မွဲခြင်း တရားခံ

ashinindakaDecember 28, 20101min25025

ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ရတနာသုံးပါးဆိုတာရှိတယ်။
၁။ ဗုဒ္ဓ – ဘုရား ၂။ ဓမ္မ – တရား ၃။ သံဃ – သံဃာ

နံပါတ် (၁) ဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်ကို ဘယ်လို ဘာကြောင့်ကိုးကွယ်
ဆည်းကပ်ရတယ်ဆိုတာ ရှင်းပြပြီးပြီ။

အခု နံပါတ် (၂) ဖြစ်တဲ့ ဓမ္မ တရားတော်ကို ဘယ်လို ဘာကြောင့်
ဆည်းကပ်ရတယ်ဆိုတာရှင်းပြအုံးမယ်။

ဗုဒ္ဓဘာသာဝင်တိုင်း
ဓမ္မံ သရဏံ ဂစ္ဆာမိ – တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့
အမြဲတမ်း ဆိုနေကြတယ်။

တရားတော်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတော့
ဘယ်လိုကိုးကွယ်ဆည်းကပ်တာတုန်း။
တရားတော်ဂုဏ်တော်ဖြစ်တဲ့ သွာက္ခာတော ဘဂဝတာ ဓမ္မော စတဲ့
တရားဂုဏ်တော် (၆) ပါးကို
နေ့မအား ညမအား ရွတ်ဖတ်သရဇ္ဈာယ်နေရမှာလား။
ဒီလို မဟုတ်ပါဘူး။

တရားတော်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတာ
ဘုရားရှင်ဟောကြားထားတဲ့တရားတော်အတိုင် လိုက်နာကျင့်သုံးတာကို ပြောတာပါ။

နိဗ္ဗာန်ချမ်းသာကို ခံစားလိုတဲ့ တွေ့ကြုံလိုတဲ့သူအတွက်
နိဗ္ဗာန်ချမ်းသာကို ခံစား တွေ့ကြုံနိုင်တဲ့ အကျင့်ဖြစ်တဲ့
သတိပဋ္ဌာန်တရားအားထုတ်နေတာဟာ
တရားတော်ကို ကိုးကွယ်ဆည်းကပ်နေတာပါဘဲ။

(မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ တရားတွေကို အသာထား)
နိုင်ငံရေးလုပ်နေသူအဖို့ ဘုရားရှင်ဟောကြားထားတဲ့
နိုင်ငံရေးလမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံရေးလုပ်နေတယ်ဆိုရင်
သူလဲ တရားတော်ကို ကိုးကွယ်ဆည်းကပ်နေတာပါဘဲ။

ဒီလိုနည်းနဲ့ တရားတော်ကို ကိုးကွယ်ရင်
တရားက ပြန်လည်စောင့်ရှောက်မှာ အမှန်ပါဘဲ။

ဘာပြုလို့လဲဆိုတော့
ဘုရားရှင်ဟောကြားခဲ့တဲ့ တရား ဆိုတာ
အရှိတရား၊ ဖြစ်တတ်တဲ့ ဖြစ်လေ့ရှိတဲ့ သဘာဝ သဘောတရားတွေဖြစ်နေလို့ပါဘဲ။

ဒါ့ကြောင့် ဒီလို တရားတော်နဲ့အညီလုပ်နေတဲ့
နိုင်ငံရေးသမားတွေရှိတဲ့ နိုင်ငံဟာ
ဗုဒ္ဓဘာသာနိုင်ငံ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊
ဗုဒ္ဓဘုရားရှင် ဟောကြားထားတဲ့ တရားတော်တွေနဲ့ ညီနေတယ်ဆိုရင်
အဆင်ပြေကြတာပါဘဲ။ ချမ်းသာသုခရကြတာပါဘဲ။

ဗုဒ္ဓဘာသာနိုင်ငံပါလို့ ကြွေးကြော်နေပေမဲ့
နိုင်ငံရေးသမားတွေ နိုင်ငံရေးလုပ်တဲ့နေရာမှာ
ဗုဒ္ဓဘုရားရှင်ဟောကြားထားတဲ့ တရားတော်တွေနဲ့ မညီဘူးဆိုရင်
ဆင်းရဲမှာပါဘဲ။

