“ဆုတောင်းမှားသလား ?အကြောင်းမှားသလား ?”

“ဆုတောင်းမှားသလား ?အကြောင်းမှားသလား ?”
တစ်ရက် ဘဝေမှာအပြောင်းအလဲအတက်အကျအကွေ့အကောက် အလွန်များရှာတဲ့
လောကဓံဆိုတာကြီးကို ငါတွေ့ ကိုယ်တိုင်ခံလို်က်ရရှာတဲ့ အသိ တစ်ယောက်ကို သွားရင်းလာရင်းလှမ်းတွေ့လိုက်ပါတယ်။
သူကအရှေ့ကနေအနောက် ကျနော်က အနောက်ကနေအရှေ့ကိုအသွားလမ်းမှတွေ့ကြတာပါ။
ကျုံးဘေးဆိုတော ့ မြင်ယုံဘဲမြင်လိုက်ရတယ် လှမ်းခေါ်ဘို့ အခွင့်မသာပါဘူး။
လမ်းနှစ်ခုကြားမှာ သစ်ပင်တွေစိုက်ထားတဲ့ ကျွန်းခံနေလို့ပါဘဲ။
ဘဝဆိုတာ လည်းဒီလိုပါဘဲ။
တစ်ခါတစ်လေမှ ာ  တစ်ယောက်နဲ့မြင်သာမြင်လိုက်ရ သိသာ သိလိုက်ရတယ် တစ်ယောက်ကိုတစ်ယောက် မကူနိုင်တဲ့ အခွင့်မသာတဲ့ အဖြစ်မျိုးတွေပါ။
သူူ့ကိုမြင်လိုက်တော့ လွန်ခဲ့သောကာလက  အဖြစ်အပျက်တွေကို ပြန်သတိရမိပါတယ်။အဲဒီတုန်းကတော ့သူက ဆယ်လေးငါးနှစ်သားလူပျိုပေါက်သာသာပေါ့။
သူကတစ်ဦးထည်းသောသားလေးပါ။
သူ့အဖေက ကျောက်စိမ်းကုန်သည် အိမ်မှာမနေရတာများတယ်။ အမြဲတမ်းမှော်ထဲနဲ့တရုပ်ပြည်ကူးလိုက်သန်းလိုက်နေရတာများပါတယ်။ အဲဒီခေတ်က ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးကလဲ မကောင်းဘူးဆိုတော့ ခရီးတစ်ခါထွက်ရင် သုံးလေးလ ဒီတော့ မိသားစုနဲ့အမြဲကင်းကွာနေတာများပါတယ်။
အမေ့ဖက်က  ရှေးကတည်းက ချမ်းသာတယ်ဆိုပါတော့။
ဒါပေမယ့်ငွေကြေးတတ်နိုင်ပြီး ကြီးမားများပြားလှတဲ့ ဆွေမျိုးစု အသိုင်းအဝိုင်းကြီးထဲမှာ ထူးထူးခြားခြားယောက်ျားလေးဆိုလို့ သူတစ်ယောက်သာ ပါနေပါတယ်။
ဖြစ်ချင်တော့ သူ့အသားအရည် ကဖြူဖွေးဖွေး ရုပ်ကလေးကလှတပတ လက်ကလေးတွေက သေးသေးသွယ်သွယ်။
သူငယ်ကတည်းက သူ့အမဝမ်းကွဲတွေ အဒေါ်အပျိုကြီးတွေကြားထဲမှာနေရတာ။
မနက်မိုးလင်းတာနဲ့ သနပ်ခါးအဖွေးသား။
သူနဲ့ရွယ်တူတွေကစားဖော်တွေကလဲ မိန်းကလေးတွေဖြစ်နေပါတယ်။
ဒီတော့လဲနေ့စဉ်ကလေးချင်းကစားရင်ကို အရုပ်လုပ်တမ်း ထမင်းဟင်းချက်တမ်းကစားရတာများပါတယ်။
နောက်သူတို့ကခြံတံခါးကို အမြဲပိတ်လို့ ပြင်ပနဲ့ အဆက်အသွယ်မလုပ်တဲ့အိမ်ဖြစ်ပြန်တော့ သူအိ်မ်မှာယောက်ျားသားဆိုလို့ ကားမောင်းတဲ့သူဘဲရှိပါတယ်။
နောက်အရွယ်လေးရလာလို့ ကျောင်းထားပြန်တော့လဲ ယောက်ျားလေး မိန်းကလေးအတူထားတဲ့ကျောင်းမှာ သူညီမဝမ်းကွဲတွေနဲ့ အတူတူနေရပါတယ်။
သူ့တူလေးကျောင်းတက်တာကိုအဒေါ်အပျိုကြီးတွေက စားစရာသောက်စရာတွေနဲ့ ကျောင်းအပြင်ဘက်က သစ်ပင်အောက်မှာ ဖျာခင်းပြီးစောင့်ကြပါတယ်။

