ဂျပန်ပြည်သို့ အလည် တခေါက် အပိုင်း ၁

ဆူးDecember 21, 20101min1459

တခါတုန်းကပေါ့ကွယ်.. ရွာပြင်ကို ဗဟုသုတ ရလို ရငြားဆိုပြီး ထွက်ခဲ့မိတယ်။ YGN – BKK – Osaka မြန်မာပြည် ထွက်ခွာချိန် ည ၆နာရီ အိုဆာက ရောက်ချိန်မှာတော့ ဒေသစံတော်ချိန် မနက် ရနာရီ ၁ဝမိနစ်ဖြစ်ပါတယ်။ အချိန်ကတော့ သင်္ကြန်အချိန် ခါသမယ ပိတ်ရက်ရတဲ့ အချိန်လေးပေါ့။ မြန်မာပြည် ရာသီဥတု ပူပူနေတာ အကျင့်ပါတော့ အအေးဒဏ်မခံနိုင်လေတော့ ဂျပန်ပြည်မှာ အအေးပေါ့တဲ့အချိန် လို့တော့ ပြောကြတာဘဲ။ အအေးပေါ့တဲ့ အချိန် ဒေသခံ ဌာနေ လူထုကတော့ အနွေးထည်တောင် မဝတ်ပေမဲ့ အပူပိုင်းဒေသ သူ ပီပီ အနွေးထည်လေးနဲ့ပေါ့။ ဒါပေမဲ့.. အအေးဆိုတာ အပြင်လောက ထွက်မှ အေးတာ.. အနွေးထည်တော့ သိပ်မလိုဘူး ဆိုပါတော့။ ရွာသူဆိုတော့.. မသိတာက များသားပေါ့ကွယ်။ ရောက်ရောက်ချင်း မတူညီတဲ့ မြင်ကွင်းတွေ လေ့လာကြည့်ပြီး ရာသီဥတုက မတူတော့ အနွေးထည်ခပ်ပါးပါးနဲ့ သွားလာရင်း အိမ်သာဝင်တယ်။ အိမ်သာထဲ ဝင်တော့ မတူညီတာ စမြင်မိတယ်။ အိမ်သာကတော့ ဘိုထိုင်ပေါ့ကွယ်။ ဘေးမှာလည်း လက်တန်းကလေးနဲ့ သေချာ ကြည့်တော့ ခလုပ်ကလေးတွေနဲ့ စူးစမ်းချင်စိတ်ကပေါက်တာနဲ့ ခလုပ်တခုစီ နိုပ်ကြည့်တယ်။ အိမ်သာ ဝင်ဝင်ခြင်း မြင်မိတာကတော့ အိမ်သာဖင်ထိုင်တဲ့ နေရာဂွေ အဝိုင်းကလေးမှာ စွပ်ထားတဲ့ ပလပ်စတစ်ကလေးကို နေရာရွှေ့ဖို့ စာတွေ ပုံတွေ ပြထားတယ်။ စာကတော့ ဂျပန်လို မဖတ်တတ်။ ဘိုလိုကလည်း မတောက် တခေါက် ပုံကြည့်ပြီး ခလုပ်နိပ်လိုက်တာ.. ဟော.. သူ့အလိုလို ဂွေ အဝိုင်းကလေးမှာ စွပ်နေတဲ့ ပလပ်စတစ်လေး တဖက်ကနေ နောက်တဖက် ရွှေ့သွားတာဘဲ။ အော်.. ဒီတော့ သဘောပေါက်ပြီလေ။ ဒါဟာ ကျန်းမာရေး အတွက် အရှေ့လူ ထိုင်သွားတာ မသန့်စင်တဲ့ ပိုးမွားလေးတွေ ပါနေရင် ဖယ်ရှားနိုင်အောင် အစွပ်လဲပေးတဲ့ သဘောပေါ့။ ဒါနဲ့ စိတ်ချ လက်ချ ထိုင်လိုက်တယ်။ လက်တန်း လေးလို လုပ်ထားတဲ့ ခလုပ်တွေကို စိတ်ဝင်တစား ကြည့်မိလေတော့ ပုံတွေပါတယ် စာတွေ ပါတယ် ဂျပန်လို အင်္ဂလိပ်လိုပေါ့။ သံဇဉ်ပုံ လေးပါလို့ နိပ်လိုက်တော့ သီချင်းလား ထင်တာ မဟုတ်ဘဲ အိမ်သာ ရေဆွဲတဲ့ အသံ ဖြစ်နေတယ်။ ထင်တာတော့ အနားမှာ လူရှိရင် အီးအီး ညှစ်တဲ့ အသံ လူမကြားအောင် ရေဆွဲသံ ပေးပြီး လွတ်လွတ်လပ်လပ် ကြိုးစားလို့ ရအောင် ထည့်ထွင်ထားဟန် တူသည်။ နောက် ခလုပ်ကလေးတွေကတော့ အီးပါပြီး ရေဆေးတဲ့ ခလုပ်။ နိပ်လိုက်ရင် ရေက အလိုလို ပန်းထွက်တယ် ရေပန်း