Kinect sex တဲ့..။

kaiDecember 21, 20102min1249

http://news.cnet.com/8301-13772_3-20025804-52.html

မိုက်ခရိုဆော့ဖ်ရဲ့ XBox Game – ကင်န်းနက်ဆိုတဲ့ စက်ကလေးအကြောင်းကြားဖူးမှာပေါ့။ တချို ့လည်း သုံးနေကြပါလိမ့်မယ်..။

အဲဒါကို အကြမ်းပြောပြရရင် သူ့ရှေ့မှာရပ်နေတဲ့လူကို လက်တွေ ခြေထောက်တွေ နေရာ ကင်မရာဆင်ဆာကနေမှတ်ထားပြီး အဲဒီနောက် လက်ခြေထောက်လှုပ်တဲ့အတိုင်း အထဲက အရုပ်က ဆင်ဆာကနေမှတ်..လိုက်လှုပ်ပြတာပါ..။ အားကစားလုပ်တာ…ကတာခုန်တာဆို အင်မတန်အသုံးတည့်ပါတယ်..။

ဒါကို ရွှေညဏ်တော်စူးရောက်တဲ့ ကုမ္ပဏီတခုက လိင်ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဂိမ်းနေရာမှာ သုံးလိုက်လေရဲ့..။
အရင်တလောကလည်း လက်တွေ့လိင်ဆက်ဆံရာမှာ ဦးနှောက်ကပို ့တဲ့ စစ်ဂနယ်ကိုဆွပေးပြီး တကယ်မဆက်ဆံပဲ.. အဲဒီလိုလိင်စိတ်ခံစားမှုမျိုးဖြစ်အောင်လုပ်ပေးတဲ့ စက်ထီထွင်နေတဲ့အကြောင်းလဲ ဖတ်လိုက်ရပါသေးတယ်..။
ဒါဆို ကာယကံ၊ဝစီကံ၊မနောကံ သုံးပါလုံး.. အကြုံးဝင်သွားပြီမို ့ ..( ကုသိုလ်အကုသိုလ်တွေ ဆက်တွဲပါ မပါတော့မသိ.. )ဘာသာရေးရှုထောင့်ကနေတော့ … ပြသနာမသေးလောက်တော့လို့ထင်မိပါတယ်..။

အင်း..။
လောကကြီးလည်း တဖြည်းဖြည်း ရှုပ်ထွေးလာတော့တာပဲ..။
နောက်ဆို .. ဂိမ်းထဲကမမတွေကို .. မတရားပြုပါတယ်ဆိုပြီး ..တိုင်တာတောတာတွေ ရှိလာတော့မှာလား..မသိ… 🙂

Kinect sex has arrived, and it took the adult gaming community less than two months to get there.

Just more than two weeks ago, one of the world’s leading experts on sex and video games said that while there were not yet working adult games using Microsoft’s Kinect motion controller, the potential was there. That barrier has been broken, as one game company illustrates in a demo for a new game.

The demo (a NSFW YouTube video) comes from ThriXXX software, a maker of 3D role-playing sex simulation games, which said in a statement today that “the open-sourcing of device drivers for Kinect have enabled the…device to be used directly from connected PCs operating on Windows 7…The Kinect interface provides another exciting interface option for users of the sex simulation software to control the experience in extraordinary new ways. Controller-free is the next generation of game user interfaces, allowing users to use gestures, spoken commands, or objects to control in-game action that creates a completely new sex game activity and magical experience.”

Read more: http://news.cnet.com/8301-13772_3-20025804-52.html#ixzz18lunetjr

9 comments

  • bigcat

    December 22, 2010 at 1:15 am

    သူယောင်သီးကနေ သူယောင်မယ်လေးတွေ ဖန်ဆင်းပြီး ပျော်သလိုဖြစ်မှာပေါ့နော်။ ယေး..

  • ဆူး

    December 22, 2010 at 2:03 am

    အဝိဇ္ဇာပညာတွေ တယ် ထွန်းကားနေပါလား…. ဆေးကြိမ်လုံးတောင် မလိုတော့ဘူး။

    ဘာသာရေး အမြင်အရ ပြောရမယ်ဆိုရင်တော့ ဂိ်မ်းထဲက မမတွေနဲ့ ပတ်သတ်ပြီးတော့ ကာမေသုကံ မမြောက်ပေမဲ့.. အဲဒီ ဂိမ်းဆွဲပြီး သေရင်တော့ ပဟာသ ငရဲက ကြိုဆိုပါတယ်လို့ ပြောနိုင်ပါတယ်။

  • cherrywine

    December 22, 2010 at 2:33 am

    တက်ခေတ်လား … ပျက်ခေတ်လားပဲ။

  • pan pan

    December 22, 2010 at 3:28 am

    ရွှေညဏ်တော်စူးရောက်တဲ့လူတွေလည်း ရောက်ရောက်နို်င်လွန်းပါရဲ့။ အဲလိုနေရာမျိုးကျ။ 🙁

  • လင်းဝေကျော်

    December 22, 2010 at 4:00 am

    တကိုယ်ရေတကာယ မေထုံမှုမှာ ပျော်မွေ့လွန်းရင်
    ဟန်ဆောင်မှုနဲ့ အတ္တတွေပိုကြီးလာတတ်ပါတယ်။
    စိတ်ကလည်း ရိုင်းစိုင်းခက်ထန်လာပါတယ်၊
    အတုမှာပျော်မွေ့ပြီး ချုပ်တည်းရတာတွေများလွန်းလို့။

  • The Reds

    December 22, 2010 at 3:14 pm

    အော် အော်….. A ရော ဂါ သည် တွေ တော. နဲ. သွား မ လား ပဲ …

  • unclegyi1974

    January 11, 2011 at 3:46 pm

    မုဒိန်းမှုတွေနည်းသွားမလားပဲ
    မနည်းပဲများလာရင်တော့ဒုက္ခ

  • zaw min

    January 11, 2011 at 4:47 pm

    မနောကံရော ကာယကံပါ တခါတည်းကျုးလွန်လို့ ရသွားတာပေါ့။
    ေဩာ်….မတော် လောဘတွေနဲ့ စီးပွါးရှာနေကြပါလား….
    Post အသစ်တင်မရဖြစ်နေပါသည်၊ Server နဲနဲလောက်စစ်ပေးစေချင်ပါတယ်၊

  • naywoonni

    January 12, 2011 at 2:19 am

    အေရောဂါတို့ မုဒိမ်းမှုတို့ကဒါနဲ့မဆိုင်လောက်ပါဘူး..။
    အဲဒါကတော့ စိတ်အလိုလိုက်မှု ထိန်းချုပ်နိုင်မှု အပေါ်မှာပဲ မူတည်မှာပါ

Leave a Reply