မင်္ဂလာဆောင်တွေမှာ လုပ်တတ်တဲ့ အလေ့ထ (REVISE

etoneDecember 27, 20101min1035

မင်္ဂလာဆောင်တွေမှာ လုပ်တတ်တဲ့ အလေ့ထ (REVISED x အကြိမ်ကြိမ်)
ဝါကျွတ်ကာလပြီးကတည်းက မင်္ဂလာဆောင်ဖိတ်စာတွေလာလိုက်တာမှ နည်းတာမဟုတ်ဘူး ။
မနာလိုစရာကောင်းလောက်အောင်ကို တစ်ယောက်ပြီးတစ်ယောက်
မင်္ဂလာဆောင်လုပ်နေကြတယ် … ပေးလိုက်ရတဲ့ လက်ဖွဲ့ဖိုးကလည်း
အိမ်အသုံးစရိတ်နဲ့ဆို သုံးလစာလောက်ပြောင်သွားတယ် ….။
အလှည့်ကျတော့မနွဲ့စတမ်းပေါ့ …  မင်္ဂလာဆောင်လာဖိတ်တော့လည်း
တက်ရောက်ချီးမြင့်ရသည်ပေါ့(ဖိတ်

စာထဲမှာသုံးသော အသုံးအနှုံးအရရေးသားသည်)
….. ။ ကိုယ့်အလှည့်ကျမှ မင်္ဂလာပွဲ သုံးခုလောက်ဆက်တိုက်လုပ်ပစ်လိုက်မည်ဟု
ကြုံးဝါးရင်း လုံးပါးပါးနေခဲ့ရသော အီးတုံးတစ်ယောက်ပြီးခဲ့တဲ့ Sunday မှာ
Central Hotel မှာလုပ်တဲ့ မင်္ဂလာပွဲတစ်ခု သွားခဲ့ပါတယ် …။
မကောင်းတတ်လို့သွားရတော့ လေးဖင့်တဲ့ခြေလှမ်းတွေနဲ့ … သာမန်ပဲ
လူတောတိုးရုံလေ။
မင်္ဂလာပွဲတောင်စနေပါပြီ … သတို့သား၊ သတို့သမီးတို့က စင်မြင့်ဆီသို့
နှစ်ဖက်မိဘများ နှင့်တစ်ကွ လျှောက်လမ်းအတိုင်း စင်မြင့်ဆီသို့ တရွှေ့တရွှေ့
…။  အကယ်ဒမီ ချိုပြုံးရဲ့ သီချင်းသံနဲ့ တီးလုံးသံကလွဲလို့ ကျန်တဲ့လူများ
တိတ်ဆိတ်နေသည် ။ အားလုံးအကြည့်က တရွှေ့ရွေ့လမ်းလျှောက်နေသော
မင်္ဂလာစုံတွဲဆီသိုသာ ရှိသည် … ။ နောက်ကျနေတော့လည်း မထူးပါဘူးဆိုပြီး
ဝင်ဝင်ချင်း အပေါက်ဘေးက စားပွဲတွင် ဝင်ထိုက်လိုက်သည် … ။ စားပွဲက
ဆယ်ယောက်ဝိုင်းပေမဲ့ သုံးယောက်စာ လွတ်နေသည်ကိုတော့သတိထားမိသည် …
ကော်ဖီခွက်၊ ပန်းကန်ပြား၊ ခရင်း၊ ဇွန်း နဲ့ သကြား၊ နို့ ထည့်ထားတဲ့ stick
အထုတ်လေးတွေရယ် ..tissue ဖန်ခွက်လေးတွေရယ်က လွဲရင် ဘာစားစရာမှမချသေးပါဘူး
…။ ဒေါ်ချိုပြုံးရဲ့ မင်္ဂလာ အခါတော်ပေး သီချင်းသံလည်း ဆုံးရော
သတို့သား၊သတို့သမီးလည်း နေရာယူပြီး ဖြစ်ရောပဲ ။ ပြီးတော့ မင်္ဂလာမောင်နှံက
ကြွလာတဲ့လူတွေကို ဂါရဝပြုနှုတ်ဆက် ၊ ကိတ်တွေဘာတွေခွဲ ပြီး
သူတို့အချင်းချင်း တယောက်တစ်လှည့်ခွံ့ပေါ့ …. ။ အဲ့ဒီအချိန်ထိ
ပရိတ်သတ်ကြီးက ဘာမှမစားရသေးဘူး… မစားရသေးဆို ဘာမှကိုမှလာမချသေးတာ …။
နှစ်မိနစ်လောက် သည်းခံပြီးတော့မှ လှည်းလေးတွေနဲ့ မုန့်တွေ ၊
ကော်ဖီတွေတွန်းလာတဲ့ ဟိုတယ် ဝန်ထမ်းတွေကိုတွေ့တော့ အရမ်းပျော်သွားတယ် ..။
စနစ်တကျ မုန့်တွေလာချပေးတယ် ၊ ကော်ဖီငှဲ့ပေးတယ် ။ နည်းနည်း
အိုက်တင်ခံပြီးမှ ဗိုက်က အချက်ပေးလေးတော့ မနေနိုင်တာနဲ ့
မြန်မြန်လေးစားလိုက်တယ် … ။ တစ်ဝိုင်းထဲအတူထိုင်သူတွေကလည်း အေးဆေးပါပဲ