သဘာဝအတိုင်းဖြစ်နေတဲ့ သဘာဝတရားက
အသားမဲလို့၊ ဖြူလို့ဆိုပြီး ဘက်လိုက်လေ့ မရှိပါဘူး။

ဒီနေရာမှာ နားလည်ရမှာက
ဘုရားရှင်ဟောကြားထားတဲ့ သဘာဝအတိုင်းဖြစ်နေတဲ့သဘောတရား (ဓမ္မ)ကို
နားလည်ပြီး လိုက်နာကျင့်သုံးနေတယ်ဆိုရင်
လိုက်နာကျင့်သုံးသူအဖို့ အဆင်ပြေနေမှာပါ။
ဒါ့ကြောင့် ဘုရားရှင်ကို သိဘို့ထက် သဘာဝဓမ္မကို သိဘို့လိုပါတယ်။
သဘာဝဓမ္မ သဘောတရားတွေကို မသိနိုင်သူတို့အဖို့သာ
ဘုရားရှင်ထုတ်ဖော်ဟောကြားပေးရတာပါ။

နောက်တစ်နည်ပြောကြည့်ရအောင်။
ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့မလို၊ ဗုဒ္ဓဘာသာဝင်ပါလို့ ကြေငြာဘို့မလိုပါဘူး။
သဘာဝ သဘောတရားတွေအတိုင်း
(ဝါ) ဘုရားရှင်ကလဲ သဘာဝသဘောတရားတရားတွေကို ဟောကြားထားတာဖြစ်လို့
ဘုရားရှင်ဟောကြားထားတဲ့အတိုင်းကျင့်ကြံလိုက်နာနေတယ်ဆိုရင်
ကုလားရော၊ ဗမာရော၊ တရုတ်ရော၊ အင်္ဂလိပ်ရော ချမ်းသာမှာပါ။

မကျင့်ကြံ မလိုက်နာရင်တော့
ကုလားရော၊ ဗမာရော၊ တရုတ်ရော၊ အင်္ဂလိပ်ရော မွဲကြမှာပေါ့။

ဘုရားဆိုတာ ဘယ်သူဆိုတာတော့ မသိဘူး။ ဘုရားကိုတော့ မသိဘူး။
ဒါပေမဲ့ လောကသဘာဝ သဘောတရားတွေကို သိပြီး
သိတဲ့အတိုင်း ကျင့်ကြံလိုက်နာနေတဲ့သူကို
သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်လို့ အမည်မခံပေမဲ့
သူဟာ ဗုဒ္ဓဘာသာဝင် အလိုလိုဖြစ်နေတာဘဲ။

ဘာ့ကြောင့်လဲ။
ဘုရားရှင်ဟောကြားခဲ့တဲ့ အရှိတရား၊ သဘာဝသဘောတရားတွေကို
လိုက်နာကျင့်သုံးနေလို့ဘဲ။

ဘုရားရှင်ကိုတော့ သိပါရဲ့။
သဘာဝသဘောတရားတွေနဲ့ ဆန့်ကျင်ပြီး
ပြုမူနေတဲ့သူကိုတော့ ဗုဒ္ဓဘာသာဝင်လို့ သူ့ကိုယ်သူ အမည်ခံပေမဲ့
သူဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။

ဘာ့ကြောင့်လဲ။
ဘုရားရှင်ဟောကြားခဲ့တဲ့ အရှိတရား၊ သဘာဝသဘောတရားတွေကို
ဆန့်ကျင်နေလို့ဘဲ။

ဒီထက်ရှင်းအောင်ပြောရရင်
လူတစ်ယောက်က ငါးပါးသီလဆိုတာကို မသိဘူး။
ဘယ်သူဟောခဲ့တယ်ဆိုတာလဲ မသိဘူး။

ဒါပေမဲ့ သူ့ပင်ကိုယ်အသိစိတ်က
ဒီငါးမျိုးကျူးလွန်လို့ မကောင်းဘူး။ ဒီငါးမျိုးစောင့်ထိန်းမှလို့ သိပြီး
စောင့်ထိန်းတယ်ဆိုရင် သူဟာ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာပါဘဲ။

