ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”(အပိုင်းနှစ်)

ထွေးတော့ ထွေးပါဘဲ………………………….ဒါပေမယ့်………………………..”(အပိုင်းနှစ်)

နောက်တစ်ယောက်ကတော့ “ထား”ဆိုတဲ့ ကျနော်နဲ့ ကျောင်းနေဖက်ငယ်သူငယ်ချင်းမလေးပါ။ အလွန်အေး အလွန်ရိုးတဲ့ ခပ်အအသူငယ်ချင်းမလို့တောင်ပြောရင်ရပါတယ်။ တက္ကသိုလ်သာလေးနှစ်နေပြီး ဘွဲ့တစ်ခုရသွားတယ် ဘယ်သူနဲ့မှ ဘာမှ ဇာတ်လမ်းမရှိလိုက်ဘူး။ ကျောင်းပြီးတော့လဲ သူတို့မိဘလုပ်ငန်းဖြစ်တဲ့ ဈေးထည်တွေချုပ်တဲ့ လုပ်ငန်းကို ဝင်ပြီးဦးစီးရတာပါ။ သူတို့က နန်းရှေ့မှာနေတာပါ။ သူတို့ခြံက အကျယ်ကြီးဆိုတော့ အိမ်ဝို်င်းထဲမှာ မိသားစုသန့်သန့်လေးတွေကို အိမ်ငှားထားပါတယ်။ သူတို့အိမ်ဝိုင်းထဲမှာ ကိုထွေးအောင်နဲ့ မခင်စိုး ဆိုတဲ့ လင်မယားနှစ်ယောက်လည်းငှားနေပါသတဲ့။ ကိုထွေးအောင်က ကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာ အဝယ်တော်လုပ်ပြီး မခင်စိုးကတော့ ကျောင်းဆရာမ လေးပါ။သူတို့ မှာ လေးနှစ်အရွယ်စကား တီတီတာတာပြောတတ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူတို့ လင်မယားအလုပ်သွားရင် ကလေးကို “ထား”တို့အိ်မ်မှာအပ်ထားခဲ့ပါတယ်။“ထား”တိုုုုုုုုုုုုုု့မိသားစုကလဲ ဒီကလေးကို အတော်လေးကို ချစ်ကြပါတယ်။ ကလေးက လဲ “ထား”ကို “မေမေထား” ထားတိုအမေအဖေကို ဖွားဖွားကြီး ဖိုးဖိုးကြီး လို့ ခေါ်ပါတယ်။ ဒီတော့ လဲ ဒီကလေးလေးက “ထား”တို့မိသားစုရဲ့ဆည်းလည်းလေးဖြစ်လို့လာပါတယ်။
တိုတိုပြောရရင် မခင်စိုး ဒုတိယ ကိုယ်ဝန်ဆောင်မီးဖွားရင်း ဆုံးပါးသွားပါတယ်။ကလေးကတော့ ယောက်ျားလေးဖြစ်ပြီး အသက်ရှင်လို့ ကျန်နေခဲ့ပါတယ်။အဲဒီအခါမှာတော့ ဒီကျန်နေတဲ့ကလေးနှစ်ယောက်တာဝန်က “ထား”တို့ မိသားစုအရေးလိုဖြစ်လာပါတယ်။ နောက်တော့ ကလေးသံယောဇဉ်ရယ် ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့တဲ့ စားရေးသောက်ရေးဒုက္ခတွေဝေနေတဲ့ ကိုထွေးအောင်က“ထား”ကို ကမ်းလှမ်းတာကို လက်ခံမယ်လို့ဆုံးဖြတ်ချိန်မှာတော့ သမီးပျိုကို မုဆိုးဖိုကလေးအဖေနဲ့ပေးစားဘို့ထိသဘောမကောင်းနိုင်တဲ့ “ထား”မိဘတွေနဲ့ ပြဿနာတက်ပါတော့တယ်။ ခေါင်းမာလွန်းတဲ ့ထားဆန္ဒကို မလွန်ဆန်နိုင်တော့မှ ပေးစားလိုက်ပေမယ့် ပါလာတဲ့သမီးနဲ့သားရယ် “ထား”ကမွေးတဲ့ သမီးလေးရယ် ပျော်ရွှင်သာယာတဲ့မိသားစုလေးဖြစ်နေတာကိုမြင်ရတာတော့ ကြည်နူးစရာပါ။
မိထွေး တို့ ပထွေးတို့ဆိုတာ အများအားဖြင့်ကတော့ သူများမိသားစုကို ဖျက်ဆီးသူ ဇွတ်အတင်းဝင်လာသူ လို့ပြောရင်လဲဖြစ်ပါတယ်။ ့ မြန်မာပြည်မှာတော့ မိန်းမအများစုက တော့ ပထမအိမ်ထောင်ပျက်စီးသွားလို့ဖြစ်စေ ကွဲကွာသွားလို့ဖြစ်စေ နောက်အိမ်ထောင်ထူထောင်ကြတာများပါတယ်။ဒီတော့မှသာ ပထွေး ဆိုတာဖြစ်လာပေမယ့် မတင်းတိမ်မရောင့်ရဲနိုင်တဲ့ ဖခင်များကြောင့် မိထွေးဒါမှမဟုတ် မေမေလေး ဆိုတာကိုမလိုချင်ဘဲလက်ခံရတတ်တာများပါတယ်။ ဒီလို မိသားစုများမှာတော့ မိထွေးဆိုတာ အချစ်ကိုလုယူသူ သူများမိသားစုကိုဖြိုခွဲသူဆိုတဲ့ တံဆိပ်ကပ်နှိပ်လို့ မတွေ့ခင်ကတည်းက မုန်းတီးလို့နေပါတော့တယ်။ မိထွေး တို့ ပထွေး တို့က နှိပ်စက်တဲ့ ဇာတ်လမ်းတွေကလဲ ရှိလဲ ရှိ နေကတော့ ငြင်းလို့မရပြန်ပါဘူး။
ဒါပေမယ့်လည်း မိထွေး တို့ ပထွေးလို့ ဆိုလိုက်တာနဲ့မမြင်ခင်ကတည်းက အကြားနဲ့ကို မုန်းတီးနေတတ်တော့ တွေ့လဲတွေ့ရော မပြေလည်သောဇာတ်လမ်းတွေကို ခင်းကြတာများပါတယ်။
ကျနော့်အမြင်လေးပြောရရင် ရင်တော့ အလိုဆန္ဒများလို့ ပထမအိမ်ထောင်ရှိရက်နဲ့ နောက်အိမ်ထောင်ပြုလိုက်လို့ မေမေလေး အသစ်ကို ဖေဖေလေး အသစ်ကို မလိုချင်ဘဲရတဲ့လူတွေကို တော့ဘာမှမပြောလိုပါဘူး။ ဆိုးဝါးသော မိထွေး တို့ ပထွေးလို့ တို့နဲ့ တွေ့ခဲ့ရင်တော့ လဲ မပြောချင်ပြန်ပါဘူး။
ဒါပေမယ် မိထွေး တို့ ပထွေးလို့ တို့ဆိုတာများကလဲ လူထဲကလူတွေဖြစ်တာကြောင့် ဆိုးသူရှိသလိုကောင်းသူရှိနိုင်မယ်လို့ထင်ပါတယ်။
ဒီတော့လည်း မလိုချင်ပေမယ့်လဲ ကိန်းဆိုက်လာပြီဆိုမှတော့ လက်ခံရတော့မယ့်အတူတူ ငြိမ်းချမ်းစွာယှဉ်တွဲနေနိုင်ရင် အားလုံးစိတ်ချမ်းသာမယ်လို့လဲ ထင်ပါတယ်။
ကျနော့်အမြင်အရပြောရင်တော့ ( ဝတ္တု တွေ ရုပ်ရှင် တွေ)ထဲမှာ ဇာတ်နာအောင် မိထွေး တို့ ပထွေးတို့ မှန်သမျှကို လူဆိုးလူညစ်ပါတ်ဇာတ်ကောင်ထားလို့ ရန်တိုက်ပေးတာလေးကိုလည်းလျှော့ သင့်ပြီလိုထင်ပါတယ်။
ကျနော်အတွေးပါးပါးလေးဆိုတော့ မှားချင်ရင်လဲ မှားနိုင်ပါတယ်။
ကဲမိတ်ဆွေတို့ကကောဗျာ ဘယ်လိုမြင်ကြပါသလဲ ……………………………………………………………………………………..
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

