ဒီဇင်ဘာအလွမ်း

moon cat
ဒီဇင်ဘာအလွမ်း

ဆောင်းနှင်းဖွေးဖွေး
နေ့ရက်တွေကို
လွမ်းတယ်၊
အေးစက်စက်
ဒီဇင်ဘာညချမ်းကို
လွမ်းတယ်၊
မြူနှင်းဝိုးတဝါး
နံနက်ခင်းကိုလည်း
လွမ်းတယ်။

တမ်းတခဲ့ရတဲ့
ကာလတွေကို
မုန်းတယ်၊
မျှော်လင့်ချက်ရဲ့
ခါးသီးအချိန်တွေကို
မုန်းတယ်၊
ဟန်ဆောင်ကျော်ဖြတ်
ပြုံးပျော်အတိတ်ကို
မုန်းတယ်။

လွမ်းတယ် မုန်းတယ်
မုန်းတယ် လွမ်းတယ်
ဆောင်းပြီးဆောင်း
ဘယ်အခါမပြောင်း
မအိုဟောင်းနိုင်တဲ့
ခံစားချက်ဝေဒနာမို့
သိသိကြီးနဲ့
မိုက်မိသူအတွက်
ဆေးဆိုတာ ဝေလာဝေး။

13 comments

  • weiwei

    December 25, 2010 at 7:42 pm

    ဆောင်းမိုးရွာ
    နှင်းလဲကျ
    အအေးလွန်တဲ့
    ဒီဇင်ဘာကို
    မုန်းတယ် …

  • nyimalay

    December 26, 2010 at 1:09 pm

    အအေးကပို ချွေးကစို
    အချမ်းပိုကာ အပူကဲ
    မနက်အေးကာ နေ့ပူတာ
    အခုနှစ်က ဒီဇင်ဘာ

    မတတ်တခေါက်နဲ့ စပ်လိုက်တဲ့ကဗျာလေးပါ။ 🙂

  • ဆူး

    December 26, 2010 at 1:36 pm

    ပိစိကွေး.. စာလုံးတွေ မှားနေလို့ ပြင်ပေးလိုက်တယ်
    အအေးကပို သေးကစို
    အချမ်းပိုကဲ သေးစိုရွဲ
    မနက်ကအေး သေးကနွေး
    အခုနှစ်ရဲ့ ဒီဇင်ဘာ

    • bigcat

      December 26, 2010 at 7:51 pm

      ရေးရက်လိုက်ကြတာ လူယုတ်မာကြီးတွေ၊ သူများရဲ့ ရင်ထဲက ခံစားချက်ကိုမှ မစာနာ။

    • ဆူး

      December 27, 2010 at 8:29 am

      ဦးကြောင်ကြီး ကို ဘာကြောလို့လဲ လို့.. ဆူး က ပိစိကွေးလေး ကဗျာ စာလုံးတွေ မှားနေလို့ လိုရင်း ရောက်အောင် ပြင်ပေးတာ.. ဦးကြောင်ကြီး အဖြစ်နဲ့ တိုင်ဆိုင်များ နေလား မသိ.. 😉 တိုက်ဆိုင်သွားရင် ခွင့်လွတ်နော်.. ဂဲတလုံး ပြစ်တာ ပိစိကွေးအပြင် ကြောင်ပါ မှန်လိမ့်မယ် လို့ တခါမှ မတွေးမိဘူး။

  • The Reds

    December 26, 2010 at 3:43 pm

    ကို ကြောင် ကြီး မှာ နေ ပြီး .. ဆောင်း ပြီး နွေ လာ တာ ဟုတ် ဝူး လား ..

