“ကျနော့်ရင်ထဲကို ……………………ရောက်မလာဘူး”

“ကျွန်တော့်ရင်ထဲကို …………….. ရောက်မလာဘူး”

“ခုခေတ်ခလေးတွေများ ကျနော်တို့တုန်းကနဲ့ကွာပါ့ “
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်
အပ်ကြောင်းထပ်နေတဲ့စကား ။
သောက်လက်စဘီယာခွက်ကို အသာမ
လက်ကြားကစီးကရက်ကိုဆရင်း
“ မီးတတို့လောက်“လို့တောင်းရင်းပြောလိုက်တဲ့
မျက်မှန်ထူထူနဲ့လူရဲ့စကား
ကျနော့်ရင်ထဲကို …………………………….။

“အနိစ္စ၊ဒုက္ခ၊အနတ္တ၊”
“သေရင်ကိုယ့်နောက်ဘာမှ မပါဘူူး၊
တွယ်ညိ်တဲ့တဏှာတွေဖြတ်ကြ
တရားတွေမှတ်ကြဟဲ့” လို့
အမြှုတ်ထွက်မတတ်ပြောရင်း
သုံးနာရီဒေါင် ဆိုတာနဲ့၊
“ဘာထွက်လဲ “လို့
စနေတနင်္ဂနွေမှာတောင် ယောင်ယောင်ပြီး
ခေါင်းထောင်ကာနားစွင့်တတ်တဲ့ တရားရှင်ရဲ့စကားများကလဲ
ကျနော့်ရင်ထဲကို …………………………….။

ကို်ယ့်အမေထက်တောင်ပိုချစ်သယောင်နဲ့
“အမေ “လို့ “တ “ကြ။
ဖွဲ့ွနွဲ့ကြ ၊သဲသဲလှုပ်ကြ၊
ဝိုင်းဝန်းလို့ချီးပကြ၊ဂုဏ်တွေမြှောက်ပြကြပေမယ့်၊
အရေးဆို အပြင်ထွက်လျှောက်ဘို့မပြောနဲ့
လက်ကလေးတောင်ရဲရဲထောင်မပြရဲတဲ့
ယုံကြည်မူ့မခိုင်မာ လူ့ဗလာတွေရဲ့ စကားတွေကလဲ
ကျနော့်ရင်ထဲကို …………………………….။

ဟိုအရင်လက ဘယ်လောက်
ပြီးခဲ့တဲ့လကဘယ်လောက်
အခုထိဆိုရင်ဘယ်လောက်
ဒီအတိုင်းဆက်သောက်နေလို့ကတော့
နောက်ထပ်ပြီးမပေးနိုင်တော့ဘူးလို့
လက်ညိုးလေးထောက်ထောက်ပြီးပြောတတ်တဲ့
အကြွေးရှင်ရဲ့စကားတွေကလဲ
ကျနော့်ရင်ထဲကို …………………………….။

ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။
ကျနော့်ရင်ထဲကို …………………………….။

ကိုပေါက်(မန္တလေး) အတွေးစဉ်ကဗျာများ

10 comments

  • manawphyulay

    December 25, 2010 at 10:07 am

    နှစ်ဟောင်းပြီးတော့ နှစ်သစ်
    အခါခါ ပြောင်းလဲသွား
    ရခဲ့တာက ဘာတွေများ
    တွေးမိတွေးရာ ရေးမိရေးရာ
    အကြောင်းတရား
    အကြွေးတွေက ပတ်ချာဝိုင်း
    ကျွန်မ့ရင်ထဲမှာ……………………

  • ဆူး

    December 25, 2010 at 10:24 am

    ဒီပိုစ့်လေးကို မနေ့တည်းကတွေ့တယ် တဝက်တပျက်နဲ့ အခုမှ အစအဆုံး တွေ့တော့တယ်။

  • naywoonni

    December 25, 2010 at 2:02 pm

    ကျွန်တော့ရင်ထဲကို……….ရောက်မလာဘူး ကလည်း ကျွန်တော့ရင်ထဲကို………ရောက်မလာဘူး 😛

  • naywoonni

    December 26, 2010 at 6:46 am

    ကျွန်တော့ရင်ထဲရောက်မလာတာက ကဗျာကကျယ်ပြန့်နေပြီး ကျွန်တော့ရင်ဘတ်က သေးငယ်နေလို့ပေါ့
    အဲဒိတော့ ရင်ထဲကဗျာ မရောက်ပဲ ကဗျာထဲ ရင်ရောက်သွားတာဗျိိုး…………………

  • char too lan

    December 27, 2010 at 8:45 am

    ကဗျာကြီးကအရမ်းကောင်းနေတယ် တစ်ခါထဲအလွတ်ကျက်ပစ်လိုက်တယ်
    လေးပေါက်ရေ~~~ခွင့်ပြုပါ 🙂

  • surmi

    September 26, 2012 at 11:58 pm

    ရွာထဲသိပ်မစည်ကားခင် ကလောက်ထင်တယ် ။
    ကဗျာဆိုရင် ခံစားတတ်သူနဲတာကိုး
    ခုနေ ပြန်ရေးပါဦးလား အစ်ကိုရေ ….

  • kyeemite

    September 27, 2012 at 10:59 am

    ကိုပေါက်ရေ..ဒီကဗျာလေးက
    လက်ဟောင်းလေးလား…ကျနော်တော့ အခုမှဖတ်ရတယ်…
    အတွေးလေးတွေပါပေမဲ့ ရိုးရိုးကြီး ပြောပြနေသလိုမို့
    ကဗျာကောင်းလေးပါလို့….

  • ရွှေ ကြည်

    September 27, 2012 at 12:12 pm

    တင်ထားတာကြာပြီလား လေးပေါက်ရေ အခုမှတွေ့တယ်။
    အပြောနဲ့အလုပ်ကိုယှဉ်ပြထားတာကောင်းလိုက်တာ..။

Leave a Reply