“The Architecture Overview of Yahoo! Mail System” ဟောပြောပွဲကျင်းပမည်

manawphyulayDecember 27, 20101min460

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူး၍ ICT နည်းပညာ ပြန့်ပွားရန်၊ ခေတ်မီ နည်းပညာရပ်များ လေ့လာမှု အခွင့်အလမ်းများ ဖော်ဆောင်ရန် ရည်ရွယ်၍ Yahoo! Mail System ၏ တည်ဆောက်ပုံ သဘောတရားများ နှင့် အခြေခံ နည်းပညာ သဘောတရားများ၊ Infrastructure, Deployment နှင့် Monitoring အကြောင်းများကို ဗဟုသုတ ရရှိ သိကြားစေရန် ဒီဇင်ဘာလ (၃၀)ရက် (ကြာသပတေးနေ့) နေ့လည် (၂းဝ၀)နာရီ မှ (၄းဝ၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅)တွင် YAHOO! Internet Industry (San Francisco Bay Area, – Yahoo.com) ၏ Principal Software Engineer ဦးစန်းဝေဦး မှ ၅နှစ်ကျော် Yahoo.com မှ အတွေ့အကြုံများကို “The Architecture Overview of Yahoo! Mail System” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ အထူးသဖြင့် ICT လေ့လာဆည်းပူနေသော ကျောင်းသားလူငယ်များနှင့် လုပ်ငန်းခွင် ဝင်ရောက်နေသော Software Engineer များ၊ Network Engineer များ၊ ကွန်ပျူတာပညာရှင် အသင်းဝင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် လေ့လာ ဆွေးနွေးနိုင်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ Website – www.mcpamyanmar.org ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆ ၊ ၇၃၀၈၈၃၀ဝ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။

Topic: The Architecture Overview of Yahoo Mail System

Date: 30th December 2010, 2-4pm

Venue: Room 205, Myanmar Info-Tech

Speaker: U San Wai Oo, Principal Software Engineer, Yahoo!

source : www.manawphyu.net