မြန်မာနိုင်ငံတွင်လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများထံတွင် နည်းပညာများအပြင် စိတ်ဓါတ်ရေးရာများတွင်ပါ လေ့လာသင်ယူသင့်

zaw mgDecember 25, 20101min47

ဘဝအတွက်မှတ်မှတ်သားသားဖြစ်ခဲ့ရပါတယ်…….စိတ်မကောင်းခြင်းတွေလည်းရှိခဲ့ရပါတယ်။

မှတ်မှတ်သားသားဖြစ်ရတာကတော့ နိုင်ငံတကာ အဆင့် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခု ရဲ့ ဖိတ်ကြားတဲ့ပွဲတစ်ခုကိုသွားရောက်တက်ခဲ့ရတာပဲဖြစ်ပါတယ်။

International Non-Government Organization ဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင့်ရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းမျိုးပါဘဲ ဇည့်ခံကြိုဆိုရေးအပိုင်းမှာလည်း ပြောစရာမရှိအောင်ပါဘဲ။ဒီလိုနဲ့ ပဲကျွန်တော်လည်း အခမ်းအနားဖိတ်ကြားသူ ဌာနေကိုယ်စားလှယ် ဖြစ်သူနဲ့တွေ့ဆုံနှုတ်ဆက် ပြီး သတင်းရယူခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတွေ ၊ ရုံးပိုင်းဆိုင်ရာတွေ ရဲ့ ထုံးစံအတိုင်း သတင်းထုတ်ပြန်ရေး၊ မန်နေဂျာ ၊ သတင်းတာဝန်ခံ ၊ လက်ထောက် တို့သူတို့ကတစ် ဆင့် စကားပြန်လုပ် သတင်းထုတ်ပြန်ချင်တာတွေကို ပြောကြဆိုကြတာပေါ့။

အားလုံးလည်းအဆင်ပြေပါတယ် အားလုံးကိုလည်းကျေးဇူးတင်ပါတယ် ဒါပေမယ့်

ကျွန်တော်တို့ ဆီမှာရှိတဲ့  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းအချို့ဟာ သူတို့ရဲ့ အခမ်းးအနားတွေ ကို တက်ရောက်တာနဲ့ သတင်းထည့်ပေးဖို့ တာဝန်ရှိတယ် ထည့်ကိုထည့်ပေးရမယ်လို့ ထင်နေပါတယ် ။ ကျွန်တော် တို့ ဆီမှာ  အခမ်းအနားတွေ တက်ကျွေးတာစား၊ ပေးတာယူ ဆိုတဲ့ အပြုအမှု မျိုး သတင်းသမား တိုင်းမှာ မရှိဘူးဆိုတာသိစေချင်ပါတယ်။ တချို့ပွဲများ ဟာ ပုဂိုလ်ရေးအရ ရင်းနှီးမှု အရရှိသလို တချို့ပွဲတွေကတော့ အများပြည်သူတွေ သိသင့် သိအပ်တယ်ထင်လို့ ဖိတ်ဖိတ် မဖိတ်ဖိတ် တက်ရတာတွေလည်းရှိပါတယ်။

တချို့ ကျပြန်တော့ အဲ့ဒီပွဲ ၊ အခမ်းအနား ကို တက်ရောက်လာတဲ့ လူကြီးလူကောင်းတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဌာနဆိုင်ရာအကြီးကဲတွေကို မိတ်ဆက် ပြီး လမ်းစရှာ

သတင်းရယူခဲ့ရတာတွေလည်းရှိပါတယ်။ သိက္ခာမဲ့ အိနြေမဲ့တဲ့ အပြုမူတွေပြုမူတဲ့ သတင်းသမားတွေကတော့ မကောင်းဘူးပေါ့။

ဒီလိုနဲ့ ကျွန်တော်လည်း အဲ့ဒီ INGO သတင်းလေး ရေးပေးခဲ့ပါတယ်။ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပါတယ် ……စာစီတဲ့သူ ၊ စာပြင်တဲ့သူ ၊ တွေရဲ့

မှားတတ်တဲ့အမှားအယွင်းကြောင့် လွဲချော်မှု အနည်းငယ်ရှိခဲ့ပါတယ်။ အဲ့တော့ထုံးစံ အတိုင်း ကျွန်တော်  အဲ့ဒီ  INGO အဖွဲ့အစည်း