အဲ၊ နောက်တစ်ယောက်က ငါးပါးသီလကိုသိတယ်၊
ဘုရားရှင်ဟောခဲ့တယ်ဆိုတာလဲ သိတယ်။
လူရှေ့သူရှေ့ဆိုရင် ငါးပါးသီလပါဠိဆိုလိုက်တာပါဘဲ။ ဆောက်တည်လိုက်တာပါဘဲ။
ဒါပေမဲ့ မစောင့်ထိန်းဘူး။ ကျူးလွန်ဖောက်ဖျက်နေတယ်ဆိုရင်
ဗုဒ္ဓဘာသာဝင်လို့ ခေါ်နိုင်ပါ့မလား။

ဒါ့ကြောင့် ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြီတွေ ဘာလို့ ချမ်းသာနေပြီး
ဗုဒ္ဓဘာသာနိုင်ငံတွေ ဘာလို့မွဲနေကြတာလဲ။
အဖြေက ဒါပါဘဲ။

ခရစ်ယာန်နိုင်ငံသာဖြစ်နေတာ။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
၇၅% လောက်က ဘုရားရှင်ဟောထားတဲ့ တရားတော်တွေနဲ့ ညီနေတာ။

ဗုဒ္ဓဘာသာနိုင်ငံသာဖြစ်နေတာ
နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးတွေမှာ သူတို့တတွေကျင့်သုံးနေတာက
ဗုဒ္ဓဘာသာကျင့်ဝတ်တစ်စက်မှ မတွေ့ရဘူး။
ဒါ့ကြောင့် မွဲနေတာပါ။

25 comments

  • naywoonni

    December 28, 2010 at 2:24 pm

    မှန်ပါ့ ဘုရား အားလုံးလိုက်နာနိုင်ဖိုပဲ လိုပါတယ် မလိုက်နာနိုင်ကြတာက ခက်တယ် ဘုရာ့ ဒီထက်ပိုပြီးရျင်းတဲ့ စာ(တရားး) မတွေ့ဖူးသေးပါ။ ဒီနေ့လိုင်းမကောင်းပဲနဲ့ ပေပြီ ထိုင်ရကျိုးနပ်ပါပြီ

    • ashinindaka

      December 28, 2010 at 2:30 pm

      ရေးတာ နားလည်တယ်ဆိုတော့ ရှင်းတယ်ဆိုတော့ ရေးရကျိုးနပ်တာပေါ့။

  • winkyawaung

    December 28, 2010 at 5:14 pm

    ဟုတ်ပါတယ်ဘုရား အုပ်ချုပ်သူတွေကစပြီး ဘာသာရေးကို မျက်ကွယ်ပြုထားကြတော့ တိုင်းပြည်ကလည်း မွဲပြီပေါ့..။

  • kai

    December 28, 2010 at 9:40 pm

    သာဓု၊သာဓု၊သာဓုပါဘုရား..။

    မြန်မာပြည် ဗုဒ္ဓဘာသာမှာဖြစ်နေတာက .. လူတွေ တကယ်တန်းလိုက်နာလို့မရတဲ့ ငါးပါးသီလဆိုတာတွေဖြစ်နေတာလို့ ထင်ပါတယ်ဘုရား..။
    အဲဒါ ..လူတွေ .. အမြဲသေချာပေါက်… လိုက်နာလို့ရတဲ့ ..ငါးပါးသီလကို ဖွင့်ပြပါဘုရား..။

  • kai

    December 28, 2010 at 10:05 pm

    ငါးပါးသီလ

    (က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ( ဂ) ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    (ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
    ( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

    အနက်။ ။(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊
    ဝေရမဏိသိက္ခာပဒံရှောင်ကြဉ်ရကြောင်းကောင်းမြတ်သောသိက္ခာပုဒ်ကို၊
    သမာဒိယာမိ- စိတ်၌ မြဲစွာဆောက် တည်ပါ၏။
    သူတပါးအသက်ထဲ.. ခွေးရူးရော။ အိမ်ကဟင်းတွေခိုးစားပြီး ရောဂါပိုးသယ်တတ်တဲ့ ကြွက်ရော။ လယ်သမားတွေ စပါး၊ဆန်တွေဖျက်စီးတဲ့ပိုးတွေရော.. ကလေးသံထရင်တောင် သံချဆေးကြွေးပြီး .. သံကောင်ကိုတောင် မသတ်ရလောက်အောင် ဖြစ်နေတာမို ့..

