အမေရိကား မှမြန်မာများ သတိထားပါ

နေ ဘုန်းလျံDecember 22, 20101min18713

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန် ့လိုက်ရမလား
အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို ့တိတ်တဆိတ် ဝင်ရောက် လာလျှင် လှို ့ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ ့၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ ့ဝင် တစ်ဦး၏ မြန်မာ ဝီကီလိခ် သို ့ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို ့ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို ့အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို ့သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို ့သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို ့လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို ့မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘဝ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို ့အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ ့သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ ့ကို ဖွဲ ့စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

Posted by မြန်မာ ဝီကီလိခ်..
ဂေဇက်ရဲ့ စည်းအရ သူတပါးရေးထားသောစာမူများမတင်ရဟု ရှိထားသောလည်း အမေရိကား ရှိမြန်မာပြည်သူတွေ၏ အကျိုး အတွက် တင်ပြလိုက်ရပါတယ် ..။
မှော်ဆရာမေးလ်မှ ရရှိပါသည်

13 comments

  • winkyawaung

    December 22, 2010 at 4:14 pm

    သတိထားစရာများကို တင်ပေးလို့ အထူးကျေးဇူးတင်ပါတယ် ဆရာ။

  • timothy

    December 22, 2010 at 9:23 pm

    အဲဒီလိုအသိပေးတဲ့ရဲအရာရှိကိုကျေးဇူးတင်ကြရမှာပါ။
    ဒါမဖြစ်နိုင်ဘူးပြောလို့မရဘူး။
    ဗိုလ်သန်းရွှေနဲ့သူ့လူမိုက်များရဲ့အောက်တန်းအင်မတန်ကျတဲ့ပက်စက်ယုတ်မာမှုများကိုလူတိုင်း
    သိကြပါတယ်။
    ကွန်မြူနစ်အာဏာရှင်များဆိုနိုင်ငံရပ်ခြားမှာအတိုက်အခံများကိုအဆိပ်ကျွေး၊အဆိပ်လူးထီးအချွန်နဲ့ထိုးပြီးနှုတ်ပိတ်တာကြားဘူးမှာပေါ့။
    စစ်အာဏာရှင်ဆိုတာကမ်းကုန်အောင်ကိုယုတ်ပါတ်မှာဘဲ။
    သတင်းပေးသူကကြောက်ဘို့ချောက်နေတာမဟုတ်သလို၊ကြောက်ရမဲ့ကိစ္စလဲမဟုတ်ပါဘူး။
    ဒါဟာစစ်အစိုးရကလူတွေကိုမုန်းလို့၊ကြောက်လို့အောက်တန်းကျစွာနဲ့လုပ်နေကြတာဘဲ။
    သတိရှိရှိနဲ့နေထိုင်သွားလာနိုင်ဘို့သတိပေးနေတာပါ။
    အကြောက်တရားကိုစွန့်လွှတ်ကြပါ။
    အမေစုပြောဆိုဆုံးမတာတွေကိုမမေ့ကြပါနဲ့။
    လွတ်လပ်ရေးလိုချင်ရင်လူတိူင်းပါဝင်ပြီးတက်တက်ကြွကြွလုပ်မှလွတ်လပ်ရေးရနိုင်မယ်တဲ့။
    ဒါကို၊လူထုအားကိုကြောက်တဲ့စစ်အစိုးရကလူတွေကိုနိုင်ငံအရေးစိတ်မဝင်စားအောင်အောက်လမ်း
    နည်းပေါင်းစုံနဲ့လုပ်နေကြတာပါ။ ုံ

  • bigchef

    December 23, 2010 at 1:02 am

    အဲ ဒီ လို လုပ် ခံ ရ ရင် သက် ဆိုင် ရာ နိုင် ငံ ရဲ ့ သံ ရုံး ကို တိုင် လို ့ မ ရ ဘူး လား ဟင်။ဥ ပ မာ အ မေ ရိ ကန် နိုင် ငံ သား ခ ံ ယူ ထား တဲ ့ သူု ဆို အ မေ ရိ ကန် သံ ရုံး ကို ပေါ ့။