ပိုက် ကိုင်စရာတော့ မလိုဘူးပေါ့။ ရေနွေးနွေးကလေး သူတို့ ရာသီဥတုနဲ့ ရေအေး မသင့်တော်လို့ ရေနွေးနွေးကလေး ဖန်တီးထားဟန်တူပါ၏။ ထိုင်ရာက ထလေတော့ သူ့အလိုလို ရေတွေ လောင်းချပေးတယ်။ ဟယ်.. ဘယ်တုန်းကများ ငါ့ကို ချောင်းကြည့်ပြီး ရေဆွဲပေးလဲ မသိဘူးလို့ ထင်လောက်စရာပါ။ ထိုင်နေပြီး ထတဲ့ အချိန် လှုပ်ရှားမှုကို ပုံရိပ်ဖမ်း Censor တပ်ပြီး အလုပ်လုပ်ပေးတာပါ။ ရွာပြင်ထွက်တော့ အထူးအဆန်းတွေကြီးပါဘဲလား။ လေယာဉ်ပေါ်မှာ တညလုံး အချိန်ကုန်လွန်ပြီး သွားခဲ့ရတာ လူက နုံးပြီး ငြီးစီစီတော့ ဖြစ်နေသား။ အစီအစဉ် သေချာ ကြိုမသိဘဲ လိုက်ပါခဲ့တဲ့ ခရီးစဉ် ဖြစ်နေလေတော့ နောက်တနေ့ မျက်နှာသစ်ဖို့တောင် အဆင်သင့်မရှိဘူး မျက်နှာကို စနိုးတာဝါနဲ့ ပွတ်ပြီး မျက်ချေးသုတ် ပလုပ်ကျင်းယုံလောက်ပါဘဲ။ ထိုနေ့ မနက်တော့ ဘယ်သူကိုမှ စကားများများ မပြောဘူး။ သွားမတိုက်မိတာ လူသိမှာ စိုးလို့။ လေယာဉ်ကွင်းကနေ အထွက်မှာ အထုတ်တွေကို ကားတစီးနဲ့ ညအိပ် နားခိုမဲ့ ဟိုတယ်သို့ ပို့ပြီး ခရီးစဉ်စတင်ခဲ့ပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့် နေလို့တော့ အကောင်းသားပေါ့ကွယ်။ ချယ်ရီပန်းတွေကလည်း သစ်ပင် တပင်လုံး ပွင့်နေကြတာ အလုအယက် သစ်ပင် အကိုင်းအခက်တွေကို ဖုံးလွမ်းနေတာဘဲ။ မြန်မာပြည်က လာတဲ့ လူတွေကို ပထမဆုံး တာဝန်ယူ ရှင်းပြပေးရပါတယ် ဆိုတဲ့ ဂျပန်လူမျိုး တရုတ်လို ကော အင်္ဂလိပ်လိုပါ ၂မျိုး လုံးသေချာ ပြောတဲ့ ဂိုက်ကတော့ နာမည် မမှတ်မိတော့ဘူး။ ပုံစံကတော့ ဂျက်လီနဲ့ ခပ်ဆင်ဆင်ဘဲ။ ခံတပ်လား ကျုံးလားတော့ မသိဘူး နေရာတခုကို ရောက်တယ် အိပ်ချင်မူးတူးဖြစ်တာနဲ့ နာမည်တောင် မမှတ်မိတော့ပါဘူး။ မန ္တလေးကျုံးနဲ့ တူပါ၏ ပုံစံကတော့ မတူတာကတော့ အနားမှာ စိုက်ပျိုးပြီး ပွင့်နေတာက ချယ်ရီပန်းများ ဖြစ်ပြီး လှတော့ တော်တော် လှပါတယ်။ ဓါတ်ပုံတွေ များ တဖြတ်ဖြတ်နဲ့ ရိုက်နေကြတာ အဖွဲ့ ထဲမှာ လူတွေ တယောက်မှ အငြိမ်ကို မနေကြဘူး။ အနားမှာ ရှိတဲ့ ဈေးတန်းကလေးကို ကြည့်မိတော့.. ပစ္စည်းတွေက အမလေး.. ဈေးကြီးလိုက်တာ ဘာမှ လိုချင်စရာတောင် မရှိဘူး။ နောက် ဘူဖေးသွားစားကြတယ် ဂျပန်စာ စစ်စစ်တွေ ကို စတင် မိတ်ဆက် စားသုံးခဲ့ရတယ်။ စားလို့ အလွန်ကောင်းပါတယ်။ ထို့နောက်မှာတော့ ယူနီဗာဆယ် စတူဒီယို ကို လိုက်ပို့ပေးတယ်။ ယူနီဗာဆယ် စတူဒီယိုမှ အဖြစ်အပျက်တချို့ကို နောက်မှ တင်ပြပေးပါတော့မည်။

