ဘရုတ် – ဟာ 01 551162 551163 ဘယ်လိုမှခေါ်မရပါလား

၅မိနစ်ကြာ ဖုန်းပြန်ခေါ်ပါတယ်။ မရ။

၁၅ မိနစ်ကြာ ပြန်ခေါ်ပါတယ်။ ကံကောင်းထောက်မစွာ ၀င်သွားပါတယ်။

ဘရုတ် – Redlink ကလားခင်ဗျား။

Redlink – ဟုတ်ကဲ့ရှင်။

ဘရုတ် – ကျနော် ကော်နက်ရှင်မကောင်း လို. Service နဲ.ပြောချင်လို.ပါ။

Redlink – ဟုတ်ကဲ့ရှင့်။ လွှဲပေးပါမယ်။

တီးလုံးလေးပေါ်လာပါတယ်။ ၃မိနစ်သာကြာသွားတယ်။ ဘာမှ မကြားရတော့ပါ။ ဖုံးပြန်ကျသွားပါတယ်။

၅မိနစ်ကြာ ပြန်ခေါ်ပါတယ်။

ဘရုတ် – Redlink ကလားခင်ဗျား။

Redlink – ဟုတ်ကဲ့ရှင်။

ဘရုတ် – ကျနော် ကော်နက်ရှင်မကောင်း လို. Service နဲ.ပြောချင်လို.ပါ။

Redlink – ဟုတ်ကဲ့ရှင့်။ လွှဲပေးပါမယ်။

တီးလုံးလေးပေါ်လာပါတယ်။ ၃မိနစ်သာကြာသွားတယ်။ ကြားလိုက်ရတာက

Service ကဖုန်းမအားသေးလို.ပါရှင့်။

၅မိနစ်ကြာ ပြန်ခေါ်ပါတယ်။

ဘရုတ် – Redlink ကလားခင်ဗျား။

Redlink – ဟုတ်ကဲ့ရှင်။

ဘရုတ် – ကျနော် ကော်နက်ရှင်မကောင်း လို. Service နဲ.ပြောချင်လို.ပါ။

Redlink – ဟုတ်ကဲ့ရှင့်။ လွှဲပေးပါမယ်။

Service မှ တစ်ယောက်လာကိုင်ပါတယ်။ ဖြေလိုက်ပုံက ရတနာပုံက down နေပါတယ်တဲ့။

အမှန်တကယ် တစ်ခြား ADSL Service, Broadband တို.မှာ သုံးရနေပါတယ်။ ယခင်က Red Link Wimax များမှာ ကောင်းမွန်စွာသုံးရပါတယ်။ ယခုတော့ တစ်ရက်ပြီးတစ်ရက်ဆိုးလာပါတယ်။

ISO လက်မှတ်ရသော Red Link ကိုဘဲ ဂုန်ပြုပေးရမလား။ ISO ပေးသော လူတွေကိုဘဲ အပြစ်တင်ရတော့မလား။ ISO ရပြီးတော့မှဘဲ Service ကော အင်တာနက်လှိုင်းတွေပါကျသွားကြောင်း ပါ။

နောက်တစ်ခုကြားလိုက်ရတာကတော့ အင်ဂျင်နီယာ ၀န်ထမ်းများအား အလုပ်ထွက်ပါက IT လောကနယ်ပယ် Company သို. တစ်နှစ် အလုပ်မလုပ်ပါဟု BOND ထိုးခိုင်းကြောင်း……

ကျွမ်းကျင်ဝန်ထမ်း များ စိတ်ညစ်ကာ အလုပ်ထွက်သွားကြောင်းနှင့် ယခု Engineers ၀န်ထမ်းများမှာလည်း စိတ်ပါဝင်စားမှုလျှော့နည်းလာကြောင်းပြောပါတယ်။

RedLink မှတာဝန်ခံများ အမြန်ဆုံး သိရှိရန်နှင့် Customer လိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရန်၊Customer များအသိအမှတ် ပြုသော ISO လက်မှတ်ကို ရနိုင်ပါစေကြောင်း……

About Bayote

Bayote has written 395 post in this Website..