မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ (Diversity) ဒိုင်ဗားစတီး စာစောင်

လင်းဝေDecember 22, 20101min690

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ(Diversity) ဒိုင်ဗားစတီး စာစောင်ထုတ်ဝေရေးပြီး ပါတီရံပုံငွေရှာမယ်လို့ဆိုပါတယ်။

ရရှိတဲ့ သတင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ ပါတီသည် ၂၀၁၁ ခု နှစ်ဇန်နဝါရီလမှစတင်၍ (Diversity) ဒိုင်ဗားစတီးစာစောင် ကိုစတင်ထုတ် ဝေမည်ဖြစ်ပေသည်။(Diversity) ဒိုင်ဗားစတီး လစဉ်ထုတ်စာစောင်ထုတ်ဝေရာတွင် ပါတီ၏ နသ ဝ၆၈ နှင့် အညီ စာပေစိစစ်ရေးသို့ ၁ဝ စုံ တင်ပြပြီး တရားဥပဒေနှင့်အညီထုတ်ဝေခြင်းဖြစ်ပေသည် ။

ဒိုင်ဗားစတီးစာစောင်တွင် ဆောင်းပါးကဏ္ဍ ၊ ပါတီဝင်များ၏ လတ်တလော နိုင်ငံရေးအမြင် ၊ မိဘပြည်သူများ၏ နိုင်ငံရေးအမြင်များကို ထည့်သွင်းဖော်ပြထားပါသည် ။

ဒိုင်ဗားစတီးစာစောင်ကို စာအုပ်ပုံစံ ရောင်စုံ စာမျက်နှာများဖြင့် ထုတ်ဝေရန်စီစဉ်နေပါသည် ။ အင်တာနက် စာမျက်နှာများတွင်လည်း၊

face book တွင်  naymyowai@gmail.com နှင့်

ဘလော့ဂ်လိပ်စာ   http://www.pdpmyanmar.co.cc/ တွင် ဖော်ပြမည်ဖြစ်ပါသည် ။

အီးမေးလိပ်စာပေါင်း ၇၀၀ဝ ကျော်ကိုလည်း ပေးပို့ဖြန့်ဝေပါမည် ။

စာအုပ်ထုတ်ဝေရာတွင် မိတ်ဆွေများအနေဖြင့် မိမိတို့ ဖြန့်ဖြူးနိုင်သော ပမာဏကို ကြိုတင်မှာကြားထား ကြပါရန်ဖိတ်ခေါ်အပ်ပါသည် ။ စာအုပ်တန်ဖိုးမှာ တစ်အုပ်လျှင် ၂၀ဝ ကျပ်နှင့် ၃၀ဝ ကျပ် ကြားသာ ကုန်ကျမည် ဖြစ်ပါသည် ။

မိတ်ဆွေတို့အနေဖြင့် ပါတီမှ စာအုပ်ကိုကြိုတင်မှာကြားဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်း ချပေး နိုင်ပါလျှင် ကျွန်ုပ်တို့ပါတီကိုကူညီရောက်ပါသည် ။

ကျွန်ုပ်တို့ပါတီအနေဖြင့် ရန်ပုံငွေကို အလှူခံခြင်းနည်းလမ်းဖြင့် ရှာဖွေပါက မိတ်ဆွေများအနေဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကိုလည်း စိုးရိမ်မိပါသည် ။ နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် အခြားနည်းဖြင့် ငွေကြေးသုံးစွဲရန်လည်း မလိုအပ်ပါ ။ မိမိတို့ ပါတီ၏ လုပ်ဆောင်ချက်များ ၊ တည်ဆဲအစိုးရနှင့် နိုင်ငံရေးခေါင်းဆောင်များကို အကြံပြုခြင်း ပြုပြင်ပြောင်း လဲရေးအတွက် နည်းလမ်းများကြံဆရှာဖွေဖော်ထုတ်တင်ပြခြင်း ၊ ပြည်သူလူထုအခက်အခဲများကို အပြုသဘော တင်ပြ ခြင်းတို့ အတွက်သာ ငွေကုန်ကြေးကျခံရန် ရှိပါသည် ။

ထိုသို့ လုပ်ဆောင်ရန်မှာလည်း စာစောင်တွင်ထည့်သွင်းဖော်ပြခြင်းသည်သာ အထိရောက်ဆုံးနည်းလမ်း ဖြစ်ပေ သည်ဟုရှုမြင်ပါသည် ။ ကျွန်ုပ်တို့ နိုင်ငံရေးပါတီများ၏ ထုတ်ဝေသော စာစောင်များကို တည်ဆဲအစိုးရ၏ ယန္တယား အဖွဲ့အစည်းအဆင့်ဆင့်မှ ဖတ်ရှုသုံးသပ်ခြင်းကို ပြုလုပ်နေသည်မှာ အလွန်ကောင်းသော ဆက်သွယ်နည်းလမ်း တစ်ခု ဖြစ်ပေသည် ။ ပေါ်ပေါက်လာသော လွှတ်တော် နှင့် နိုင်ငံရေးပါတီများသို့လည်း စာတိုက်မှတဆင့်ပေးပို့ပါမည် ။

