ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ( အိပ်ခ်စ် တူးအို) ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံရိုက် သတင်းယူတဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတဲ့ ကိုစည်သူဇေယျနဲ့ သူ့ဖခင် ဦးဇေယျတို့ နှစ်ဦးမှာ သားဖြစ်တဲ့ ကိုစည်သူဇေယျကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ စွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလေးဖြစ်သူ ဦးဒေဝက RFA ကို အတည်ပြု ပြောဆိုပါတယ်။

အခုလို အမိန့်တွေ ချမှတ်လိုက်ပေမဲ့ ကိုစည်သူဇေယျကို အီလက်ထရွန်းနစ် ပုဒ်မနဲ့လည်း စွဲချက် တင်ထားတဲ့အတွက် နောက်ထပ် တရားရုံးမှာ ထွက်ပြီး၊ စစ်ဆေးခံရဦးမှာ ဖြစ်

About cobra

oakar min maung has written 203 post in this Website..