ပြောရရင် ကလေးလေးက ခပ်နွဲ့နွဲ့လေးဖြစ်လာရကနေ မိန်းကလေးတွေနဲ့ အနေများလာတော့ စိတ်ကလေးကလဲ မိန်းမစိတ်ဘက်ယိမ်း လို့လာပါတယ်။                                                                 လူလစ်တယ်ဆိုတာနဲ့ယောက်ျားလေးအဝတ်တွေချွတ် မိန်းမလိုဝတ်စားပြင်ဆင်လို့နေပေမယ့် စစချင်းတော့ ပုန်းရှုးိကွယ်ရှိုး။နောက်သူ့ဘာလုပ်လုပ်အကုန်ကောင်းနေတဲ့အဒေါ်တွေညီမတွေက သူမိန်းမလိုဝတ်ပြီးထားကို လှတယ်လို့လဲ ချီးမွမ်းခန်းဖွင့်ရော အိ်မ်ရောက်တာနဲ့ မိန်းမလိုနေမိန်းမလိုပြောပါတော့တယ်။                                                                                                                                                                                                                                                  သူတို့အမေကလဲ တေပေပျက်စီးတာထက်စာရင ်ဒါကမှတော်သေးဆိုတဲ့သဘောနဲ့ လွှတ်ထားကြပါတယ်။                                                                                                                                           သူ့ အဖေကတော့ အိမ်မှာလဲသိပ်မနေတာရယ် ပိုက်ဆံနောက်ကို ကောက်ကောက်ပါအောင်လိုက်နေလို့သတိမထားလို်က်မိပါဘူး။                                                         သူတို့အဒေါ်တွေအမတွေကလဲ သူ့အဖေအိမ်မှာရှိနေတဲ့အချိန်မှာတော့ ကလေးကို  မိန်းမပုံစံဖျောက်ထားခိုင်းပါတယ်။ အဖေကလဲအိမ်မှာ အလွန်ဆုံးနေလေးငါးရက်ဆိုတော့ သားဒီလိုဖြစ်နေတာကို လုံးဝမရိ်ပ်မိပါဘူး။
ဒီလိုနဲ့ကလေးလူပျိုပေါက်ရောက်စအချိန်မှာမှ သူ့အဖေကကျန်းမာရေးမကောင်းလို့ အိမ်မှာနားတဲ့အချိန်နဲ့ဆုံပါတော့တယ်။                                                                 သူ့အဖေအိမ်မှာနေတာရက်ရှည်ဖြစ်တာရယ်ဆိုတော့ မိန်းမစိတ်ပေါက်နေတဲ့ကောင်လေးခမျာအရင်လိုဟန်ဆောင်မနေနိုင်တောပါဘူး။                                                    အဲဒီအခါမှာအဖေကြီးကဒေါသပုန်ထလို့တစ်အိမ်လုံးကိုပါတ်ရမ်းပါတော့တယ်။                                                                                                                                                                                                                               အဲဒီအချိန်မှာ သူ့အဖေက ကျနော်ဆီလာပြီး သူ့သားကိုထိုးအပ်ပါတော့တယ်။သူနဲ့ရွယ်တူ ကျနော်တူလေးတွေ  ကျနော်အလုပ်ထဲကကောင်လေးတွေနဲ့သူကိုအတူတွဲထား၊ ဒီကလေးတွေသွားလေရာကိုသူ့ကိုခေါ်သွားခိုင်းပါတယ်။                                                             ဒါပေမယ့် သူနဲ့ဒီကလေးတွေကြားမှာ အများကြီးကွာဝေးနေသလိုပါဘဲ။                                    အဖေ့ကိုကြောက်လို့သာလိုက်နေရတယ် လူကသာ ဒီမှာစိတ်ကအဝေးမှာပါဘဲ။ ဒါပေမယ့်မိန်းမပုံနည်းနည်းလေးပျောက်သွားလို့ယောက်ျားလိုတော့ဖြစ်လာပါတယ်။ ဒါပေမယ်လဲအိမ်ပြန်ရောက်ချိန်သူ့အဒေါ်တွေညီမတွေနဲ့ဆိုသူနေချင်သလိုနေလို့ရတယ်ဆိုတာကို  တော့ ကျနော်တို့ကမတွက်မိလိုက်ပါဘူး။                                                                                                                            အဲ ကံဆိုးချင်တော့ သူ့အဖေလဲမှော်ထဲကိုအရင်လိုပြန်သွား သူကလဲအရင်လိုပြန်ဖြစ် ကျနော်တို့ကလဲ ကိုယ်အလုပ်နဲ့ကိုယ်ဆိုတော့ သူကို ပြန်သတိမထားနိုင်။သူလဲဘဲမိန်းမကြီးလုံးလုံးဖြစ်သွားပါတော့တယ်။   သူ့အဖေက ဘော်ဒါဆောင်ထားဆိုလို့ သူ့အမေတွေအဒေါ်တွေက မလွန်ဆန်ဝံ့လို့သွားထားပေမယ့်မိန်းကလေးထဲလဲဝင်မရ ယောက်ျားလေးတွေနဲ့ကလဲ အံမဝင် လွဲချော်နေတဲ့ ဘဝအမှားကြောင့် အနေရခက်ပြီး အဆောင်ကထွက်လာပါတယ်။                                                                                              နောက်တော့ ဆယ်တန်းလဲဆက်မဖြေ သူ့အမေရဲ့အမွေဆက်ခံလို့ ရတနာပွဲစားဖြစ်သွားပြီးအတော်လေးကို စီးပွားရေးဘက်မှာ ဟန်ကျပန်ကျနဲ့ဖြစ်သွားပါတယ်။                                                                                                                    အဖေအမေက စီးပွားရေးကိုအရင်လိုစွမ်းစွမ်းတမာန်မလုပ်နိုင်တော့တဲ့အချိန်မှာ အိမ်စီးပွားရေးလုပ်ငန်းက သူ့လက်သူ့ခြေဖြစ်ရုံမက တစ်မျုးိလုံးကိုသူကသာ ရှာဖွေကြွေးမွေးနေရတဲ့အခါမှာတော့ ဘယ်သူမှ သူ့ဩဇာကို မလွန်ဆန်နိုင်တော့ပါဘူး။
သူ့အဖေကလဲ ပြင်မရမှန်းသိတော့ အရှက်ကြီးစွာ စိတ်ဆင်းရဲကြီးစွာနဲ့ဘဲ ကြိတ်မှိတ်လို့နေရပါတော့တယ်။                                                                    သူအဖေနဲ့အမေ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားပြီးတဲ့အခါမှာ သူ့အိမ်မှာက သူလိုတူရာလူတွေရဲ့ကွန်းခိုရာနေရာဖြစ်လာပါတယ်။ စီးပွားရေးကလဲအောင်မြင်တော့ “ထွန်းလွင်”ဆိုတဲ့နာမယ်ရင်းနေရာမှာ“မမလွင်”“မကြီးလွင်”ဆိုတဲ့အခေါ်အပြောတွေအောက်မှာ သူကလဲယစ်မူးသာယာနေပါတော့တယ်။လူဘဝကံအလှည့်လေးကောင်းနေချိန်မှာတော့ ဘာလုပ်လုပ်အဆင်ပြေ။                                                                                               ဒီတော့လည်း ဝိုင်းရံခစားသူတွေကများမှာများ။သူ့အိမ်မှာကအမြဲတမ်းလူတရုံးရုံး။သူကလဲ လုပ်ငန်းလေးတစ်ခုအောင်မြင်တယ် ရတနာပစ္စည်းတစ်ခုထွက်ပြီတည့်ပြီဆိုတာနဲ့ နတ်ကနားပေး။ နောက်တော့လဲ ကိုယ်တော်ကြီးကိုယ်တော်လေးပေးတယ်ဆိုတဲ့ “နှစ်လုံးသုံးလုံး” ဇာတ်လမ်းကိုလည်း “စ”     ရဘူးပြီးဆိုတော့ ငါ့ကို  “မ “   တယ်ဆိုပြီးထပ်ဆော်ပါတော့တယ်။
ကံအလှည့်အပြောင်းမကောင်းဘူးဆိုတဲ့အချိန်မှာတော့ သူ့ယူထားတဲ့ ကောင်လေးကလည်း သူ့ဖောက်သည်အိ်မ်က သမီးလေးကို ခိုးပြေးတဲ့အချိန် သူပိုင်ဆိုင်သမျှတော်တော်လေးကို မသွားပါတယ်။                                                  စီးပွါးရေးကျပ်တည်းတယ်ဆိုတဲ့ခေတ်မှာ ရတနာပစ္စည်း     အရောင်းအဝယ်အရင်လိုမဖြစ်ခဲ့ရတဲ့အထဲမှာ လူအလိမ်ကခံလိုက်ရပြန်ပါသေးတယ်။                                                                                        အဆင်မပြေဘူးဆိုတော့တဲ့အချိန်ကျမှ ကိုယ်တော်လေးက မ   မ“ ပြန်တဲ့အခါနှစ်လုံးကြွေး၊အသုံးကြွေး ၊အဖြုန်းကြွေးတွေကလည်း  လည်ပင်းထိရောက်လာပြန်ရော ။                                                                                                    နာမယ်အပျက်မခံနိုင်ဘူးဆိုတဲ့ မာနနဲ့ ရှိသမျှအကုန်ရောင်းချပြီးထိုးဆပ်လိုက်ရတဲ့အထိအခြေအနေပျက်သွားပါတယ်။                                                   ဒီအချိန်လဲရောက်ရော သာလို့နားကြတဲ့ လူအားလုံးက သူ့ကိုစွန့်လို့ပြေးကြပါတော့တယ်။ အရင်ကကြော့ကြော့မော့မော့ကားလေးတဝီဝီနဲ့သွားချင်ရာကို သွားနေနိုင်တဲ့အနေအထားက နေ ဆိုက်ကားသမားလိုက်ပို့မှ ရောက်ရတဲ့ ဘဝကို လျှောဆင်းလို့သွားပါတယ်။
တစ်ရက်ကျနော်ကလဲ မြောက်ပြင်ဘက်ကအပြန် 19လမ်းညောင်ပင်ဈေးနားလေးမှာ သူနဲ့ဆုံကြပါတယ်။ကျနော်ကိုမြင်တော့
“ အကို“ ဆိုပြီးဝမ်းသာအားရလှမ်းခေါ်ပါတယ်။                                                                                               ကျနော်စက်ဘီး နဲ့သူစီးလာတဲ့ဆိုက်ကားနဲ့ယှဉ်မိတော ့သူကဆိုက်ကားကိုရပ်ခိုင်းပြီးဆင်းလာပါတယ်။               ကျနော်အနားရောက်တော့ “ အကို ကျနော့်ကို ဒေါ်စင်းယုံက ထမင်းပေါင်းနဲ့ ဝက်သားအစုံသုတ်လိုက်ကြွေးစမ်းပါနော်“ လို့ပြောလိုက်တော့ ကျနော်တော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်။
