တစ်မနက်တာအတွင်းစိတ်မကောင်းစရာသတင်းများ

ywetnuDecember 22, 20101min974

မနက်စောစော သတင်းဖတ်လို့ စိတ်မချမ်းမြေ့စရာလေးတွေကြုံရတာကို တခြားသူတွေကိုလည်း မခံစားစေချင်ပေမယ့် ဒါတွေဖြစ်ပျက်နေတယ်ဆိုတာသိဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁. ခွေးတွေ၊ ကြောင်တွေရဲ့ အရေခွံတွေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်း ထောင်ပေါင်းများစွာကို တရုတ်စတိုးဆိုင်ကြီးတစ်ခုတွင်စတင်ရောင်းချ (ဒီဇင်ဘာ ၂၂)

၂. ကိုလံဘီယာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးသဖြင့် ယခုချိန်ထိ လူပေါင်း ၂၈၄ ဦးသေဆုံး (ဒီဇင်ဘာ ၂၂)

၃. တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားတင်းမာမှုက စစ်ဖြစ်လုနီးအခြေအနေဖြစ်နေပြီလို့ တရုတ်သံတမန်အဖွဲ့ပြောကြား (ဒီဇင်ဘာ ၂၂)

၄. စပိုင်ဒါမင်းပြဇာတ်မှာ အစမ်းလေ့ကျင့်နေတုန်း စတန့်မင်းသား အမြင့်မှ ပြုတ်ကျ၊ သာမာန်ပြုတ်ကျမှုမျိုးမဟုတ်ဟုဆို (ဒီဇင်ဘာ ၂၁)

၅. ယခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် သေဆုံးဆုံးသူ နိုင်ငံတကာမှ စစ်သားဦးရေမှာ ၇၀၁ ဦးရှိပြီး မနှစ်ကအရေအတွက်ထက် သုံးပုံတစ်ပုံတက်လာ (ဒီဇင်ဘာ ၂၁)

အင်တာနက်သတင်းများကိုစုစည်းထားသည်

4 comments

  • အာဖဂန်နစ္စတန် သတင်းကြားရတာ စိတ်မောမိပါ့။ ကမာ္ဘကျော်စာရေးဆရာ Khaled Hosseini ရဲ့ The Kite Runner ကိုဖတ်ဖူးတော့ သူတို့လူမျိုးတွေကို ချစ်ခင်မိတယ်။ ကိုယ်ချင်းစာမိတယ်။ ခေတ်နောက်ကျတဲ့စာအုပ်မဟုတ်ပါဘူး။ ဂေဇက်က ရွာသားတွေကို အဲဒီစာအုပ်ဖတ်ကြည့်ဖို့ လက်တို့လိုက်ပါတယ်။ ဖတ်မိပြီးရင် စာရေးဆရာ ဟိုစန်နီ ကို ကျေးဇူးတင်လိမ့်မယ်။

  • ywetnu

    December 24, 2010 at 3:18 am

    Khaled Hosseini ရဲ့ ဒုတိယစာအုပ် A Thousand Splendid Sunsလည်းကောင်းပါတယ်။ ဖတ်ကြည့်ပါလား

  • cobra

    December 24, 2010 at 7:12 am

    လာမှလည်းမဆိုင်သလိုဘဲ…တင်ထားတာနဲ့.။

  • ဟုတ်ကဲ့။ ဖတ်ပြီးပါပြီ။ သိပ်ကောင်းပါတယ်။ အမျိုးသမီးဘဝအကြောင်းပါ။ စာရေးဆရာက စာရေးသိပ်တော်တော့ သူတို့နိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်း တင်မက လူမျိုးနွယ်တွေအကြောင်း အို … အကုန်လုံးကိုသိရော။ ဒီလိုဝတ္ထုမျိုးက နိုင်ငံရေးသတင်းကပေးတဲ့ message ထက် အပုံကြီးပိုတာသွားပါတယ်။ ကိုမြွေဟောက် ဖတ်ကြည့်ပါဗျာ။

Leave a Reply