လူတွေဟာ

nyimalayDecember 24, 20101min946

ကျွန်မသိတတ်စအရွယ်တွင် မိဘများ၏ စီးပွားရေး အခြေအနေမှာအင်မတန်ကိုမှကောင်းပါတယ်။

ပိုက်ဆံဆိုသည်မှာရှားပါးသည့်အရာဟုပင် မထင်ခဲ့မိပါ။ လူချစ်လူခင်ကလည်း အင်မတန်မှပေါများခဲ့ပါတယ်။

တကယ်လို့သာအဲ့ဒီအချိန်ကတည်းကသာ ပိုက်ဆံဆိုသည်မှာ အင်မတန်အရေးပါအရာရောက်သောအရာဝထ္ထုဆိုတာကို

သိခဲ့ရင်ဘယ်လောက်ကောင်းမလဲ။ပိုက်ဆံရှိရင်အပေါင်းအသင်းရှိတယ်………… ရှိတယ်ဆိုတာထက်ပေါတယ်………..လူချစ်လူခင်ပေါတယ်။ အရာရာကိုဖန်တီးနိုင်စွမ်းရှိသောပိုက်ဆံပဲ…………

ဒီလိုနဲ့ပဲဖေဖေနဲ့မေမေတို့ရဲ.စီးပွားရေးကျသွားချိန်မှာတော့လူတွေဟာ ……………………………. 🙁

6 comments

  • kai

    December 25, 2010 at 12:24 am

    ဂုဏ်..ဂုဏ်. ဂုဏ်..ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်။ ငွေကိုသာ ရေလိုသုံးရင် တစ်ကမ္ဘာလုံးမှာ လုပ်သမျှတင့်တယ် ယောက္ခမကြီးက မျက်နှာချိုတယ် ကိုယ့်မယားက စေတနာပိုတယ်..။

    ဦးသုခ

  • ဆူး

    December 25, 2010 at 2:52 am

    ပိစိကွေးလေးရေ.. လောကကြီးမှာ လူတွေ ဘယ်သူက ဘယ်လို စိတ်ရှိလဲ ဆိုတာ သိအောင် လောကကြီးက ပြောပြတာဖြစ်ပါလိမ့်မယ်။ နောက်များ သတိရှိရှိ ဆက်ဆံ နိုင်အောင်ပါ။ စိတ်ဓါတ်မကျပါနဲ့.. စိတ်ဓါတ်က အရေးကြီးတဲ့ အတွက် စိတ်ဓါတ်ခွန်အား ဖြစ်အောင် မွေးမြူထားပါ။ လောကကြီးမှာ လူတွေ အများကြီးပါ သာပေါင်းညာစား သာကူတွေ လည်း ရှိသလို စိတ်ရင်း အမှန် ရှိတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ညီမလေး ပိစိကွေး စိတ်ဓါတ်မှန်တဲ့ လူသားတွေကို ရှာဖွေ တွေ့ရှိပါစေ။

  • နွယ်ပင်

    December 25, 2010 at 3:31 am

    ပိစိကွေးလေးရေ.. အားမငယ်ပါနဲ့ လောကကြီးမှာ ငွေကိုသာမြင်တက်တဲ့ ဒီလိုလူမျိုးတွေရှိသလို . ိစိတ်ရင်းကောင်းစေတနာနဲ့ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေလဲရှိပါသေးတယ် …

  • full of goods news

    December 25, 2010 at 5:29 am

    ကိုယ်လိုလူမျိုးနဲ.ဆုံလာတဲ့အခါ ကိုယ့်လိုမခံစားရအောင် စာနာဂရုဏာထားနိုင်ခဲ့မယ်ဆိုရင် အရှုံးထဲကအမြတ်ပါ …

  • bigcat

    December 25, 2010 at 6:49 am

    ဂလိုအသိရှိရင် ထွက်ပြေးသွားတဲ့ ပိုက်ပိုက်ကို ပြန်ရှာဖို့ လုံလောက်ပါပြီ။ တရုတ်စကားမှာလားမသိဘူး ရှိရှိတယ်၊ ငွေမှာခြေလေးချောင်းရှိလို့ ခြေနှစ်ချောင်းပဲရှိတဲ့လူထက် ပြေးတာပိုမြန်တယ်တဲ့။ ဒီတော့ ငါ့ညီမရေ သူ့ထက်မြန်အောင်သာပြေးဖို့ပြင်ပေတော့။ ကိုကြောင်ကြီးကတော့ လိုက်မမှီလို့ စကိတ်စီးသင်နေပြီ။

  • ဆူး

    December 25, 2010 at 7:01 am

    ဦးကြောင်ကြီးရေ
    လိုက်ရင် ဝေးမယ်
    မျှော်ရင် မောမယ်

    ဒီတော့ ငြိမ်ငြိမ်လေး တရားစခန်းမှာ ကုသိုလ် ရှင်လို့ အလကားကျွှေးတာ စားပြီး ဘဝစိတ်နဲ့ အိပ်သာ နေပေတော့။ အေးတော့ အေးချမ်းသား နော်.. အဟဲ.. 😛

Leave a Reply