“စာမူတွေလက်ခံနေပါသေးတယ်ဆိုတဲ့အကြောင်း”

သူရႆဝါDecember 24, 20101min961

Mysuboo Fanclub ရဲ့ သုံးနှစ်ပြည့် အထိမ်းအမှတ် ထုတ်ဝေမယ့် နှစ်ပတ်လည် မဂ္ဂဇင်းအတွက် စာမူတွေ ပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းကို တလောက ကျွန်တော် Post တစ်ခုတင်ပြီး စာမူရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော် စာမူဖိတ်ခေါ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Online Writer များ၊ စာရေးဆရာများ၊ Blogger များဆီက ပေးပို့တဲ့ စာမူတွေ အများအပြားရောက်လာလို့ ဝမ်းသာရပါတယ်။ ရောက်လာတဲ့ စာမူထဲမှာ ကဗျာစာမူတွေ အရမ်းများပြီး ဝတ္ထုတို အနည်းငယ်လည်း ရခဲ့ပါတယ်။ ကာတွန်း၊ ဟာသ၊ ဆောင်းပါး၊ ရသစာတမ်း (Essay) တို့ကိုတော့ ဘယ်သူမှ ပေးပို့ခြင်း မရှိသေးပါဘူး။

ပထမတုန်းက ကျွန်တော်ပြောထားတဲ့ အတိုင်းပဲ ဒီဇင်ဘာလကုန် ၃၁ ရက်နေ့မှာ စာမူတွေ နောက်ဆုံး ပေးပို့လို့ ရပါသေးတယ်။ ကြိုတင်ပြီး ကြေငြာပေးထားတဲ့ အတိုင်းပဲ ရောက်ရှိလာတဲ့ စာမူတွေထဲက မဂ္ဂဇင်းမှာ ဖော်ပြဖို့ ရွေးချယ် ခံရတဲ့ စာမူရှင်တွေဆီကို မိမိတို့ရဲ့ စာမူများကို ရွေးချယ်ထားတဲ့အကြောင်း အကြောင်းကြားပေးမှာ ဖြစ်ပြီး အဲဒီ စာမူရှင်တွေရဲ့ စာမူတွေထဲက အယ်ဒီတာအဖွဲ့ အကြိုက်ဆုံး ရသမြောက် စာမူအချို့ကို ကျွန်တော်တို့ Mysuboo Fanclub 3rd Anniversary မှာ အမှတ်တရ ဆုလက်ဆောင်တွေ ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး အဲဒီ စာမူရှင်များကို Record လုပ်ထားပြီး Mysuboo Poetry Club ရဲ့ နောက်ပိုင်းမှာ ထုတ်ဝေမယ့် ဝတ္ထုတိုပေါင်းချုပ်၊ လုံးချင်းစာအုပ် အစရှိတဲ့ စာအုပ်များမှာ ဦးစားပေးပြီး ထည့်သွင်းဖော်ပြပေးဖို့လည်း စီစဉ်ထားပါတယ်။

အခု စာမူများ ဖောင်ပိတ်ဖို့ ခြောက်ရက်လောက်ပဲ လိုပါတော့တယ်။ စာမူပို့လို့ ရတဲ့အကြောင်းကို မသိရှိ သေးသူများ သိရှိအောင် ထပ်ပြီး Post Update လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ စာမူပေးပို့နိုင်တဲ့ Email Address ကတော့ thurathawah.ptk@gmail.com ဖြစ်ပါတယ်။ သိလိုတာများရှိရင်လည်း အဲဒီမေးလ်ကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်း နိုင်ပါတယ် ခင်ဗျာ။

သူရဿဝါ

ဒီဇင်ဘာ ၂၄ ရက် ၊ ၂၀၁ဝ ခုနှစ်



One comment

  • bigcat

    December 26, 2010 at 8:36 pm

    ဖိတ်ခေါ်ချက်အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါပေမဲ့ ဒီမှာရေးရင် ၈ဝ ကတော့ သေချာတယ်။ ခင်ဗျားတို့ဆီမှာက မသေချာဘူး။ ဒီတော့ မသေချာတဲ့ ရွှေမင်းသမီးချောကို မှန်းနေမဲ့အစား အိမ်နားက ကောင်မလေးကိုပဲ ကြံတော့မယ်ဗျာ။

Leave a Reply