Merry Christmas to Our Friends, Readers and Writers!

kaiDecember 25, 20102min1581

St Joseph's Roman Catholic Church in Mandalay

Silent Night : Lyrics

Play Music !

Silent night, holy night
All is calm, all is bright
Round yon Virgin Mother and Child
Holy Infant so tender and mild
Sleep in heavenly peace
Sleep in heavenly peaceSilent night, holy night!
Shepherds quake at the sight
Glories stream from heaven afar
Heavenly hosts sing Alleluia!
Christ, the Saviour is born
Christ, the Saviour is born

Silent night, holy night
Son of God, love’s pure light
Radiant beams from Thy holy face
With the dawn of redeeming grace
Jesus, Lord, at Thy birth
Jesus, Lord, at Thy birth ”

==

ဒီနေ့က ခရစ်စမတ်နေ့ပါ..။ အခုတင် ၁၂နာရီထိုးပြီးသွားတယ်ဆိုတော့လေ..။
၂၄ရက်ညနေဟာ ခရစ်စမတ်အကြိုည(ခရစ်စမတ်အိဗ်)ဖြစ်တာမို ့… တကယ်တော့ ခရစ်စမတ်နေ့ထက် ပို အဓိပါယ်ရှိနေသလိုပါပဲ..။ အိမ်တွေမှာ မိသားစုတွေ ညစာအတူတူစားကြရင်းပျော်ကြတယ်..။ လက်ဆောင်တွေပေးကြတယ်..။ ကလေးတွေကတော့ ဆန်တာကလော့စ်စောင့်တာပေါ့..။

ခရစ်စမတ်နေ့ကျတော့ ..သူတွေတွေ ရထားတဲ့ငွေယားလေးတွေနဲ့.. ဈေးဝယ်ထွက်ကြ။ ခရီးထွက်ကြမယ်ပေါ့..။
မနက်ဖြန်စနေနေ့ဖြစ်တာမို ့.. ပိတ်ရက်ရှည်ရတယ်ပဲဆိုပါတော့.
သာမန်အားဖြင့် အလုပ်တွေက ခရစ်စမတ်အိဗ်မှာ ပိတ်ကုန်ပါပြီ။ ရှော့ပင်းမောတွေ ၊ဆိုင်တွေဟာ အလုပ်တွေအိဗ်မှာ လူတွေ မိသားစုတွေနဲ့စောစောဆုံနို်င်အောင် စောပိတ်ပေးပါတယ်။

အင်မတိအင်မတန် ပိတ်ခဲလှပါတယ်ဆိုတဲ့.. တနှစ်မှာ ၂ရက်ပဲပိတ်တဲ့ မြန်မာ ဆုရှီဆိုင်တွေဟာလည်း ခရစ်စမတ်နေ့တော့ ပိတ်ကြရပါတယ်..။
ဝမ်းသာစရာပါပဲ..။

ညည လူစီတတ်တဲ့ မက်ခ်ဒေါ်နယ်ဆိုင်တောင် မီးမှိတ်ညဦးပိုင်းစောစောပိတ်သွားတာ တွေ့လိုက်ပါရဲ့။
ဖရီးဝေးတွေလည်း သာမန်ထက် ခြောက်ကပ်လို့။

တကယ်တော့ ကျုပ်အလုပ်က အိဗ်မတိုင်ခင် တရက်ကတည်းက ဒီနှစ်ကို နှုတ်ဆက်လိုက်ပါပြီ။
နောက်နှစ် ဇန်နဝါရီ ၃ရက်နေ့မှ ပြန်ဖွင့်မှာပါ။
ပိတ်ရက်ရှည်သမို ့.. လည်လည်သွားမယ်များ မစဉ်းစားလေနဲ့ ဓါတ်ဆီဈေးက ၃ဒေါ်လာခွဲနီးပါးရောက်။ ရာသီဥတုက .. ၁ဝစုနှစ်အတွင်း အဆိုးဆုံးမို ့ မသွားသင့်ပါလို့ပဲ.. မိတ်ဆွေတွေကပြောကြပါတယ်..။

ကယ်လီဖိုးနီးယားမှာ … ပြီးခဲ့တဲ့ တပါတ်လုံးအငြိုးကြီးကြီးနဲ့ ၁ပါတ်အတွင်း ၁ပေကျော်ချလိုက်တဲ့မို းတိမ်တွေဟာ လေနဲ့အတူ အရှေ ့ဖက်ရွေ ့သွားပါပြီ။ ကျုပ်တို့က ကယ်လီဖိုးနီးယားပြည်နယ်..အမေရိက အနောက်ဖက်ကမ်းခြေနေတယ်ဆိုတော့ ..လေနဲအတူ အရှေ ့ဖက်ရွေ ့တဲ့တိမ်တွေဟာ အမေရိကတတိုက်လုံးကို ဖြတ်တော့မှာပါ..

သဘောက… ဝှိုက်ခရစ်စမတ် ဖြစ်စေမှာပေါ့.။
နှင်းတွေသည်းထန်မဲ့ ခရစ်စမတ်နဲ့ နှစ်ကူးကြရမယ်ပေါ့..။
မိုးတွေဟာ ..အေးတဲ့ရာသီနဲ့တွေ့တဲ့အခါ … နှင်းခဲတွေအဖြစ် ကျလာကြတော့မှာဖြစ်လို့ပါ..။
အခုတင်.. ကယ်လီဖိုးနီးယားနဲ့ကပ်ရက် အာရီဇိုးနားပြည်နယ်ခမြာ ..နှင်းဖွေးဖွေးတွေကြား..မလှုပ်နိုင်..မကယ်နိုင် ငြိမ်လို့နေတာကို သတင်းထဲတွေ့လိုက်ပါရဲ့..။

ဒီနှစ်အမေရိကအတွက်… ဝှိုက်ခရစ်စမတ်ပေါ့နော..။
ဘာပဲဖြစ်ဖြစ်..
နှင်းဖြူရောင်လွှလွှမှာ… စင်ကြယ်အပြစ်ကင်းတာထပ်လို့.. ငြိမ်းအေးတဲ့..ခရစ်စမတ်ဖြစ်ပါစေလို့.. မန္တလေးဂေဇက်ကိုယ်စား.. မြန်မာတွေကို .ရပ်ဝေးကမိတ်ဆွေတွေကို.. စာဖတ်သူတွေကို…စာရေးဆရာတွေကို..သတင်းသမားတွေကို… ဆုမွန်ပေးလိုက်ပါရဲ့..။

Merry Christmas to Our Friends, Readers and Writers!

One comment

  • ဆူး

    December 25, 2010 at 10:58 am

    စာတွေကလည်း ပြူးတူးပြဲတဲ.. အစီအငေါ်မကျ ဖတ်လို့လည်း မရဘူး။
    သတင်းပေးပို့ရန် အတွက်သာ မှာ တိုင်လိုက်ရလား သဂျီး။

Leave a Reply