သူတို့လည်း စားစရာရှိတာ စားနေတာပေါ့ … အားလုံးက မုန့်တစ်မျိုးကို
ကိုယ့်ကိုယ်တာ တစ်ခုစီယူတော့ … သုံးယောက်စာလွတ်နေပါလေရော… ။ အားလုံးက
ကိုယ့်ကိုယ်တာကိုသာ ကုန်းစားနေကြတာ ပိုနေတဲ့မုန့်တွေကို ဘယ်သူမှ
လက်နဲ့တောင်မထိပါဘူး … ။ အီးတုန်းလည်း … ဘယ်သူမှ မစားတော့ ပဲများပြီး
ထိုင်နေတာပေါ့ … ။
ဆယ့်ငါးမိနစ်လောက်ကိုယ့် အတွက်လာချတာ ကိုယ်စားပြီးတော့ တစ်ချို့လူတွေက
အချင်းချင်း အမျိုးတွေ နှုတ်ဆက် ၊ အာရိုက်ကြလေရဲ့… ။ ထပြန်တဲ့လူတွေကလည်း
မင်္ဂလာမောင်နှံကို နှုတ်ဆက်ပြီး ပြန်ကြတာပေါ့ … ။ ကိုယ်ကတော့
လူနည်းနည်းရှုပ်သေးလို့ အမျိုးတွေဆီမသွားပဲ ထိုင်ရာနေရာကပဲ
တောင်ကြည့်မြောက်ကြည့်လုပ်နေလေရဲ့ … ။  ကိုယ်ကလွဲရင် အားလုံးက အလန်းတွေပဲ
တောက်တောက်ပြောင်ပြောင်ဝတ်ဆင်လာမှန်း သတိထားမိပါရဲ့ .. ။ မျက်စိကို
၃၆ဝဒီဂရီ လှည့်ပတ်အကြည့်မှာ အနေထိုင်လေးတွေကလည်း နူးညံ့တာ သတိထားမိပါရဲ့
… ။ လူတွေလည်း တစ်ဝက်လောက်ပြန်သွားပါပြီ ။ ကိုယ်ကတော့ ထိုင်မြဲပေါ့ … ။
လျှောက်ကြည့်မြဲကြည့်နေတုန်း ဗြုန်းဆို ရှေ့က ပိုနေတဲ့ မုန့်ပန်းကန်ထဲကို
လက်တစ်ဖက်ဝင်လာပါတယ်… ။ လက်လေးကြည့်တော့လည်း လက်သည်းလေးတွေပုံဖော်ထားလို့
နုနုရွရွလေးပါ … ။ ကျောက်မြတ်ရတနာတွေလည်း ဆင်မြန်းထားပါရဲ့ … ။ အော်…
သူဗိုက်မဝလို့စားချင်လို့ပဲ ထင်ပြီး ဒီအတိုင်း မြင်ရင်မြင်တယ်
မှတ်လိုက်ပါတယ်… ။ နောက် တစ်ခေါက်ပဲ အဲ့ဒီလက်လှလှလေးက ကြက်ဆန်ကောက်သလို
ဇက် ဇက် ဇက်နဲ့ … ပိုနေတဲ့မုန့်တွေကို တစ်ခုချင်းစီကောက်ထည့်ချိန်မှာတော့
အံ့ဩခြင်းများစွာနဲ့ လက်ပိုင်ရှင်ကို မော့ကြည့်လိုက်မိတယ်… လှလိုက်တာမှ
ဝတ်မှုံရွှေရည်ရှုံးတယ် … ဝတ်ထားတာလည်း သတ်သတ်ရပ်ရပ်နဲ့
ဆင်မြန်းထားတာကိုကြည့်ရင် လူကုန်ထံအသိုင်းဝိုင်းက လို့ သိသာပါတယ် ..။
သုံးယောက်စာ မုန့်ငါးမျိုးဆိုရင် မုန့် ဆယ့်ငါးခုကု ိ
စက္ကန့်ပိုင်းအတွင်းကောက်သွားတာပါ … ။ ကြက်ဆန်ကောက်တာကတောင်
ကြာချင်ကြာပါလိမ့်မည် သူမ မုန့်ကောက်တာ အလွန်လျှင်မြန်လွန်းလှသည် ..
ပြီးနောက်အသင့်ယူလာသော ကျွတ်ကျွတ်အိတ်ထဲထည့်ကာ ကျမမြင်ကွင်းက လှစ်ခနဲ
ထွက်သွားပါတော့သည် .. ။ စပ်စုစိတ်က ထိန်းမရနိုင်တာကြော့်
လှည့်ထွက်သွားတဲ့ကောင်မလေးရဲ့ ကျောပြင်ကိုငေးရင်း အကြည့်တွေ
ထပ်ကြပ်မကွာပါသွားတော့ နောက်တစ်ပိုင်းက မုန့်ပိုတာတွေ
လျှောက်ကောက်နေပါပကော ..။ သူ့ကိုကြည့်ရင်း အမည်မသိငလျှင်တစ်ခု ရင်
ထဲဖြတ်တိုက်သွားတော့တယ်… အံ့ဩခြင်းတွေနဲ့ မှင်သက်နေတုန်း
ပခုံးပေါ်ကျလာတဲ့ လက်တစ်ဖက်ကြောင့် အတွေးတွေပျက်တောက်သွားချိန်မှာတော့
ချစ်သူကပြောပါတယ် ” နှုတ်ဆက်ပြီးပြန်ကြစို့ ” တဲ့ ။

