စိန်စီသောည ထက် ကိုးဆယ်ဆ သာမည့် လက်ထပ်ပွဲ (၂)

nyimalayDecember 25, 20101min13215

ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် သည် ၎င်း တို ့၏ ကိုယ်ပိုင်ငွေများ ထဲ မှ
ငွေကြေးချို ့တဲ့ ၍
ပညာသင်ယူရန် ခက်ခဲ သည့် ကျောင်းသား၊ကျောင်းသူ များ အတွက် ဖောင်ဒေးရှင်း တစ်ခု
တည်ထောင်ကာ ငွေကြေးထောက် ပံ့မှု များ ပြုလုပ် ၍ ပညာသင် ဆုများ ချီးမြှင့်သည်။

မန္တလေး မြို ့မှ ထိုးမုန် ့လုပ်ငန်း ရှင် တစ်ဦးက ပြေတီဦး နှင့် အူဝဲ
တို ့၏ မင်္ဂလာဆောင် သည်
ဗိုလ်သန်းရွှေ ၏ သမီး မင်္ဂလာ ဆောင် ဖြစ်သည့် စိန်စီသောည ထက် ပိုမို စည်ကားပြီး ကျက်
သရေ ရှိ လိမ့် မည် ဟု ခန် ့မှန်းပြောဆိုသည်။

ဇော်ဖြိုးဝင်း နှင့် သန္တာရွှေ တို ့၏ စိန်စီသော ည မင်္ဂလာဆောင် တွင် လက်ဖွဲ
့ငွေပေါင်း အမေရိ
ကန် ဒေါ်လာ လေးသန်း ကျော်ရရှိသည် ဟု သိရသည်။

အိန္ဒြာကျော်ဇင် နှင့် ပြေတီဦး တို ့ နှစ် ယောက် စလုံး သည် သရုပ်ဆောင်
သက် ၁ဝ စုနှစ်
တစ် ခု ကျော်ပြီ ဖြစ်သည်။ ပြေတီဦး သည် ၁၉၉၈ ခုနှစ် ခန် ့ကတည်း မြန်မာ့
ရုပ်မြင် သံကြား
မှ တင်ဆက် သည့် မြန်မာ စာ မြန်မာ စကား အစီအစဉ် တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

မင်္ဂလာ ပွဲ ကျင်းပမည့် နေရာ နှင့် အချိန်များ

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ ့တောင်းရမ်း မင်္ဂလာ(အိန္ဒြာကျော်ဇင် ၏ နေအိမ်)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက် လက်မှတ်ရေး ထိုးပွဲ ( Traders Hotel)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်  ဆွမ်းကျွေးမင်္ဂလာ (မဟာစည် သာသနာ့ရိပ်သာ)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၆ စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာ (Sedona Hotel)

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်  လက်ထပ်မင်္ဂလာပွဲကို (Sedona Hotel )

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မင်္ဂလာညစာစားပွဲကို InyaLake Hotel

မင်္ဂလာ ဝတ်စုံ

ဒီဇိုင်နာ ခင်စန်းဝင်း၊ ပြည်စိုးအောင်၊ Vivid၊ Silk & Style၊ Euphoria၊
မိုးကုတ် ပေါက်ပေါက်

လက်ဝတ်ရတနာ

She Shine၊ စိန်နန်းတော် ၊ SP Gems

ပန်းအလှ ဆင်ယင်မှု

Marvelous, Eternal Flower, ခင်မောင်ဝင်း၊ မာမီကျော် (Malaysia)၊ မစန်းစန်းဦး

ဖိနပ်
ရွှေနဂါးဖိနပ်ဆိုင်

15 comments

  • ဆူး

    December 25, 2010 at 1:46 pm

    ဆောင်နိုင်သူတွေ ဆောင်ကြပေါ့။ မကောင်းပြောရင် မနာလိုလို့.. ကောင်းတာ ပြောရင် အားကျလို့ ဖြစ်အုန်းမယ်။ အားမကျပါဘူး ပြောလို့ အမေ ဆူ တာခံရပြီးပြီ။ ဟီးဟီး.. သူဟာသူ ယူချင်လို့ ယူတာ ကိုယ်နဲ့ မှ မဆိုင်တာ ကြီးကိုနော်.. ဟုတ်တယ်မလား။

  • nyimalay

    December 25, 2010 at 1:48 pm

    Post တခုတည်းနှင့် တင်မရသောကြောင့် 2 ခုခွဲတင်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်…. 😛

  • nyimalay

    December 25, 2010 at 1:50 pm

    အားမကျဘူးဆိုတာဟုတ်လို့လားအန်တီဆူးရယ်……..
    လေသံမှာအားကျတဲ့အသံတွေပါနေသလိုပဲ…….. 🙂
    ပိစိကွေးထင်တာကိုပြောတာပါ…. 😛

  • ဆူး

    December 25, 2010 at 2:32 pm

    ပိစိကွေးလေး ကလေးက ကလေးလို မနေဘူး တယ်… ငါခေါက်လိုက်ရ.. လူကြီးကို ဘာမှတ်နေလဲ

  • The Reds

    December 25, 2010 at 3:31 pm

    အော် ပိ စီ ကွေး က လည်း .. မင်း အန် တီ ဆူး က အ ပြင် မှာ သာ သ ရုပ် ဆောင် နေ တာ စိတ် ထဲ မှာ တော. ( ငါ ကျ ရင် သူ တို. ထက် သာ အောင် လုပ် မယ် .. အ နည်း ဆုးံ တော. ၁၂ ခါ ပေါ. တဲ. ) ..

