဇူးပါ။
      ပြီးခဲ့တဲ့လက သတင်းတပုဒ်အရ မြန်မာပြည်မှာ ပင်လယ်ရေတက်လာလို့ ရေလွှမ်းရင် မြင်ရမဲ့မြေပုံတောင် ဆွဲနေတယ်ဆိုပါတယ်။
      အဲဒါ ..မြေကြီးဝယ်ချင်သူတွေ မြေဝယ်ရင် ရေဝယ်သလိုဖြစ်နေမှာစိုးသမို ့ နီးစပ်ရာမိတ်ဆွေတွေ သတိပေးကြပါဥိးလို့..

      ပျော်ပါစေခင်ဗျား..။

  • Bagyi

    April 16, 2010 at 8:56 pm

    တော်တော်နောက်တဲ့ကောင်ကွာ
    မင့်ရေခဲသေတာကြီးက ကမ်ဘာပူအောင်လုပ်တဲ့ အဓိကတရားခံကွ
    ဘာတဲ့ အိုဇုံးလွာတွေပေါက်အောင်..

  • nyi

    April 18, 2010 at 12:19 pm

    ကို kai ရေး စိတ်မပူပါနဲ့ နှစ်50 ဆိုတာ အဝေးကြီး လိုပါသေးတယ် …။
    ဒီခေတ်က ဘယ်သူသေသေ ငတေမာရင် ပြီးရောပဲ…။
    ွွှှမှတ်ချက်…။ ခေတ် ပြောင်းသွားရင်တော့ တမျိုးပေါ့..။
    နောင်နောင်လာနောင်သားတွေး အတွက်စိတ်ပူရ တာပေါ့…။

  • etone

    May 10, 2010 at 8:24 am

    ကားမဝယ်ပဲ လှေဝယ်ထားရမယ်ထင်တယ်နော် ။ နှစ်ရှည်စီမံကိန်းပေါ့နော် 😛

  • day day

    May 11, 2010 at 11:42 am

    ရေချိုကုန်ပျောက်ရေငန်ရောက်လာတာပေါ့။
    ဆားများများစားရတာပေါ့ကွယ်။

Leave a Reply