    (ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊
    ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
    သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
    ဒီလိုစီးပွားရေးနဲ့ စံနစ်မှာ မလောက်ငှတာမို ့..အစိုးရဝန်ထမ်းရော။ ပုဂ္ဂလိကဝန်ထမ်းရော မယူလို့ မခိုးလို့ရှိရင် ငတ်သေယုံရှိတာမို ့ ..
    နောက်ပြီး အင်တာနက်သုံးတာကအစ ..ကွန်ပျူတာထဲသုံးနေတဲ့ဝင်းဒိုးစ်ဆော့ဖ်ဝဲကအစ ..ခိုးသုံးနေသူချည်းပဲမို ့…

    (ဂ) ကာမေသုမိစ္ဆာစာရာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊
    ဝေရမ ဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
    သမာဒိယာမိ- စိတ်၌မြဲ စွာဆောက်တည်ပါ၏။
    အရွယ်ရောက်သူ လူမိန်းမ၊ယောက်ျားလေးတိုင်းလိုလို ကာမဂုဏ် ..ဆိုတာကို .. လက်တွေ့ကျကျမဟုတ်ရင်တောင် ..စိတ်နဲ့အပြန်အလှန် ကြံစည် ပစ်မှားတတ်ကြတယ်ဆိုတာ..လူ့သဘာဝမို ့..။
    (ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊
    ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
    သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
    နိုင်ငံအကြီးအကဲဆိုသူကြီးကနေ ..အောက်ခြေသူတောင်းစားအဆင့်အထိ … တွင်တွင်သုံးနေကြတာမို ့…

    (င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ- မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ် စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
    သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
    ဝိုင်နီအရက်ဟာ ကင်ဆာတောင် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ဒီခေတ်ကြီးမှာ ..

    • ashinindaka

      December 29, 2010 at 4:42 am

      Kai ကတော့ လုပ်ချလိုက်ပြန်ပြီ

  • char too lan

    December 29, 2010 at 9:45 am

    ဟဟား 🙂
    ဆြာခိုင်တရားသစ်ဖွင့်နေပါလား ကဲ !! ပြောပါအုံး ဘာအရောင်လဲလို့ ??

  • kai

    December 29, 2010 at 10:08 am

    အခုကတော့ ..ဒေါက်တာဘွဲရထားတဲ့.. ဆရာတော်တပါးအားကိုးနဲ့ပေါ့လေ..။

    ပြောရရင်..လွန်ခဲ့တဲ့ .. ၁၅နှစ်လောက်ကတည်းက .. နိုင်ဂျံဂါးကစောင့်ပြီး .. ကြွလာတဲ့ဆရာတော်ကြီးတွေဆီမှာ .. အခွင့်ကြုံတိုင်း မရှင်းတာတွေ မေးလျှောက်ခဲ့တာ..။
    နောက်ဆုံးတော့..(ကြည့်ရတာ) ..ဘာသာရေးဆွေးနွေးတာ ..ရပ်တော့မှနဲ့တူတယ်..။

    အရမ်းကို.. ဦးနှောက်အားကုန်တယ်..။ 🙂

    • ashinindaka

      December 29, 2010 at 10:42 am

      ဒီထဲမှာ ဒီလောက် မရှုတ်ဘူးမှတ်နေတာ။ အင်း။ မလွယ်ပါလား။ ဘုန်းကြီးတစ်ပါးရဲ့ ခေါင်းစဉ်လို “အရှုတ်ထဲမှာ ရှင်းအောင်နေမှ” ဘဲ။

  • kai

    December 29, 2010 at 10:58 am

    အရှင်ဘုရားကတော့ တတ်နိုင်ရင် ဆက်ရေးပေးပါဘုရား..
    တပည့်တော်က .. ယူအက်စ်မှာနေတာမို ့.. ဒီမှာမွေးတဲ့ကလေးတွေ .. အကုန်လိုလို … အရွယ်ရောက်ရင် .. ဗုဒ္ဓဘာသာဝင်မဖြစ်ပဲ ဘာသာပြောင်းကုန်ကြတာမို ့.. အဲဒီလိုဖြစ်နေတာအတွက် .. အဖြေရှာနေတဲ့သူမို ့ပါဘုရား..။

