ကျွန်မအတွက် မသက်သာသော discount

လျော့ဈေးအစီအစဉ်တွေကတော့ နေရာတိုင်း ဆိုင်တိုင်းမှာ အမျိုးမျိုးပုံစံနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်မအတွက်တော့ အမြဲတမ်းနစ်နာနေခဲ့တယ်။ အများအားဖြင့် ကျွန်မက တစ်ယောက်ထဲ ဈေးဝယ်ထွက်လေ့ရှိတယ်။ တစ်ယောက်ထဲ ဆိုင်မှာစားလေ့လဲရှိပါတယ်။ ဈေးဝယ်ထွက်ရင်းမောလို့ ရေခဲမုန့်စားမယ်ဆိုပါစို့ … မက်ဒေါနယ်က ရေခဲမုန့်တစ်ခုကို ၉ ရွမ်၊ ၂ ခု ၀ယ်ရင် လျော့ဈေး ၁၂ ရွမ် လို့ကြော်ငြာထားပါတယ်။ တစ်ခုတောင် အနိုင်နိုင်စားရမှာဆိုတော့ မတတ်နိုင်ဘူးလေ … မတန်မှန်းသိသိနဲ့ တစ်ခုကို ၉ ရွမ်နဲ့ဝယ်စားရပါတယ်။ ကျွန်မခဏခဏသွားစားဖြစ်တဲ့ မြေအိုးမြီးရှည်လိုဆိုင်ကလဲ တစ်ပွဲထဲဆိုရင် ၂၀ ရွမ်၊ ၂ ပွဲဝယ်ရင် ၇ ရွမ်တန်တဲ့ အအေး ၂ ခွက်ရယ်၊ ၁၀ ရွမ်တန်တဲ့ မုန့်တစ်ပွဲရယ် လက်ဆောင်ပေးပါတယ်။ ဒါပေမယ့် တစ်ယောက်ထဲဆိုတော့ ဘာမှအပိုမရပါဘူး။ အကျီတို့ ဖိနပ်တို့ဝယ်ရင် တစ်ရံကို ၁၀၀ ရွမ်ဆိုပါတော့ .. ၂ ရံဝယ်ရင် ၁၂၀ လောက်ပဲ ပေးရပါတယ်။ ဒါပေမယ့် တစ်ရံပဲလိုချင်တာဆိုတော့ ဘာမှမတတ်နိုင်ပါဘူး … လျော့ဈေးမရဘူးပေါ့ … အဲဒီလိုနဲ့ အရာရာတိုင်းကို တစ်ခုဝယ်ရင် တစ်ဈေး၊ နှစ်ခုဝယ်ရင် တစ်ဈေး၊ ၁၀ ခု ၀ယ်ရင်တစ်ဈေးနဲ့ သက်သာအောင်လျော့ပေးပေမယ့် ကျွန်မတော့ တစ်ခါမှ မသက်သာခဲ့ပါဘူး …

တစ်ခါကတော့ ဒိုးနပ်မုန့်ဝယ်စားပါတယ် … ဈေးမေးလိုက်တော့
တစ်ခု …. ၄.၅ ရွမ်
၎ ခု ….. ၁၆ ရွမ်
၆ ခု …. ၂၇ ရွမ်
၁၂ ခု …. ၃၆ ရွမ် အပြင် ၁၂ ခု ၀ယ်ရင် ၆ ခု လက်ဆောင်ပေးမယ်တဲ့ ….

၁၈ ခုကိုမှ ၃၆ ရွမ်ပဲကျသွားတာပေါ့ … ကျွန်မက သင်္ချာအတွက်ကောင်းပြီးတော့ ၁၂ ခု ၀ယ်ချင်စိတ်ပေါက်သွားပြီး ၁၂ ခု ၀ယ်လိုက်တော့ ၁၈ ခု ရသွားပါတယ်။ ဒါပေမယ့် စားတာက ၂ ခုပဲ စားနိုင်မှာလေ … ကျန်တာတွေကို တခြားသူငယ်ချင်းတွေကို လက်ဆောင်ပေးလိုက်ရပါတယ် …

သေသေချာချာပြန်စဉ်းစားကြည့်လိုက်တော့ သူတို့လျော့ဈေးက ဈေးဝယ်သူကို လှည့်စားခြင်းတစ်မျိုးပါပဲ … ကျွန်မအနေနဲ့ ၂ ခု ကို ၉ ရွမ်နဲ့ပဲဝယ်လိုက်ရင် ၉ ရွမ်ပဲကုန်မှာပေါ့ … မတန်ဘူးလို့ စိတ်ထဲထင်မိတာနဲ့ ပိုက်ဆံပိုကုန်သွားပါတော့တယ် … :(

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....