(ကျမသမီးလေး သူငယ်တန်းအရွယ်မှ ယခု စတုတ္ထတန်းအရွယ်အထိ ပြောခဲ့တာတွေကို ရေးထားတာပါ)

(၁)
တနေ့၌ သူငယ်တန်းတက်နေသောကျောင်းသူလေးအား သူ၏မိခင်ဖြစ်သူက ကမ္ဘာ့မြေပုံထောက်ပြပြီး တနေရာကို ဒါကတော့ မြန်မာနိုင်ငံ တနေရာကိုထောက်ပြီး ဒါကတော့ ဂျပန်နိုင်ငံ နောက်တနေရာကိုထောက်ပြီး ဒါကတော့ ကိုးရီးယားနိုင်ငံ ဆိုပြီး ပြောပြပါသည်။ ထိုအခါ သမီးဖြစ်သူကပြောလိုက်တာကတော့ “ဂျပန်နိုင်ငံ နဲ့ ကိုးရီးယားနိုင်ငံက ခြေလှမ်း ၂လှမ်းဆိုရင် ရောက်တာပဲ”တဲ့
(၂)
သူငယ်တန်းစာသင်ခန်းအခန်းတစ်ခန်းတွင် ဆရာမက “ကလေးတို့ရေ ဆရာမရေးခိုင်းထားတဲ့ ဝလုံးလေးတွေ တစ်မျက်နှာပြည့်အောင် ရေးခိုင်းထားတာ ရေးပြီးတဲ့လူတွေ ဆရာမဆီ စာအုပ်တွေယူလာခဲ့ပါဦး” လို့ပြောလိုက်ပါသည် ။ထိုအခါ ရေးပြီးသောကလေးများက စာအုပ်တွေဆရာမဆီယူလာပြပါသည်။ထိုအထဲတွင် ကျောင်းသူကလေးတယောက်ရဲ့စာအုပ်ကို ဆရာမကြည့်ပြီး အားရပါးရ ရယ်လိုက်ရပါသည်။ ဖြစ်ပုံက ထိုကျောင်းသူကလေးက စာမျက်နှာ၏အပေါ်ဆုံးစာကြောင်းတစ်ကြောင်း၊ အလယ်တစ်ကြောင်းနှင့် အောက်ဆုံးစာကြောင်းတွင်သာ ဝလုံးများရေးထားသောကြောင့်ဖြစ်ပါသည်။
(၃)
မိသားစုတစ်စုဟာ နေပြည်တော်တွင်ရှိသော တိရိစ္ဆာန်ရုံသို့ သွားလည်ကြပါသည်။ထို့နောက်တွင် တတိယတန်းတက်နေသောကျောင်းသူတစ်ဦးက ရတနာပုံနေပြည်တော်အကြောင်း စာသင်ရတာကို သတိရပြီ်း သူ၏ မိခင်ဖြစ်သူအားမေးလိုက်တာကတော့ “မေမေ သမီးတို့သင်ရတာ ရတနာပုံနေပြည်တော်ဆိုတော့ ခု နေပြည်တော်က တိရိစ္ဆာန်ရုံနေပြည်တော်လားဟင်”တဲ့
(၄)
စတုတ္ထတန်းတက်နေသောကျောင်းသူကလေးက စာကျက်နေချိန်တွင် သူ၏မိခင်ဖြစ်သူက “သမီးရေ သမီးကိုမေမေ အရမ်းချစ်တာပဲ သမီးကိုမေမေ့ဗိုက်ထဲပြန်ထည့်ထားချင်တယ်” ဟုပြောလိုက်သောအခါ သမီးဖြစ်သူက “မဝင်ချင်ပါဘူးမေမေရာ နောက်တခါပြန်မွေးတော့လဲ ဒီစာတွေပြန်ကျက်ရဦးမှာပဲ” တဲ့
(၅)
မိခင်ဖြစ်သူက စတုတ္ထတန်းတက်နေသောသူ၏သမီးဖြစ်သူအား သမီးကြီးလာရင် ဆရာဝန်လုပ်ပါလားဟုပြောလိုက်သောအခါ မလုပ်ချင်ပါဘူး ဟုပြန်ဖြေပါသည်။ ဘာလို့လဲသမီးရယ် ဆရာဝန်ဆိုတာ သူများဖင်ကို ဆေးထိုးပေးရတာပဲ ဟုပြောလိုက်သည်။ ထိုအခါ သမီးဖြစ်သူကဖြေလိုက်တာကတော့ ဖင်မဲမဲကြီးတွေ ဆေးထိုးမပေးချင်ဘူးတဲ့

About snow

snow has written 10 post in this Website..