မနက်စောစော သတင်းဖတ်လို့ စိတ်မချမ်းမြေ့စရာလေးတွေကြုံရတာကို တခြားသူတွေကိုလည်း မခံစားစေချင်ပေမယ့် ဒါတွေဖြစ်ပျက်နေတယ်ဆိုတာသိဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁. ခွေးတွေ၊ ကြောင်တွေရဲ့ အရေခွံတွေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်း ထောင်ပေါင်းများစွာကို တရုတ်စတိုးဆိုင်ကြီးတစ်ခုတွင်စတင်ရောင်းချ (ဒီဇင်ဘာ ၂၂)

၂. ကိုလံဘီယာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသဖြင့် ယခုချိန်ထိ လူပေါင်း ၂၈၄ ဦးသေဆုံး (ဒီဇင်ဘာ ၂၂)

၃. တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားတင်းမာမှုက စစ်ဖြစ်လုနီးအခြေအနေဖြစ်နေပြီလို့ တရုတ်သံတမန်အဖွဲ့ပြောကြား (ဒီဇင်ဘာ ၂၂)

၎. စပိုင်ဒါမင်းပြဇာတ်မှာ အစမ်းလေ့ကျင့်နေတုန်း စတန့်မင်းသား အမြင့်မှ ပြုတ်ကျ၊ သာမာန်ပြုတ်ကျမှုမျိုးမဟုတ်ဟုဆို (ဒီဇင်ဘာ ၂၁)

၅. ယခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် သေဆုံးဆုံးသူ နိုင်ငံတကာမှ စစ်သားဦးရေမှာ ၇၀၁ ဦးရှိပြီး မနှစ်ကအရေအတွက်ထက် သုံးပုံတစ်ပုံတက်လာ (ဒီဇင်ဘာ ၂၁)

အင်တာနက်သတင်းများကိုစုစည်းထားသည်

About ywetnu

has written 10 post in this Website..