  • intro

    December 26, 2010 at 11:18 am

    ၁ သက်မှာ ၁ခါလောက်တော့ စိတ်တူကိုယ်တူရှိပြီးပျော်ရွှင်မှုပေးနိုင်မယ့် မိန်းကလေး ၁ယောက်နဲ့ ့မင်္ဂလာဆောင်ပြီး ၁သက်လုံး စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်သွားချင်ပါတယ်… 😛

  • weiwei

    December 26, 2010 at 4:00 pm

    ပိစိကွေးကို ဆရာနဲနဲဝင်လုပ်လိုက်အုန်းမယ် … tag မှာ ခပ်တိုတိုပဲ ပေးရမယ် … သူကြီးရေးထားတဲ့ ဒူးစာ ဒုတ်စာတွေ (Do and Don’t) သေချာပြန်ဖတ်ကြည့်လိုက်ပါအုန်း …

  • cherrywine

    December 27, 2010 at 4:52 am

    မင်္ဂလာဆောင်တာနဲ့မတူဘူး … Wedding Season Program ရိုက်နေသလိုပဲ။

  • R Ga

    December 27, 2010 at 8:21 am

    စီပွားဖြစ် မင်္ဂလာဆောင်တယ်လို့ပဲထင်တယ်။ MRTV 4 ကလည်းတိုက်ရိုက်ပြဦးမယ်တဲ့..။ တော်ကြာ သန္တာရွှေတို့က သူထက်သာတယ်ဆိုပြီး မကျေနပ်လို့ ထပ်ဆောင်နေမှဖြင့်….

  • onlinezz

    December 27, 2010 at 8:27 am

    တော်ကြာ ထိုးမုန် ့တွေကို မစားသင့်သော အစားအစာများဆိုပြီး သတင်းထုတ်နေပါ အုံးမယ် …

  • search123

    December 27, 2010 at 9:07 am

    ဆောင်နိုင်သူတွေ ဆောင်ကြပါစေ။
    ကံကောင်းလိုက်ကြတာ။

  • နွယ်ပင်

    December 27, 2010 at 9:28 am

    MRTV 4 မှာတင်မဟုတ်ဘူးလေ Sedona ရှေ့မှာလဲ ပိတ်ကားထောင်ပြီးပြဥိးမှာဆို .. လမ်းတွေတော့ ပိတ်ကုန်ဦးမှာပဲ ..

  • nyimalay

    December 27, 2010 at 12:23 pm

    ဟုတ်ကဲ့ပါ အန်တီဝေ။ ပိစိကွေးက မလုပ်တတ်လုပ်တတ်နဲ့လျှောက်လုပ်လိုက်မိလို့ပါ။ နောက်မဖြစ်စေရပါဘူးနော်။ 🙂

  • kolay94

    December 29, 2010 at 8:04 am

    မိန်းကလေးအတွက်ကတော့ တစ်သက်မှာ တစ်မင်္ဂလာတဲ့……… အဆိုရှိတယ်…. အဲဒီမင်္ဂလာကလဲ ယူတတ်ရင် မင်္ဂလာဖြစ်ပါတယ်… မယူတတ်ရင်တော့……… ???????????????????????????????????????????????????????????????? ဟင်း……………………………………………………… 😛

  • ဆူး

    December 29, 2010 at 1:14 pm

    သူများ မင်္ဂလာဦးမှာ မဦး မချွှတ် စကာတော့ မပြောချင်ဘူး။ မင်္ဂလာပွဲကို စည်ကား သိုက်မြိုက် ကြီးကျယ် ခန်းထားစွာ ပြုလုပ်ကြတယ်။ အိမ်ထောင်သက်တမ်း ရှည်ရှည်နဲ့ သေတဲ့ အထိ ပေါင်းနိုင်ကြပါစေ။
    သတိရမိတဲ့ .. မင်းသား မင်းသမီး အိမ်ထောင်ကွဲများ နာမည် ချရေးပေးလိုက်တယ် ကျန်တာတွေ လည်း ရှိအုန်းမှာပါ။
    မေသန်းနု ထက်ထက်မိုးဦး မြတ်ကေသီအောင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ
    ဖြိုးကြီး အနဂ္ဂ အခုထိတော့ ဆက်စဉ်းစားလို့ မရတော့ဘူး အများကြီး တော့ ကျန်သေးတာ အမှန်ဘဲ။

Leave a Reply