(ကော်နက်ရှင်မကောင်းလို့ ခွဲတင်ပေးရတာကို ခွင့်လွှတ်စေလိုပါတယ်)

5 comments

  • unclegyi1974

    December 28, 2010 at 3:49 pm

    မိထွေး ပထွေ ဆိုတာလူထဲကလူဖြစ်လို့
    ကောင်းသူ မကောင်းသူကဒွန်တွဲနေမှာပါ
    ကောင်းတဲ့ပထွေး မိထွေးတွေလဲအများကြီးပါ
    အဓိက ကလူတယောက်ချင်းစီရဲ့စိတ်က
    အရေးအကြီးဆုံးလို့မြင်ကြောင်းပါ
    ကိုပေါက်ရေ

  • kopauk mandalay

    December 28, 2010 at 3:57 pm

    အခုပိုစ်လေးအတွက် ခွင့်လွှတ်ပါ မနေ့ညကတည်းက တင်တာ
    တစ်ဝက်ဖြစ်လိုက် ပြန်တင်လိုက် နဲ့ သံသရာလည်နေပါတယ်။
    သီးခံခွင့်လွှတ်လို့ သာဖတ်လိုက်ပါတော့ ။
    သူကြီးရေ နာမယ်ထပ်နေရင် အမှတ်သာပြန်ဖြတ်လိုက်ပါတော့ ။
    ထပ်မပြင်တော့ ဘူး။
    သူကြီးဖျက်လို့ရရင်လည်း ထပ်နေတာတွေကို ကူညီလို့ သာဖျက်ပေးပါတော့ နော်
    ကျနော်တော့ ပို်စ်တင်ရတာ စိတ်တွေလေသွားပြီ

  • ဆူး

    December 28, 2010 at 3:59 pm

    သဂျီး ဆိုက်ပျက်တာနဲ့ ပိုစ်တွေ တန်းလန်းကြိးနဲ့ ထပ်ထပ်နေတာတွေ များနေတယ်။ ဖတ်ရတာ အရသာ မရှိဘူး။ အစ အဆုံး ဖတ်တော့မှ.. အရသာ ရှိတာ။

  • naywoonni

    December 28, 2010 at 4:06 pm

    ကောင်းပါတယ် အတွေးမပါးပါဘူး ဒီလိုလေးတွေလည်းရှိတတ်ပါတယ် မိထွေး ပထွေးဆိုတာမကောင်းဘူးလို့ ဘေးပတ်ဝန်းကျင်က သွေးခွဲပေးနေတာ တွေက ရပ်တန်းကရပ်သင့်ပါပြီ။ ကောင်းတာရှိသလိုဆိုးတာလဲရှိနေမှာပါပဲ လူသားချင်းစာနာစိတ်ကသာအဓိကပါ

  • MaMa

    December 29, 2010 at 3:14 am

    ကိုပေါက်ပေးတဲ့လက်ဆောင်လေးတွေကို နှစ်သက်ပါတယ်။ အားပေးပါတယ်။

Leave a Reply