    • ashinindaka

      December 29, 2010 at 11:04 am

      အေး၊ ရေးရတာပ။ ဟုတ်တော့ ဟုတ်တယ်ဗျာ။ စိတ်မကောင်းစရာပဲ။ ၂၀၀၅ တုန်းက လန်ဒန်ကို ပင့်တဲ့သူရှိလို့ ရောက်တယ်။ ပင့်တဲ့သူမှာ သား ၁ ယောက် သမီး ၁ ယောက်ရှိတယ်။ လန်ဒန် ၆ လနေတဲ့အတောအတွင်း အဲ့ဒီ သားသမီးကို လုံးဝ မတွေ့ဘူးလိုက်ဘူး။ မေးကြည့်တော့ သူတို့ဟာသူတို့ ခွဲနေကြတာ လောက်ပဲ ပြောတယ်။
      ဆက်ရေးမယ်ဗျာ။ ဒါပေမဲ့ ရှေးရိုးစွဲဘုန်းကြီးတွေကို ဦးဇင်းအရေးအသားကို သိပ်သဘောမခွေ့ကြဘူးဗျ။ အခြေအနေ ကြည့်နေရတယ်။

  • ashinindaka

    December 29, 2010 at 11:07 am

    ရှေးရိုးစွဲဘုန်းကြီးတွေက ဦးဇင်းအရေးအသားကို သိပ်သဘောမခွေ့ကြဘူးဗျ။ အခြေအနေ ကြည့်နေရတယ်။ တချို့က ဦးဇင်းကို ဒီလိုတွေရေးလို့ ငယ်ဖြူလားကော ဟုတ်ရဲ့လား။ ဓမ္မာစရိယတွေ ဘာတွေ သင်ဘူးလားလို့ မေးတယ်ဗျ။ ငယ်ဖြူအစစ်ပါ။ ၁၂ နှစ်သားထဲက ကိုရင်စဝတ်ပြီး အခုအထိပဲပြောပါတော့။ ဓမ္မာစရိယဆိုတာတွေလဲ အောင်ပါကြောင်း ဒီနေရာက ကြုံလို့ ပြောလိုက်ပါရစေ။

  • Tettoe Aung

    January 5, 2011 at 9:08 am

    Sadu, sadu, sadu Dr Indaka. I now live in a non-Buddhist country by which most people live on Buddhist principles, compassion, generosity and so on. Because of that not only human even animal and birds have a good life. Even when livestock is breed for food their lives are not kept in a miserable state. Pigs must have room to move, chickens must not be just to lay eggs and even when they are killed they must not suffer – less painful and a quicker death as possible. Of course as in life there are always good and bad in every society but when people do not have to struggle as much for a decent living life is good in a non Buddhist country. It’s not just being rich or poor that solely determines what sort of life should people have. As it said in Mangala sutta, ‘patirupa-desa-vaso-ca, pubbe ca kata-punnta atta-samma panidhi-ca etam mangalam uttamam’ – dwelling in a suitable location is indeed a blessing. To me, rich or poor is just a state of mind. When you have to bear in mind that the real essence of Buddhism is to train oneself to have less greed, less hatred and more wisdom. ‘Santussako ca subbaro ca appa-kicco ca sallahuka-vutti appagabho kulesu ananugiddho’ – must be content to easily support a life with few duties, responsibilities; of right livelihood with senses calmed, not obtrusive, not imprudent and not greedily attached. Even people who have no knowledge of Buddhism are finding that giving and generosity have given them satisfaction and happiness in their lives than when they were striving to achieve material wealth.

    • ashinindaka

      January 5, 2011 at 9:18 am

      Right what you express here. Thank you for your patiently reading my article and writing your comment so that others got beneficial.