  • ဆူး

    December 26, 2010 at 4:49 pm

    ဦးကြောင်ကြီး ရေးတဲ့ အောက်ဆုံး အပိုဒ်
    ဆောင်းပြီးဆောင်း
    ဘယ်အခါမပြောင်း
    မအိုဟောင်းနိုင်တဲ့
    ခံစားချက်ဝေဒနာမို့
    သိသိကြီးနဲ့
    မိုက်မိသူအတွက်
    ဆေးဆိုတာ ဝေလာဝေး။

    အဲဒါ ဖတ်တော့ အရိုး သီချင်း လူလည် အာရှသား သီချင်းလေး နားထဲ ကြားမိတယ်။ အဲလို များ ဖြစ်နေလား.. ငါရည်းစား သူများနဲ့ညား… ဆိုတဲ့ စကာလုံးလေး

  • manawphyulay

    December 27, 2010 at 3:33 am

    တစ်ခါ ဆောင်းရာသီကို ရောက်လာပြန်ပေါ့
    မိုးအကုန် ဆောင်းအကူး
    ဆောင်းလေမြူးတဲ့ချိန်ခါ
    တစ်နှစ်မှာ တစ်ခါသာ ပွင့်တဲ့
    “ဆောင်တော်ကူး” ချိန်ခါမို့
    မျှော်ခဲ့မိတာတော့အမှန်
    ဖျင်ကြမ်းလေးနှင့် အနွေးထည်ဝတ်လို့
    ဆောင်းအကူးကို ငါ ကြိုဆို
    နှင်းလေးတွေ ဝေနေရင်
    ရင်ထဲမှာ ပြုံးပျော်ရွှင်
    မြောက်ပြန်လေတိုက်ပြန်တော့
    ဆောင်တော်ကူးတွေ ပွင့်ပါပေါ့….

  • onlinezz

    December 27, 2010 at 8:31 am

    လွမ်းလည်း လွမ်းတယ်။ချမ်းလည်း ချမ်းတယ် ။
    ချမ်းချမ်းလေးနဲ ့ကွေးတော့မယ်။ 🙂

  • char too lan

    December 27, 2010 at 9:11 am

    ကြောင်ကလေး ရွှေသွေး ……..
    အဲလောက်လွမ်းစရာမလို့ဘူး အဲဒီလောက်အချမ်းခံစရာမလိုဘူး
    one Go, two Come, three Wait, four Ready, five Booking ပဲ 😉

  • ဆူး

    December 27, 2010 at 9:21 am

    ကြောင်ကလေး ရွှေသွေးတဲ့ အဟေး…
    ဆန်ပြုတ်သည်က ဝယ်သူကို စိတ်ချမ်းသာအောင် ရွှေသွေး ထည့်ခေါ်သလိုဘဲ။

  • စောဝေတင့် (ပုဂံ)

    March 3, 2012 at 5:51 pm

    ဆောင်းနှင်းဖွေးဖွေး
    နေ့ရက်တွေကို
    လွမ်းတယ်၊
    အေးစက်စက်
    ဒီဇင်ဘာညချမ်းကို
    လွမ်းတယ်၊
    မြူနှင်းဝိုးတဝါး
    နံနက်ခင်းကိုလည်း
    လွမ်းတယ်။
    ဟြေတာပါပဲ………ဗျာ
    ကျွန်တော်ကတော့ မလွမ်းချင်ဘူးဗျာ
    အလွမ်း လို့ …………
    ရေးတော့သာလွယ်တာနော်
    တကယ်တမ်းခံစားရတော့လည်း
    ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျ……..
    မလွမ်းချင်ဘူးဗျာ……..
    အဲလေ……..
    မလွမ်း ရဲဘူးဟြေရင် ပိုမှန်မယ်နော်

  • aye.kk

    March 3, 2012 at 7:36 pm

    မျှဝေခံစား..မိ်ပါသည်။
    အလွမ်းအမုန်း..
    မဆုံးပုံရိပ်..
    အတိတ်ခြေရာ..
    ဟန်ဆောင်ခါဖျောက်..
    မပျောက်ပျက်ဘိ..
    လွမ်းသည့်ဒီဇင်ဘာရေ..
    အချစ်ဝေဒနာတွေ
    ရင်မှာပိုက်ရင်း..
    မိုက်နေမိတော့သည်။

Leave a Reply