ကျွန်ုပ်တို့ ရရှိထားသော စာပေထုတ်ဝေခွင့် (နသ-၀၆၈)ကိုအကျိုးရှိရှိအသုံးချရန်ဖြစ်ပေသည် ။ ကျွန်ုပ်တို့ ရရှိ ထားသော စာပေလွတ်လပ်ခွင့်ကို မိတ်ဆွေတို့အားမျှဝေလိုပါသည် ။ မိတ်ဆွေတို့ကိုယ်တိုင် ကျွန်ုပ်တို့၏ ဒိုင်ဗားစတီး စာစောင်တွင်ပါဝင်ပြောဆို ဆွေးနွေးကြခြင်းဖြင့် တရားဥပဒေနှင့် ညီညွတ်သော လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အသုံးချကြပါရန် ဖိတ်ခေါ်အပ်ပါသည် ။

ထို့ကြောင့် ကျွန်ုပ်တို့၏ စာစောင်တွင် ပါဝင်ပြောဆိုဆွေးနွေးခြင်း နှင့် စာစောင်များကို လစဉ်ဝယ်ယူကာ ပြန်လည်ဖြန့်ဖြူးပေးခြင်းတို့သည် နိုင်ငံအတွက် အကျိုးတစ်စုံတစ်ရာပြုရာရောက်ပါကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရ ပေသည် ။

မိတ်ဆွေ သင် စာအုပ် လစဉ် ၅၀၀ဝ ကျပ်ဖိုး ( အုပ်ရေ  ၂ဝ ခန့် ) ခန့်ကို ဖြန့်ဖြူးလျှင် နိုင်ငံအတွက် ကောင်းသော အပြောင်းအလဲတစ်စုံတစ်ရာဖြစ်စေရမည် ။ ဘီယာဖိုးလျှော့သုံးခြင်းဖြင့် ကျန်းမာရေးကောင်းသောရလာဒ်ကို လက်ငင်း ခံစားရမည် ။

စာစောင် ဆက်သွယ် မှာကြား ဝယ်ယူ နိုင်သော နေရာများ

၁ ။ ဦးနေမျိုးဝေ ဖုန်း ဝ၉၈၆၁၀၇၁၉ ။ အမှတ်  ၂/၂/၂၃၂ မဟော်ဂနီလမ်းထောက်ကြန့်တိုးချဲ့ ၊ မင်္ဂလာဒုံမြို့နယ် ။

၂ ။ ဦးတင်မောင်အေး ဝ၁ ၂၄၃၆၃၃ ။ အမှတ် ၁၃၈ လမ်း ၄ဝ ကျောက်တံတား ။

၃ ။ ဦးအောင်မျိုးဦး ဝ၁ ၅၀၀၆၁ဝ ။ အမှတ် ၄၄ ဦးရွှေစိုးလမ်း ၊ မန်ကျီးတန်းတောင်အနောက်ရပ်ကွက်၊ကြည့်မြင်တိုင် ။

၄ ။ ဦးမိုးကောင်း ၊ ဝါယာလက် ၊ နှင်းဆီဆေးဆိုင် နှင့် စာအုပ်အငှားဆိုင်။

၅ ။ ဒေါ်စန္ဒာဦး ၊ ဖုန်း ဝ၉၈၅၉၆၀၂၃ ။ အမှတ် ၅၃ ၊ ပိတောက်လမ်း ၊ ၄ ရပ်ကွက် ဘိုကလေးမြို့ ။

ပထမဦးဆုံးထုတ်ဝေသော

(Diversity) ဒိုင်ဗားစတီးစာစောင်

အမှတ်စဉ်(၁) ကို

လွတ်လပ်ရေးနေ့ 4.1.2011 အင်္ဂါနေ့ တွင်ထုတ်ဝေမည် ။

စာအုပ် အမှာများစတင် လက်ခံပြီ

လွတ်လပ်ရေးနေ့မိတ်ဆုံစားပွဲတစ်ခုကိုလည်း ဌာနချုပ်တွင်ပြုလုပ်မည် ။

ဟောပြောခြင်းအခမ်းအနားအစီအစဉ်မရှိပါ ။

လိပ်စာများဖလှယ်ကြမည် ။

အလွတ်တမ်းပြောဆိုဆွေးနွေးကြမည် ။

ဒံပေါက်ဖြင့်ဧည့်ခံမည် ။

ဖိတ်စာကဒ် တစ်ကဒ်လျှင် ၁၀၀ဝ ကျပ်ဖြင့် မည်သူမဆို ဝယ်ယူနိုင်ပါသည် ။

ဖိတ်စာကဒ်နှင့် တက်ရောက်ရန်ဖြစ်ပါသည် ။

ယခုအချိန်အထိ ဖိတ်စာကဒ်  ၆၄ ကဒ် ရောင်းပြီးဖြစ်ပါသည် ။

ဝယ်ယူလိုလျှင် တယ်လီဖုန်း နံပါတ် 098610719 ကို ဆက်သွယ်ပြီး မှာယူနိုင်သည် ။

ပါတီ၏ ညွှန်ကြားချက်အရ

နေမျိုးဝေ

အထွေထွေအတွင်းရေးမှူး

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

ရက်စွဲ ( 22.12.2010)

ဖုန်း 098610719