  • koyinmaung

    January 5, 2011 at 11:13 am

    အင်မတန်ကောင်းတဲ့တရားပါ အားပေးပါတယ်ဘုရား

    • ashinindaka

      January 5, 2011 at 11:21 am

      အိမ်း။ အားပေးတော့ ရေးရတာပေါ့။ အထူးသဖြင့် သူများနိုင်ငံရောက်နေတဲ့ မိဘတွေ သူတို့သားသမီးတွေကို ဗုဒ္ဓဘာသာဆိုတာ ဘာဆိုတာ ရှင်းပြတတ်အောင် ရေးပေးနေရတယ်။

  • manawphyulay

    January 5, 2011 at 12:39 pm

    မွဲချင်တဲ့ခွေး ဘယ်ကိုတိုးဆိုတာတော့ ကြားဖူးပါတယ်ဘုရား…. ဒီဝဋ်ကဘယ်တော့များမှ လွတ်မှာပါလိမ့်ဘုရား….

  • တညင်သား

    January 5, 2011 at 1:35 pm

    ငါးပါးသီလ ကိုလုံခြုံအောင်ထိန်းနိုင်ရင်တော့ အရမ်းကောင်းပါတယ် ..လူတွေက ဒီလောက်ကောင်းတဲ့ ဗုဒ္ဓ သာသနာနဲ့ တွေ့တာ ဉာဏ်မမှီလို့ ဖြစ်လိမ့်မယ်..ပါတာတိ ပါဏာတိပါတာ ဆိုပေမဲ့ တံငါ သယ် သူငယ်ချင်း သောတပန် ဖြစ်တဲ့အကြောင်းတရားနာ ဘူးတယ် .. အကုသို အလုပ်ဖြင့် စီးပွါးရှာရတော့ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး တယောက်တလှည့် ဥ ပုဒ် သီလ ဆောက်တည် ကြတယ် တယောက်က သီလ ယူချိန် တယောက်က တံငါ အလုပ် လုပ် ရလာတာကို တဝက်စီခွဲပေါ့ ဒီလိုနဲ့ပဲ ကြာလာတော့ ပထမ တယောက် က စိတ်ထားကောင်းတယ် ဒုတိယ တယောက် က သူဥပုဒ်သီလ ယူချိန်များ ကျျန်ခဲ့တဲ့ သူငယ်ချင်းက ငါးတွေမှ ရပါ့မလား ရရင်ကော သူက အများကြီးယူပြီး ငါ့ကိုနဲနဲပဲ ပေးမလား ဆိုပြီး သီလ မဖြောင့်ဘူး ပထမ တယောက်က ဥပုဒ် ဆောက်တည်ချိန်မှာ သီ လ ကို ရအောင်ယူတယ် သောတပန်ဖြစ်တယ် အဲဒီတရားလေး ပါ……အရေးကြီးတာက စိတ် ပါပဲ .. ဟုတ်လား ဘုရာ. နောက်တခုက လွဲနေတဲ့ အသိဉာဏ်တွေ သေရင်ကိုနောက်မပါဘူးဆိုတာနဲ့ လောဘ မကြီးတော့ပါဘူးဆိုပြီး စီးပွါးမရှာတောပဲ သုံးဖြုံးနေတာ ဆရာတော်တွေက သီလလေးလဲ ဆောက်တည်ဖို့ပြောတာ လောဘ ဆိုတာကို နားမလည်ကြတော့ လွဲကုန်တယ်ထင်ပါတယ်ဘုရာ့ အဲဒီတော့ ဗုဒ္ဓ သာသနာ နွယ်ဝင်တွေက ဆင်းရဲ ကုန်ရော..
    ချမ်းသာတဲ့ ဘာသာက နေရာဝင်ယူ နေကြပြီ ကြိုးစားကြလို့.. သီတဂူ ဆရာတော်က ဟောကြားသွားပါတယ်ဘုရာ့ .. မရေးတက် ရေးတက်နဲ့ ဝင်ရေးရတာ အမှားပါရင် ဆရာတော်နင့် တကွ ရွာသားများ ခွင့်လွတ် ကြပါဗျာ..

