မြန်မာနိုင်ငံတွင်လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများထံတွင် နည်းပညာများအပြင် စိတ်ဓါတ်ရေးရာများတွင်ပါ လေ့လာသင်ယူသင့်

zaw mgDecember 25, 20101min64

ဘဝအတွက်မှတ်မှတ်သားသားဖြစ်ခဲ့ရပါတယ်…….စိတ်မကောင်းခြင်းတွေလည်းရှိခဲ့ရပါတယ်။

မှတ်မှတ်သားသားဖြစ်ရတာကတော့ နိုင်ငံတကာ အဆင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခု ရဲ့ ဖိတ်ကြားတဲ့ပွဲတစ်ခုကိုသွားရောက်တက်ခဲ့ရတာပဲဖြစ်ပါတယ်။

International Non-Government Organization ဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင့်ရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းမျိုးပါဘဲ ဇည့်ခံကြိုဆိုရေးအပိုင်းမှာလည်း ပြောစရာမရှိအောင်ပါဘဲ။ဒီလိုနဲ့ ပဲကျွန်တော်လည်း အခမ်းအနားဖိတ်ကြားသူ ဌာနေကိုယ်စားလှယ် ဖြစ်သူနဲ့တွေ့ဆုံနှုတ်ဆက် ပြီး သတင်းရယူခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေ ၊ ရုံးပိုင်းဆိုင်ရာတွေ ရဲ့ ထုံးစံအတိုင်း သတင်းထုတ်ပြန်ရေး၊ မန်နေဂျာ ၊ သတင်းတာဝန်ခံ ၊ လက်ထောက် တို့သူတို့ကတစ် ဆင့် စကားပြန်လုပ် သတင်းထုတ်ပြန်ချင်တာတေ