မိမိသာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်းမီရှဲလ် အိုဘားမားကြေညာ

panpanDecember 22, 20101min70

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများ၏ “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။

သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု မြန်မာ့ မီဒီယာ တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးက ပြောသည်။

“ဪ — ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ ရုံးကို လာပြီး ပေါက်ကွဲပြနေတယ်။ အဲဒီတော့ ကျနော်က အကြံတခု ပေးထားတယ်။ ကျနော်တို့ မီဒီယာမှာ ကြော်ငြာထည့်ပေါ့ဗျာ၊ ‘ကျမသာလျှင် တရားဝင် မယားကြီး ဖြစ်ကြောင်း’ ဆိုပြီး ကြော်ငြာထည့်ပါ လို့ ပြောလိုက်တော့ သူ သဘောကျသွားတယ်။ တပတ်အတွင်း အကြောင်းပြန်မယ် တဲ့။ အဲဒါပါပဲဗျာ” ဟု သူက ရှင်းပြသည်။

မြန်မာ မီဒီယာများ တွင်သာမက မြန်မာဘလော့တချို့တွင်လည်း ကြော်ငြာထည့်ရန် မီရှဲလ် အိုဘားမားက အာသီသ ရှိနေသည်။

လော