  • my name is phone myat htay

    January 5, 2011 at 1:54 pm

    မှန်ပါ.ဘုရား အွန်လိုင်းမှာ ဘုန်းဘုန်းလိုဆရာတော်တစ်ပါး ဘာသာရေးအသိပညာတွေ ရေးပေးတာ ကျေးဇူးကြီးလှပါတယ်ဘုရား ဗုဒ္ဓဘာသာ ဝင်တိုင်း နေ.စဥ ်လိုက်နာရပါမယ ်ဘုရား တပည်.တော်တို. လိုက်နာနိုင်အောင်
    ကြိုးစားပါမယ်ဘုရား။ တပည်.တော်တို. တိုင်းပြည်မှာတော. မလိုက်နာတဲ. လူတွေ
    နေ.စဉ်တိုးနေပါတယ်ဘုရား။

  • zaw min

    January 5, 2011 at 8:09 pm

    အရှင်ဘုရား အမှန်တော့ တပည့်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေအားလုံးမဆင်းရဲကြပါဘူး…မသိလို့ဆင်းရဲနေကြတာပါ….တပည့်တော်တို့အားလုံး သူတော်ကောင်းတရား ခုနှစ်ပါးပိုင်ဆိုင်ထားကြတာဘဲ…၁။သဒ္ဒါ ၂။သီလ။ ၃။ သုတ ၄။စာဂ ၅။ပညာ ၆။ဟီရိ ၇။ဩတ္တပ္ပ တကယ်မသိသေးလို့ မလုပ်နိုင်သေးလို့ ဆင်းရဲနေကြရတာပါ။သိပြီးတော့ လုပ်ဖြစ်အောင်လုပ်ရင် ချမ်းသာခြင်းအစစ်ကို ဧကန်မုချရကြမှာပါဘုရား….။

  • အရှင်ဘုရား။ အူမတောင့်မှ သီလစောင့်နိုင်တာပါ။ လူတစ်ယောက်ကို ခြေထောက်ရိုက်ချိုးပြီးမှ တုတ်ကောက်ပေး၊ အဲဒီလူက တုတ်ကောက်ကိုမသုံးတော့ တုတ်ကောက်မသုံးရကောင်းလားလို့ ဆုံးမရင် တရားပါ့မလား။ တပည့်တော်ရဲ့ အမြင်က ဆြာခိုင်ပြောတာ လက်တွေ့ကျတယ်လို့ ထင်ပါတယ်။

    • ashinindaka

      January 6, 2011 at 12:48 am

      ဒီကလဲ ဒကာခိုင်ပြောတာကို မငြင်းလိုပါဘူး။ ဒီက ရည်ညွှန်းတာက ခြေထောက်ရိုက်ချိုးပြီး တုတ်ကောက်ပေးတဲ့သူကိုရော၊ တုတ်ကောက်ကို မသုံးတဲ့သူကိုရောပါ။ နှစ်ဘက်လုံးကိုပါ။

  • Tettoe Aung

    January 6, 2011 at 7:31 am

    Sayagyi ShweUDaung said for one to regard oneself as a Buddhist he or she must have an unwavering belief in (1) Paticca-samuppada, (2) lekkhanayei thone-par (anicca, dukkha, and anatta), (3) four Noble Truths, and (4) Megga and Nibanna. Back in Burma, I considered myself a ‘nominal’ Buddhist – because I was born from my Buddhist parents I know and practice ‘basic’ Buddhist principles. Even though some may say that unless one has fulfilled his or her basic needs, one cannot lead a moral life. Far from it. To me it’s a lame excuse. It’s all depends on oneself whether one is able to resist temptation, corruption and immoral conduct. In a country where ‘good governance’ is a factor in one’s life it is very easy to support one’s life in an ethical way. Just imagine the mentality of those people I had to work with. They were keen to use the Mercedes belonging to the embassy (ignoring the fact that the amount of petrol the car used) to go at length to buy a packet of beans because they cast less. Isn’t that a form of stealing? How about the Sayadaws accepting donations from those in the military regime where for sure they know that the ‘dana’ did not come from their ‘sama-ajiva’. How can they let those ‘danashin’ know that it is important to have a right livelihood. Remember when it was during the Ne Win’s Socialist era that such excuse as ‘to have a full stomach before one can leads a moral life’ was used and it ended up in all those in power lining up their pockets, feathering their nests and all for their family. No wonder thy say, the world has enough for everyboby’s need but not enough for everybody’s greed.

Leave a Reply