မှတ်ပုံတင်အတု ကိုင်ဆောင် လူအများကို ဝေဒနာပေးသူ ကပ်ဖား

ဦး ဂ်စ္December 28, 20101min814

အဘိုး ဦးနူရ်ယာရှင်.အဘ ဦးနူယာဆင်.အမိ ဒေါ်နူရ်ကီမာန်  တို့၏သား အဒူထွန်းသန့်ကျော်သည် ဗုဒွ့ဘာသာဟန်

င်္ဆောင်ပြီး  မင်းလှမြို့ လ.၀.က ရုံးကို ငွေပေးရယူထားသော ၇/မလန(နိုင်) ဝ၀၀၀၅ရ မှတ်ပုံတင်အတုဖြင့်  မ.ထ.သ    ဥက္ကဋ္ဌ…ရဲအောင်လံဂိတ်မှုး…ရွှေသံတွဲကားဂိတ်ဥက္ကဋ္ဌ… နာရေးဥက္ကဋ္ဌ..ပြည်ခိုင်ဖြိုးပါတီကော်မီတီဝင်…ဟူသောရာထူး  များရယူပိုင်ဆိုင်ထားပြီး  သံတွဲမြို့ဒေသခံများကိုဒုက္ခပေးနေပါသည်။

မ.ထ.သ အာဏာဖြင့်  ဆိုင်ကယ် TAXI  ၁ စီး ကို ၁၅ သိန်း အရတောင်းယူပြီးကိုယ်ကျိုးသုံးခြင်း ၊ လိုင်စင်မဲ့ ကုန်

ကားကြီးများဝယ်ယူ . လိုင်းဆွဲခြင်း ၊ လိုင်စင်မဲ့ကားငယ်များ လက်ဝယ်ထားရှိခြင်း ၊ မ.ထ.သ  ပိုင်ငွေ ၃၅ သိန်း ခန့် ပါတီပွဲများ ပျော်ပွဲများကျင်းပ..မိမိသဘောဖြင့် အလွဲသုံးစားလုပ်ခြင်း ၊ အာဏာပိုင်များကို ဖား..ရင်းနှီးအောင်လုပ် .

သူနဲ့အဆင်မပြေသူများကို အချုပ်ကျစေခြင်း..ထောင်ကျစေခြင်း  အပြင်  ၂၀၀၄ ခန့်က စ.စ.စ ရုံးချုပ်မှအဖွဲ့ လာရောက်စစ်ဆေးယူရသည်အထိဖြစ်ခဲ့ခြင်း ၊ လုပ်ငန်းရှင်များမှာသူ့ရန်ကြောင့်လုပ်ငန်းများမလုပ်ရဲတော့

လောက်အောင်ဖြစ်ရခြင်း ၊ထောက်လှမ်းရေးခေတ်ကလည်း လာသမျှအရာရှိအားလုံးကို  ညီအကိုတော်စပ်..

ဆွေမျိုးစပ်…ကပ်ဖားယပ်ဖားလုပ်ပြီး ဒေသခံများကို အချုပ်..ထောင်ကျစေခဲ့  ခြင်း တို့ကြောင့်  သံတွဲမြို့သို့

လူကြီးမင်းများလာရောက်စစ်ဆေးပေးပါရန်အသနားခံအပ်ပါသည်ခင်ဗျား………

4 comments

  • etone

    December 28, 2010 at 7:26 am

    ကဲကဲ လူကြီးမင်းတို့ရေ …. ဘယ်လိုအရေးယူမှူမျိုးတွေပြုလုပ်မလဲ စောင့်ကြည့်နေပါတယ် ။

    Gipsy ရေ… အရေးယူတဲ့သတင်းလေးလည်း တင်ပေးပါဦးနော် ။

  • search123

    December 28, 2010 at 9:24 am

    တော်တော်မလွယ်တဲ့သူပါလား။

  • naywoonni

    December 28, 2010 at 10:49 am

    ဒီလိုလူမျိုးတွေက ခေတ်တိုင်း နေရာတိုင်းမှာ ရှိနေတာပဲ အဲဒိလိုအလုပ်ခံတဲ့ သူတွေကလည်း အချိန်ပြည့်ရှိနေတာပဲ

  • kai

    December 28, 2010 at 10:56 am

    မီဒီယာခေါ်တဲ့..ဂျာနယ်လစ်ဇင် အားကောင်းလာရင် ..အဲဒါမျိုးတွေ တော်တော်နည်းသွားတတ်ပါတယ်.။
    အဲဒါမျိုးတွေကို စုံစမ်းပြီး မှန်နေရင်အရေးယူပေးတတ်တဲ့ အာဏာပိုင်တွေရှိရင်ကို ..တော်တော်ကောင်းနေပါပြီ..။

Leave a Reply