ကလေးတယောက်ရဲ့ပြုံးစရာအတွေး

snowDecember 22, 20101min1083

(ကျမသမီးလေး သူငယ်တန်းအရွယ်မှ ယခု စတုတ္ထတန်းအရွယ်အထိ ပြောခဲ့တာတွေကို ရေးထားတာပါ)

(၁)
တနေ့၌ သူငယ်တန်းတက်နေသောကျောင်းသူလေးအား သူ၏မိခင်ဖြစ်သူက ကမ္ဘာ့မြေပုံထောက်ပြပြီး တနေရာကို ဒါကတော့ မြန်မာနိုင်ငံ တနေရာကိုထောက်ပြီး ဒါကတော့ ဂျပန်နိုင်ငံ နောက်တနေရာကိုထောက်ပြီး ဒါကတော့ ကိုးရီးယားနိုင်ငံ ဆိုပြီး ပြောပြပါသည်။ ထိုအခါ သမီးဖြစ်သူကပြောလိုက်တာကတော့ “ဂျပန်နိုင်ငံ နဲ့ ကိုးရီးယားနိုင်ငံက ခြေလှမ်း ၂လှမ်းဆိုရင် ရောက်တာပဲ”တဲ့
(၂)
သူငယ်တန်းစာသင်ခန်းအခန်းတစ်ခန်းတွင် ဆရာမက “ကလေးတို့ရေ ဆရာမရေးခိုင်းထားတဲ့ ဝလုံးလေးတွေ တစ်မျက်နှာပြည့်အောင် ရေးခိုင်းထားတာ ရေးပြီးတဲ့လူတွေ ဆရာမဆီ စာအုပ်တွေယူလာခဲ့ပါဦး” လို့ပြောလိုက်ပါသည် ။ထိုအခါ ရေးပြီးသောကလေးများက စာအုပ်တွေဆရာမဆီယူလာပြပါသည်။ထိုအထဲတွင် ကျောင်းသူကလေးတယောက်ရဲ့စာအုပ်ကို ဆရာမကြည့်ပြီး အားရပါးရ ရယ်လိုက်ရပါသည်။ ဖြစ်ပုံက ထိုကျောင်းသူကလေးက စာမျက်နှာ၏အပေါ်ဆုံးစာကြောင်းတစ်ကြောင်း၊ အလယ်တစ်ကြောင်းနှင့် အောက်ဆုံးစာကြောင်းတွင်သာ ဝလုံးများရေးထားသောကြောင့်ဖြစ်ပါသည်။
(၃)
မိသားစုတစ်စုဟာ နေပြည်တော်တွင်ရှိသော တိရိစာ္ဆန်ရုံသို့ သွားလည်ကြပါသည်။ထို့နောက်တွင် တတိယတန်းတက်နေသောကျောင်းသူတစ်ဦးက ရတနာပုံနေပြည်တော်အကြောင်း စာသင်ရတာကို သတိရပြီ်း သူ၏ မိခင်ဖြစ်သူအားမေးလိုက်တာကတော့ “မေမေ သမီးတို့သင်ရတာ ရတနာပုံနေပြည်တော်ဆိုတော့ ခု နေပြည်တော်က တိရိစာ္ဆန်ရုံနေပြည်တော်လားဟင်”တဲ့
(၄)
စတုတ္ထတန်းတက်နေသောကျောင်းသူကလေးက စာကျက်နေချိန်တွင် သူ၏မိခင်ဖြစ်သူက “သမီးရေ သမီးကိုမေမေ အရမ်းချစ်တာပဲ သမီးကိုမေမေ့ဗိုက်ထဲပြန်ထည့်ထားချင်တယ်” ဟုပြောလိုက်သောအခါ သမီးဖြစ်သူက “မဝင်ချင်ပါဘူးမေမေရာ နောက်တခါပြန်မွေးတော့လဲ ဒီစာတွေပြန်ကျက်ရဦးမှာပဲ” တဲ့
(၅)
မိခင်ဖြစ်သူက စတုတ္ထတန်းတက်နေသောသူ၏သမီးဖြစ်သူအား သမီးကြီးလာရင် ဆရာဝန်လုပ်ပါလားဟုပြောလိုက်သောအခါ မလုပ်ချင်ပါဘူး ဟုပြန်ဖြေပါသည်။ ဘာလို့လဲသမီးရယ် ဆရာဝန်ဆိုတာ သူများဖင်ကို ဆေးထိုးပေးရတာပဲ ဟုပြောလိုက်သည်။ ထိုအခါ သမီးဖြစ်သူကဖြေလိုက်တာကတော့ ဖင်မဲမဲကြီးတွေ ဆေးထိုးမပေးချင်ဘူးတဲ့

3 comments

  • kai

    December 22, 2010 at 9:23 am

    သမီးပြောတာ မှန်ပါတယ်ကွယ်..။
    တောင်ကိုရီးယားကျွန်းစွန်းလေးကို ..ဂျပန်ကျွန်းကနေ နေသာတဲ့နေ့ဆို လှမ်းမြင်ရတာ…. ဆိုတော့ ဂျပန်ကျွန်းဖက်က .. ပထမခြေလှမ်းက ရေထဲခုန်ချလိုက်တာပေါ့..။
    ဒုတိယခြေလှမ်းက ..ကိုရီယားဖက် ပြန်တက်တာပေါ့..။ ကျန်တာက ရေကူးနေတာလေ….။ 🙂

  • ဆူး

    December 22, 2010 at 4:15 pm

    ငယ်ငယ်က တွေးဘူးတယ်.. ငါအခုနေ သေပြီး လူပြန်ဖြစ်ရင် ဒီစာတွေ အစက ပြန်ကျက်နေရတော့မှာဘဲလို့.. တွေးမိဘူးတာ အမှန်ဘဲ။

  • bigcat

    December 23, 2010 at 1:50 am

    ဲဂျာနူးရဲ့ သမီးလေးက ကိုရီးယားဇာတ်ကားတွေကြည့်ပြီးတော့ ဘာမှမပြောဘူးလား။
    တရုတ် ဂျပန် ကိုရီးယား အရင်တုန်းက တကျွန်းထဲသားတွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့ စပ်ဆက်ပုံ သမိုင်းကိုသိသူများ ရေးကြပါအုံး။

Leave a Reply