အရင်က ဒီထက်မကတဲ့ အဆပေါင်းများစွာ ရှိတဲ့ငွေကြေး ကိုပက်ခနဲ့ အနှမျောမရှိသုံးခဲ့တဲ့ လူတစ်ယောက်က             သူ့ကိုဘယ်တော့မှ မျက်နှာသာမပေးခဲ့တဲ့၊အရောမဝင်ခဲ့တဲ့၊သူလိုလူတန်းစားကို မနှစ်မြို့ဘူးဆိုတာ သိခဲ့တဲ့ ပေါ်ပေါ်ထင်ထင်ကို ရှူတ်ချခဲ့တဲ့ လူတစ်ယောက်ကို မျက်နှာအောက်ချပြီးပြောလိုက်လို့ပါ။
သူမိသားစုနဲ့ ကျနော်တို့မိသားစုခြင်းက အတော်လေးကို ရင်းနှီးပါတယ်။ သူတို့အိမ်ကိုလဲအမြဲဝင်ထွက်သွားလာနေတာခဲ့ဘူးတာမှန်ပေမယ့် သူဒီလို ဘဝအမှားကြီးနဲ့ကျင်လည်နေတဲ့အချိန် သူအောင်မြင်နေတဲ့အချိန်မှာကျနော်က သူတို့အိမ်နဲ့ ခပ်ကင်းကင်းနေခဲ့သလို သူအလှူအတန်းလုပ်တယ်မွေးနေပွဲတွေလုပ်လို့ ဖိတ်ရင်တောင် ကျနော်လုံးဝမသွားခဲ့ပါဘူး။ သူ့မိဘနှစ်ပါးကွယ်လွန်ပြီးတဲ့နောက် ကျနော်သူဆီကိုလုံးဝအဝင်အထွက်မရှိပေမယ့် သူကတော့ ဘာလေးဖြစ်ဖြစ် ကျနော်မိဘနှစ်ပါးဆီကို ကျနော့်အမများဆီကို လာလေ့ တိုင်ပင်လေ့ရှိပါတယ်။ ကျနော်ကတော့လာလို့မျက်နှာချင်းဆိုင်တွေ့ရင်တောင် နုတ်မဆက်တတ်ပါဘူး။
အဲဒီတုံးကတွေ့ပြီး နောက်သူပျောက်သွားပြန်ပါတယ်။တရုပ်ပြည်ဘက်ကိုတက်သွားတာလိုလို ထိုင်းနယ်စပ်ကတစ်ဆင့်ဘဲဟိုဘက်နိုင်ငံရောက်သွားတာလိုလိုနဲ့ဘဲ ကြားလိုက်ရပြီး ပြီးခဲ့တဲ့ လေးငါးလလောက်ကတော့သူကျနော်အမတွေဆီကို လာပြီးလက်ဆောင်တွေနဲ့လာပြီးကန့်တော့ရင်းသူအိမ်အသစ်ဘုရားအနေကဇာတင်ဘို့လာဖိတ်တာကိုတွေ့လိုက်ရပါသေးတယ်။ဝတ်စားထားတာပြောင်ပြောင်လက်လက် ဟန်းဖုန်းလေးက လက်ထဲမှာမြင်ရတော့ အခြေအနေပြန်ကောင်းတယ်လို့ ဆိုရမှာပေါ့။
“ခင်ဗျားဇာတ်လမ်းက ဒါဘဲလား ကိုဌေး” လို့ ဘဝမှားတဲ့ဇာတ်လမ်းကိုပြောပြနေတဲ့ ကိုဌေးဝင်း ကိုကျနော်က စကားထောက်လိုက်တော့မှ “မဟုတ်ဘူးကိုပေါက်ရ ကျနော်ပြောချင်တာက ကျနော့် အဖေကို ကျနော်စိတ်နဲ့ ကိုယ်အမူအရာနဲ့ပြစ်မှားခဲ့ တဘက်သတ်မုန်းတီးခဲ့တာကို နောက် မှ ပြန်တွေးတွေးပြီး နောင်တတွေ ရခဲ့တာကိုပြောပြချင်တာ“ဆိုပြီးဆက်ပြောပါတယ်။
ကျနော်ငယ်ငယ်ကလဲ သူလို့ဘဲ အဒေါ်တွေ အမတွေများတဲ့ မိန်းမကြီးစိုးတဲ့အသိုင်းအဝိုင်းထဲမှာကြီးပြင်းခဲ့ရတာပါ။ ကျနော်အဖေက ကျနော်ကို အမြဲတမ်းမာမာထန်ထန်ပြောလေ့ရှိပါတယ်။ကျနော်က တစ်ခါတစ်လေ သူပြောလိုက်ခိုင်းလို်က်တာကို မပွင့်တပွင့်နဲ့များပြောမိရင် ဖိနပ်နဲ့လှမ်းထုပြီး “ငဌေး ယောက်ျားလို ကျယ်ကျယ်ပြောစမ်း မင်းကိုငါယောက်ျားလေးမွေးထားတာ “လို့ပြောလေ့ရှိပါတယ်။တကယ်တမ်းတော့ ကျေ%E