  • နီလေး

    December 23, 2010 at 2:55 am

    ကိုချက်ကြီးမေးထားတာကို နီလေးလဲသိချင်တယ်

  • pan pan

    December 23, 2010 at 2:57 am

    အမလေး၊ ကြောက်စရာကြီးပါလားနော်။

  • nyimalay

    December 23, 2010 at 3:08 am

    ကြောက်စရာကြီးပါလားနော်။ ကြောက်……..ကြောက်……

  • လင်းဝေကျော်

    December 23, 2010 at 7:04 am

    အဲသလိုတကယ်ဆိုရင် သူတို့(ရဲက) ဖွင့်မချခင် ဒီဘက်က အရင်ဖွင့်ချသွားမှာပေါ့။
    မြန်မာတွေမှာ အဲသလို မဟုတ်က ဟုတ်က တွေနဲ့ ကိုယ့်အမြီးကိုယ်ပြန်ကိုက်နေကြတယ်။

  • MTY

    December 23, 2010 at 11:38 am

    KGB,CIA,MI5,မော့ဆက်,ရှိသမျှထောက်လှမ်ရးသူ့နည်းသူ့ဟန်နဲ့ချည်းပါဘဲဗျာ..အီရတ်၊အီရန်
    အာဖနစ်တန်၊ဗီယက်နမ်၊ကျုဘား၊မှာဖြစ်တဲ့caseတွေ၊ကြည့်ပါ၊ တိတ်တဆိတ်ဝင်မလာနဲ့ပေ့ါ၊ကျနော်ဆိုလုံးဝပြန်မလာတော့ဘူး

  • narziparty2009

    December 23, 2010 at 11:57 am

    သူငယ်ချင်းများအားလုံးကူညီစေချင်ပါသည်။ကျွန်တော်စာတင်မလို.လာတိုင်းအမြဲလိုလို newpost ကိုနှိပ်ပြီးတာနဲ.
    http;//www.man…n/post-new.php error ဆိုပြီးဘာမှပေါ်မလာတော.လို.ပါအဲဒီနေ.မှာပဲသူများတွေတင်တော.ရတာတွေ.ရပါသည်
    ကူညီကြပါ
    မေးထဲပို.ပေးကြပါပို.စ်တင်တဲ.ပုံစံလေးကို
    narziparty2009@gmail.com ပါ

  • နေ ဘုန်းလျံ

    December 24, 2010 at 2:40 pm

    ဘာဘဲပြောဘယ်သူစာဟာဘယ်လိုလူလဲဆိုတာတော့အကြမ်းဖျဉ်းသိနှိုင်တယ်

  • နေ ဘုန်းလျံ

    December 24, 2010 at 2:44 pm

    ကိုတင်မိုသီရဲ့ မန့်ဟာ ဘာကြောင့် ဖုံးကွယ်မှူ့ဖြစ်နေရတာလဲအယ်ဒီတာရေ…?????????????????????????

  • နေ ဘုန်းလျံ

    December 24, 2010 at 2:50 pm

    ရပါပြီအယ်ဒီတာရေ …

  • kai

    December 25, 2010 at 12:30 am

    ဘလက်ခ်မေးလ်လုပ်တာမှာ.. လုပ်မဲ့သူသိသိကြီးနဲ ့ကြောက်ရမဲ့ပုံစံ သတင်းရေးထားတာတော့ ..မဟုတ်သေးဘူး..။
    လုပ်ကြပါစေလေ…။
    အမေရိကန်တွေပဲနော..။ လုပ်ခံရသူအရေအတွက် ..စာရင်းက အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးမှာ … မှတ်တမ်းသွားဖြစ်မှာပဲ..။ ဘလက်ခ်မေးလ်က .. ရာဇဝတ်မှုပဲ မဟုတ်လား..။

    ( ပြောရရင်တော့.. ဒီသတင်းမဟုတ်သေးဘူးလို့ .. ပြောရမှာပါ..။ မျက်စိရှေ ့တွင်.. ပြန်နေသူတွေ ..ရာနဲ့ချီတွေ့နေရလို ့..ဟင်း..ဟင်း..။)

Leave a Reply