အငြိမ့် ဗွီဒီယို ပြဿနာ ….

fattyDecember 25, 20101min842

ဒါရိုက်တာမောင်မျိုးမင်းတို့ရဲ့ ထာဝရနှင်းဆီ အငြိမ့် ပြီးကထဲက ညွှန်ကြားချက်တွေထွက်လာပါတယ်။ အငြိမ့်ပွဲ ကဖို့ပွဲမိန့်တောင်းရင် စီစစ်ရေးကို အရင်ကပြ
ရမယ်ပြောပါတယ်။အဲဒီက ခွင့်ပြုတဲ့ ပျက်လုံးတွေကိုမှ အငြိမ့်မှာသုံးခွင့်ပြုမယ်လို့ဆိုပါတယ်။ မန ္တလေးက ပါပါလေးတို့ကတော့
အငြိမ့်အရသာ ပျက်စီးနိုင်ကြောင်း …။ ခွင့်ပြုချက်ရပြီးတဲ့ ပျက်လုံးတွေကို
အလွတ်ကျက်ပြီးမှ စင်ပေါ်မှာ ပြန်ပျက်ရမယ်ဆိုရင် အငြိမ့် ပျက်လုံးခွင်ရဲ့ အရသာ
ပျက်စီး သွားမယ် .. တကယ်တန်းက အငြိမ့်ဆိုတာ စင်ပေါ်မှာ ရုတ်တရက်
ပေါ်လာတဲ့ ဟာသ ဉာဏ်နဲ့ ပျက်လုံးထုတ်မှသာ တကယ့်အရသာကို ခံစား
နိုင်ကြမှာဖြစ်ကြောင်းလည်းပြောသွားပါတယ်။ အဲဒါမျိုးကို အငြိမ့်လောကမှာ
ဘောက်လုံးလို့ခေါ်ပါတယ် ..။ .. အရင်ကလည်း ရိုးရာ သံချပ် တွေပျောက်
ကွယ်ခဲပါပြီ။ ဒီတခါလဲ အငြိမ့်အနုပညာ တဖြေးဖြေးနဲ့ တိမ်ကောသွားနိုင်မဲ့
အနေအထားပါ။

2 comments

  • kai

    December 25, 2010 at 8:30 am

    အင်းဗျာ..
    သက်ဦးဆံပိုင် ဘုရင်ခေတ်တောင်.. တိုင်းသူပြည်သားတွေဘာဖြစ်နေသလည်းသိအောင် ဘုရင်တွေဆင်း .. လူထုကြားထဲစနည်းနာကြတယ်..။
    တဘောင်တွေ နားထောင်ကြတယ်..။
    တကယ်တော့ တဘောင်ဆိုတာ ..လူထဲက..လူတွေကဖြစ်ချင်တာကို ပြောတာပဲ..။
    ဒီလို တဘောင်ဆိုတာမျိုုးက..
    ကလေး၊ သူရူးနဲ့သဘင်သည်လူပျက်တွေဆီကလာတာပါ..။
    အဲဒါကြောင့်.. အရူး၊ ကလေးနဲ့သဘင်သည်တို့ ဘာပြောပြော… မြန်မာဘုရင်အဆက်ဆက် ခွင့်လွတ်ခဲ့ကြတယ်..။နားထောင်ကြတယ်..။
    ဒါကို သိမှ ..ဘုရင်ဆိုတာ သူဘာမှားသလည်း ပြင်နိုင်ဆင်နိုင်မှာပေါ့..။
    ဒီခေတ်ရောက်တော့ လည်း အစိုးရလုပ်တဲ့ကောင်တွေက .. နားထောင်ကြည့်သင့်တာပေါ့..။

    အခုတော့ ..ကလေးလဲပိတ်..ခွေးလည်းတိတ်..။ အရူးလည်း ..အိပ်..။ လူပျက်ပါ… ရက်စက်ခံရတဲ့ဘဝရောက်နေပြီ..။

  • char too lan

    December 25, 2010 at 1:38 pm

    ဦးဖက်ရယ်~~
    သူတိုကခွင့်ပြုမှာပါ အောက်ပိုင်းပျက်လုံး ယုတ်ယုတ်မာမာတွေကိုလေ

Leave a Reply