အူဝဲတို့ မင်္ဂလာဆောင်အတွက် SHE SHINE မှ ၃၅ သိန်းကျော်တန် မင်္ဂလာလက်ထပ်လက်စွပ်လက်ဖွဲ့

etoneDecember 27, 20101min17717

မကြာမီမှာ ကျင်းပတော့မဲ့ အူဝဲနဲ့ ပြေတီဦးတို့ရဲ့ မင်္ဂလာအခမ်းအနားအတွက် လက်ဝတ်ရတနာ ဆင်မြန်းမှူကို She Shine မှ တာဝန်ယူ စပွန်ဆာပေးမှာဖြစ်ပြီး ၊ သတို့သားသတို့သမီးတင်မကပဲ နှစ်ဖက်မိဘများအတွက်ပါ စပွန်ဆာဆင်မြန်းပေးမည်ဟုလည်းသိရသည် ။ ထို့အပြင် လက်ထက်လက်စွပ်ကိုလည်း She Shine ကပဲ မင်္ဂလာ လက်ဖွဲ့အဖြစ်ပေးမှာဖြစ်ကြောင်းသိရသည် ။ လက်ထပ်လက်စွပ်အမျိုးစားမှာ စိန်လက်စွပ်အမျိုးစားဖြစ်ပြီး ကာလပေါက်ဈေး တစ်ကွင်းတွင် ၃၅ သိန်းကျော်ခန့်ကုန်ကျမည်ဟုလည်း သိရသည် ။ အူဝဲသည် She Shine မှလုပ်သော ပွဲများတွင် အဓိကနေရာမှ နေ၍ ပါဝင်ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ လက်ဖွဲ့ပေးခြင်းဖြစ်ကြောင်းလည်း နီးစပ်ရာ အသိုင်းဝိုင်းမှ တီးတိုးပြောဆိုမှူများ ကြားခဲ့ရသည် ။

17 comments

  • eros

    December 27, 2010 at 9:09 am

    အိတုံရေ၊ ပိုစ့်တွေက တပိုင်းတစဖြစ်နေတယ်။ ဆုံးအောင်ရေးပေးပါဦး။ ဖတ်ချင်လို့ပါ

  • ဆူး

    December 27, 2010 at 9:17 am

    တီးတိုး ပြောတာ ကျယ်လာရင် ထပ်ပြီး ပြန်ပြောနော်.. သေချာ သိချင်တယ်

  • nyimalay

    December 27, 2010 at 9:58 am

    T Sue ပြောသလိုပါပဲ ……….သေချာ သိချင်တယ်……ပြောနော် etone 🙂 😛 😉

  • nyimalay

    December 27, 2010 at 12:52 pm

    မြန်လိုက်တာ ပြောလို့တောင်မပြီးသေဘူး။

    ပိစိကွေးမင်္ဂလာဆောင်ရင်ရော ဘယ်သူတွေကဘာတွေလက်ဖွဲ့မှာလည်းတိဝူး 😛

  • The Reds

    December 27, 2010 at 3:21 pm

    အော် she shine က လူ လည် လုပ် တာ ပေါ. .. အူ ဝဲ ကို ၃၅ သိန်း တန် လက် ဖွဲ. ပြီ း ပြေ တီ ဦး အ တွက် သိန်း ၅ဝ တန် လက် စွပ် ပြန် ဝယ် ခိုင်း မ လို. နဲ. တူ တယ် …..
    ပိ စိ ကွေး ဆောင် ရင် ကား သုးံ စီး လက် ဖွဲ. မယ် လေ …..

    • etone

      December 28, 2010 at 8:22 am

      ပြေတီဦးအတွက်ပါ ပါမှာလေ လက်စွပ်က နှစ်ကွင်းလက်ဖွဲ့မှာပေါ့ ။ စုစုပေါင်း သိန်း ခုနှစ်ဆယ်ကျော်ခန့်ပေါ့ ။

  • bigcat

    December 28, 2010 at 12:04 am

    ကျုပ်ကလည်း ပိစိကွေးလေး မင်္ဂလာဆောင်ရင် ကားသုံးစီး လက်ဖွဲ့မယ်ဗျာ။
    ၁။ တင့်ကား
    ၂။ သံချပ်ကာကား
    ၃။ ဒုံပျံပစ်စင်တင်ကား
    အားလုံးစုံရင်တော့ ပိစိကွေးနဲ့ဘဲဘဲ အီရတ်ဖြစ်ဖြစ် အာဖဂန်နစ္စတန်ဖြစ်ဖြစ် သွားပြီး မင်္ဂလာဆောင် ပေတော့။

  • နွယ်ပင်

    December 28, 2010 at 2:55 am

    she shine က လက်ဝတ်ရတနာ ဆင်မြန်းမှူမှာလည်း အူဝဲဝတ်မယ့်ဆွဲကြိုးရဲ့ အလည်စိန်တစ်လုံးတင် (30) ရတီရှိတယ်ဆိုပဲ အဲလိုစိန်မျိုး အကြီးအသေးစီထားတဲ့ ကြိုးကို အူဝဲကို စပွန်ဆာပေးမှာတဲ့ စိန်ဆွဲကြိုးဖိုးတင် သိန်း သောင်း နဲ့ချီရှိနေတာပေါ့နော် . တော်ကြာ အန်တီ သန္တာရွှေ တို့ she shine ကို သဘောတော်ကျနေမှဖြင့် ခက်နေဦးမယ်နော် …

