သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ

cobraDecember 22, 20101min52

ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ( အိပ်ခ်စ် တူးအို) ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံရိုက် သတင်းယူတဲ့အတွက်ဆိုပြီး ဖမ်းဆီးထားတဲ့ ကိုစည်သူဇေယျနဲ့ သူ့ဖခင် ဦးဇေယျတို့ နှစ်ဦးမှာ သားဖြစ်တဲ့ ကိုစည်သူဇေယျကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ စွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလေးဖြစ်သူ ဦးဒေဝက RFA ကို အတည်ပြု ပြောဆိုပါတယ်။

အခုလို အမိန့်တွေ ချမှတ်လိုက်ပေမဲ့ ကိုစည်သူဇေယျကို အီလက်ထရွန်းနစ် ပုဒ်မနဲ့လည်း စွဲချက် တင်ထားတဲ့အတွက် နောက်ထပ် တရားရုံးမှာ ထွက်ပြီး၊ စစ်ဆေးခံရဦးမှာ ဖြစ်