လျှောက်ရိုက်ထားသော ဓါတ်ပုံများ Beautiful Photos

weiweiDecember 29, 20103min1256













ဒီဓါတ်ပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်ခွဲကမှ ရိုက်ထားတာပါ … လျှောင်နင်ပြည်နယ် တလျှန်မြို့ရဲ့ လှပတဲ့ နေရာတွေထဲက တစ်ခုပေါ့ … ဓါတ်ပုံရိုက်တဲ့သူတွေနဲ့ အမြဲစည်ကားနေတဲ့ ခောတ်မှီရဲတိုက်ပုံစံ ပြတိုက်တစ်ခုဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာမှ တည်ဆောက်ပြီးစီးထားပြီး ၂၀၁ဝ မှာ မရှိတော့ပါဘူး။ ဒီပုံတွေက ၂၀၀၉ တုန်းက ရိုက်ထားတာ … အခုထပ်ရိုက်လို့မရနိုင်တော့ပါဘူး။ ဘာလို့ အဲဒီအဆောက်အဦ အကောင်းကြီးကို ဖျက်ပစ်လိုက်တယ်တော့မသိဘူး … ကျွန်မအတွက်တော့ ဒီဓါတ်ပုံတွေက အနိစ္စကို ပြနေကြပါတယ်။ တလျှန်က ရှင့်ဟိုင်ကွမ်းချန် (xinghai guangchang) က ဖြစ်ပါတယ်။

6 comments

  • weiwei

    December 29, 2010 at 6:08 pm

    ပို့စ်တင်မရဘူးဆိုတဲ့သူတွေကို တင်လို့ရကြောင်း ဓါတ်ပုံတွေနဲ့ တင်ပြလိုက်ခြင်းဖြစ်ပါတယ် … နည်းလမ်းတစ်ခုတွေ့ထားပါတယ် … သိချင်ရင်တော့ ….

  • etone

    December 30, 2010 at 2:06 am

    နှမျောစရာကြီးနော် ဘာလို့များ ဖျက်လိုက်တာပါလိမ့် ။
    အဲ့ဒီနေရာမှာ ဘာတွေထပ်ဆောက်သေးလဲဟင် ။
    ဒီလောက်ထုထည်ကြီးမားတဲ့ အဆောက်ဦကြီးကို ပြန်ဆောက်ရင်တောင် အချိန်အတော်ကြာမှာ ။
    ပို့စ်တင်လို့ရတာ ညဘက်မို့လား ။ မြန်မာနိုင်ငံက ရွာသားတွေ အများစုဝင်ဖတ်နေတော့ ဆိုက်က လေးနေတာလား မသိဘူးနော် … ဒီက အိပ်ချိန်ဆိုရင် ပိုမြန်သလိုပဲ … ( ဟုတ်လားမသိဘူး ထင်တာပြောာတာ)

  • cherrywine

    December 30, 2010 at 4:05 am

    နှမျောလိုက်တာ …. ပုံပြင်ထဲက ရဲတိုက်ကြီးအတိုင်းပဲနော်။
    ဓာတ်ပုံရိုက်တာတော်တယ်ထင်တယ် ၊ ကြည်နေတာပဲ ။

  • နီလေး

    December 30, 2010 at 8:40 am

    ချိန်ခွင်ပုံကိုထုထားတာက အဓိပ္ပာယ်တစ်ခုတော့ရှိမယ်ထင်တယ်နော်

  • weiwei

    December 30, 2010 at 8:43 am

    12 လ ရာသီခွင်ပုံတွေထဲကတစ်ခု … ၁၂ ခုလုံး ဓါတ်ပုံမရိုက်ခဲ့မိလို့ ရှိတာပဲ တင်လိုက်တာ …

  • ဆူး

    December 30, 2010 at 1:01 pm

    ၁၂ရာသီ ခွင် မရိုက်နိုင်လည်း အခု လောက် ကြည့်ရတာကိုက ဗဟုသုတ ရနေပါပြီ။
    ရဲတိုက်ကြီးကို မြင်မိတော့.. နေချင် စိတ်ပေါက်မိတယ်။

Leave a Reply