    • etone

      December 28, 2010 at 8:28 am

      she shine ကလည်းအကွက်မြင်ပြီးသားပါကွာ ။ တစ်နိုင်ငံလုံးက စောင့်ကြည့်မဲ့ နာမည်ကြီးတွေရဲ့ မင်္ဂလာပွဲမှာ လက်ဝတ်ရတနာ စပွန်ဆာပေးရင် သူတို့ဟာလည်း အလိုလို ကြော်ငြာပြီးသားဖြစ်မယ်လေ …။ နောက် အခွေထွက်လာရင် လူတွေက နှစ်ထပ်ကွန်းကြည့်ကြဦးမှာ ပဲ … အဲ့ဒီအခါ she shine လက်ဝတ်ရတနာ တွေ ကြော်ငြာရင်း ကြေငြာရင်းပဲ ။
      ပြောမဲ့သာပြောတာပါ ရွှေဈေးဒီလောက်တက်နေတာ she shine ကပစ္စည်းတွေ လူတစ်ရာမှာ တစ်ယောက်တောင်မဝယ်နိုင်ဘူးလေ။

  • Hello!

    December 28, 2010 at 8:26 am

    အူဝဲဘက်က အကုန်ကျသက်သာတာပေါ့။

  • kai

    December 28, 2010 at 8:48 am

    အဲဒီမင်္ဂလာပွဲက.. သမိုင်းတွင်ကျန်ရစ်လိမ့်မယ်..။
    ဒီခေတ်ရဲ့ ထိပ်ပိုင်းလူတန်းစားတွေတက်လိမ့်မယ်..။ အကောင်းဆုံးတွေ ဝတ်ဆင်ပြလိမ့်မယ်..။
    သေသေချာချာ မှတ်တမ်းကျန်ရစ်လိမ့်မယ်..။

  • naywoonni

    December 28, 2010 at 3:24 pm

    ကျွန်တော်တို့တော့စိတ်မဝင်စားပါ အဲဒိအချိန်မှာ ဆာလောင်မွှတ်သိပ်နေသူတွေ ကျွေးမွေးမဲ့သူရှိပါစေ

  • winkyawaung

    December 28, 2010 at 5:07 pm

    ကိုပြေတီဦးကတော့ မင်္ဂလာဆောင်လက်ဖွဲ့များကို ပရဟိတလုပ်ငန်းတွေကို လှူမယ် ထင်ပါတယ်..။

  • bigcat

    December 29, 2010 at 1:07 am

    နဲနဲဝင်ပြောမယ်နော်။ ကန့်လန့်လုပ်တယ်တော့မထင်ပါနဲ့။ ကမာ္ဘမှာ စိန်ကောင်းကောင်း တရတီဆိုရင် (ထိပ်တန်းကွာလတီမဟုတ်) ငါးထောင်အထက်ရှိတယ်။ ဒါလက်စွပ်ကွင်းနဲ့ ဒီဇိုင်းဖိုးမပါသေးဘူး။ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ထွန်းကြည် ခေတ်တုန်းကတော့ သိန်းနှစ်ရာကျော်တန် သူ့အမေရဲ့ စိန်နားကပ်တဖက် မြန်မာပြည်ကထွက်တဲ့ အမ်အေအိုင်လေယာဉ်ပေါ်မှာ ပျောက်လို့ခရီးစဉ်ကို ရပ်ပြီးရှာတယ်ကြားတယ်။

  • kai

    December 29, 2010 at 2:15 am

    နည်းနည်းထပ်ပြောလိုက်ရရင်တော့ … မြန်မာပြည်က စိန်ဆိုတဲ့ ဟာတွေအားလုံးရဲ့ ၃ဝရာခိုင်နှုန်းအထက်က … အတုတွေပဲ..။
    အတုဆိုတာ… လူလုပ်ထားတာတွေလို့ ..ပြောတာပါ..။ မြန်မာပြည်မှာ ..အဲဒါမျိုးကို..စမ်းနိုင်တဲ့စက်က မရောက်သေးခင်ဖြစ်သွားတာ..။
    အဲဒီဇတ်လမ်းဆက်ပြောရင်… မေတ္တာတွေဝိုင်းပို ့နေကြမှာမို ့..

    ကံကြောင့်ပဲ.. စိန်တွေဖြစ်လာတယ်..။ကံကြောင့်ပဲ.. မြန်မာတွေမှ ရွေးပြီး .. အဲဒီအတုတွေ .. ပြည်ပကသွင်းလာတာ ခံရတယ်.. ဆိုပြီးပဲထားလိုက်ပါ..။
    ကံကိုဆိုးတာကိုးနော..။ ကံမဆိုးအောင် .. တရားစခန်းဝင်ဦးမှ..။
    ပြောရရင်..စိန်ဆိုတာ ..ကမ္ဘာ့အမာဆုံး တခုပေမဲ့.. အချိန်တန် ပျက်မှာပဲလေ..။
    အနိစ္စ၊ ဒုက္ခ၊ အနတ္တ …

  • bigcat

    December 29, 2010 at 2:19 am

    အဆိုးပြီး အကောင်းပြန်လာမယ်လေ။ ဘယ်အရာမှအမြဲမရှိပါဘူး။ မြန်မာတွေစိန်တုဝတ်ပြီး စိန်အစစ်ဝတ်ရမဲ့ အလှည့်ရှိခဲ့ ရှိအုံးမှာပေါ့၊ ပြီးတော့အတုပြန်လာမယ်လေ၊ အစစ်နောက်ထပ် မလာခင်ပေါ့။ အဲဒါဘုရားဟော သင်္ခါရ အနိစ္စ ဒုက္ခ အနတ္တ အစစ်ဗျ။

  • etone

    December 29, 2010 at 4:39 am

    တို့ အိမ်မှာရှိတဲ့ စိမ်က အစစ်တွေပါနော် …ဒညင်းသီးစားရေစိမ် အဟဲ 😛 😀

Leave a Reply