Osaka castle

အိမ်သာပုံ ဂူဂဲမှ ရှာဖွေက တင်ပြလိုက်ပါသည်။

9 comments

  • weiwei

    December 21, 2010 at 4:47 pm

    ဆူးပြောတဲ့အိမ်သာမျိုး တရုတ်ပြည်မှာလဲရှိတယ် … ပန်းခြံထဲမှာတွေ့ဖူးတာ … တော်တော်သန့်တယ် …
    ဓါတ်ပုံလေးတွေပါ ကြည့်ရရင် တော်တော်ကောင်းမယ်နော် …

  • weiwei

    December 21, 2010 at 4:58 pm

    ပုံမတင်ခင် မန်းမိတဲ့သူတော့ အရူးဖြစ်ပြီ … 🙂

  • bigcat

    December 22, 2010 at 2:50 am

    ဂျပန်စားသောက်ဆိုင်က ရေနွေးကြမ်းသောက်ဖူးတယ်။ ပန်းပွင့်အခြောက်ကို ရေနွေးထဲစိမ်လိုက်ရင် ရေနွေးကြမ်းထဲမှာ ပန်းပွင့်ကြီးပေါ်လာပြီး မွှေးမွှေးလေးသောက်ရတယ်။ ဈေးကတော့ သုံးဒေါ်လာထင်တယ်။

  • ဆူး

    December 22, 2010 at 3:01 am

    ဆူးတို့ကတော့ ရောက်ဖူးတယ် ရှိအောင် သွားယုံဆိုတော့ အပို သိပ်မဖြုန်းနိုင်ဘူး ခရီးစဉ်ထဲ ပါတဲ့ အတိုင်းဘဲ တွေ့တာ အကုန်မှတ်လာခဲ့တယ်။ အပိုင်း ၂ ရေးသားချင်သော်လည်း ပိုစ် အသစ် တင်မရသေးပါ။

  • လင်းဝေကျော်

    December 22, 2010 at 8:46 am

    ဟားဟား ဆူး က တစ်ကွက်ချန်သွားတာကိုး။
    တို့တော့ အိမ်သာခလုပ် နှစ်ခုရှိတာကို တစ်ခုက ဘာဆေးတာတုန်း မသိလို့
    စမ်းကြည့်လိုက်တော့မှ ယောကျာင်္းလေးတွေဆေးစရာမလိုတဲ့ ခလုပ်ဖြစ်နေတာသိလိုက်ရတယ်။ တစ်ယောက်တည်း ရယ်မိသေးတယ်။

  • kai

    December 22, 2010 at 11:10 am

    ဂျပန်မှာ ဗမာအိမ်သာ(ကုလားအိမ်သာ)လို မျိုးလည်းရှိပါတယ်..။
    ဒါပေမဲ့ သူက ပြောင်းပြန်ကြီးဗျ..။
    ဆိုလိုတာက.. အီအီးကျတဲ့ထွက်ပေါက်ကို ရှေ ့ထားပြိး အိမ်သာသွားရတာ..။ ပုံမှာကြည့်ပါ။
    http://raynors.us/photos/Japan2003.32.jpg
    အဲဒါ ဗမာထိုင်သလို ထိုင်ပြီး အိမ်သာသွားလို့ကတော့ .. အိမ်သာသုံးစက္ကူလှမ်းယူလို့မရပဲ.. ဇက်အကြောလွဲသွားနိုင်တယ်..။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 22, 2010 at 12:11 pm

    အောင်ပုတို ့ရွာမှာတော့ အိမ်သာတွေက auto မက်တစ်ခ် တွေဘဲ
    ဗျိကနဲ ့လွှတ်ချလိုက်ရင် ဗျန်းကနဲ ့ကျသွားတာဘဲ
    ဒါပေမယ့် တွင်းတွေကိုတော့ နက်နက်မတူးဘူးဗျ
    တွင်းနက်လို ့ရှိရင် အီးဂေါင်းနာတယ်
    ဆင်းစားကြည့်လေ ငါးတောင်လောက် အငယ်ခံရှိဦး
    Eပါချလိုက်လို ့etone ကျသွားလို ့ကတော့ ဒိန်းကနဲ ့ဘဲ ကိုယ်ချင်းစာကြည့်ပေါ့နော။

  • ဆူး

    December 22, 2010 at 4:11 pm

    ဘကြီးပုကတော့ ပါလိုက်တဲ့ အီးတုံးတောင် အကျ နာမှာ တွေးပြီး တယ် သနားတတ်တာဘဲ။

  • ဆူး

    December 22, 2010 at 4:13 pm

    သဂျီးရေ ပိုစ် တင်မရဘူးနော်.. တင်မရတဲ့ ရက်တွေလည်း ကြာခဲ့ပြီ.. ကြည့်လုပ်ပါအုန်း

Leave a Reply