5 comments

  • eros

    December 28, 2010 at 10:01 am

    ဘာလို့ဒီလို လုပ်ရတာလဲ။ နောက်ရောက်လာမယ့်သူတွေ အတွက်မစဉ်းစားတော့ဘူးလား။ ရှက်စရာကြီး။

  • ဆူး

    December 28, 2010 at 1:27 pm

    မုန့်တွေ အိတ်ထဲ လိုက်ကောက်ထည့်တာ သတိုးသား သတိုးသမီး အမျိုးတွေ ဖြစ်လိမ့်မယ်။ သူတို့ လူတွေ ထသွားတဲ့ အချိန် အလျှင် အမြန်မယူရင် ဟိုတယ်က သိမ်းသွားရော.. ပိုတာတွေ အိတ်နဲ့ ထည့်ပြီး ယူသွားပြီး အမျိုးတွေ ကလေးတွေ လက်အောက် ငယ်သားတွေ ပေးလို့ရတာပေါ့။ ဟိုတယ်မှာ ကုန်ကျစရိတ် အတိအကျ အပြတ်ပေးပြီးသားဆိုတော့ ဟိုတယ်ထက် လက်ဦးအောင် ယူတာ ဖြစ်ပါလိမ့်မယ်။ ဟီးဟီး.. ဆူး အမျိုး အမ တယောက် မင်္ဂလာဆောင်တုန်းက ပိုလို့ သိမ်းလာတဲ့ မုန့်တွေ စားခဲ့ရဘူးတယ်။ ဒါပေမဲ့ အခု နောက်ပိုင်း ဟိုတယ်ကို ပြောထားရင် ဝန်ထမ်းတွေ သိမ်းပေးပြီး လာပေးတယ်။ ဟိုတယ်တိုင်းတော့ မသိပါဘူးကွယ်။

  • naywoonni

    December 28, 2010 at 2:00 pm

    မပြောတတ်တော့ဘူး မပြောတတ်တော့ဘူး မပြောအပ်တော့ဘူး အရင်တုန်းက…………….

  • နွယ်ပင်

    December 29, 2010 at 2:54 am

    ဆူးပြောတာဖြစ်နိုင်ပါတယ် သတို့သားသတို့သမီးဘက်က အမျိုးတွေမို့လိုလဲ တစ်0ိုင်း0င်တစ်0ိုင်းထွက် လိုက်သိမ်းရဲတာနေမှာပါ နောက် တစ်ချို့ဟိုတယ်တွေက မုန့်ပိုရင် လိုက်မသိမ်းပေးပါဘူး ကိုယ့်ဘာကိုယ်ပြန်သိမ်းပြီးယူရတာပါ . နောက် မင်္ဂလာဆောင်တွေမှာ အမျိုးတွေကို တာ0န်အသီးသီး ခွဲပေးထားတက်ကြတော့ အဲ့ကောင်မလေးကို မုန့်သိမ်းဖို့တာ0န်ယူခိုင်းတာလဲ ဖြစ်နိုင်တာပဲနော် …:)

    • etone

      December 29, 2010 at 4:04 am

      ဟုတ်ဘူး သူလည်း ဧည့်သည်ပါပဲ ။ ကြည့်ရတာ သူနဲ့ နှစ်ဘက်စလုံးနဲ့ သိပ်ရင်းနှီးပုံမရဘူး ။ ဖြစ်တော့ဖြစ်တတ်ပါတယ် ။ သူယူရဲတော့ သူရတာပေါ့လို့ပဲတွေးပါတော့တယ် ။

Leave a Reply