“သူမ” အတွက် ကျော်သူပေးတဲ့ နှစ်သစ်အကြိုမွေးနေ့ ဂုဏ်ပြုစာသား

နွယ်ပင်December 27, 20101min600

“ငါးဆယ့်နှစ်”

 ၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခဲ့ပြီဘဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။
 ၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ကြွနေဆဲ။
 ၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။
 ၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘဝကတော့ သီလလုံဆဲ။
 ၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။
 ၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊

ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။ (မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

သတင်း…ဒီမိုဝေယံ..။