အတွေးအမြင်

ဆူးDecember 28, 20101min19817

အခု တလော ကွန်မန်းတွေ ပေး စာတွေရေး လုပ်ရင်းနဲ့ စာများများ ဖတ်တဲ့ လူတွေ အထဲမှာမှ.. လူ ၂မျိုး သတိထားမိတယ်။ ပထမ လူ တမျိုးက စာကြည့်တိုက်နဲ့ တူတဲ့ လူသား… ဒုတိယ လူတမျိုးက စာကြည့်တိုက်မှာ စာဖတ်တဲ့ လူသား။
ပထမ လူသားကတော့ ဘာစာ မဆို အကုန်ရှိတယ်။ စာတွေ အကုန် ပိုင်ဆိုင်ထားတယ်။ အတွေးမရှိဘူး။ စာဘဲ ရှိတယ်။
ဒုတိယ လူသားကတော့ စာဖတ်တဲ့ လူဆိုတော့ ဖတ်တဲ့ စာဘဲ သိတယ်။ ဒါပေမဲ့ ဖတ်ထားတဲ့ စာတိုင်းအပေါ် အသိပါတဲ့ အတွေး ဉာဏ် ရှိတယ်။ စာတွေ အကုန်တော့ မပိုင်ဆိုင်ဘူး ပိုင်ဆိုင်တဲ့ အရာက နက်နက် ရှိုင်းရှိုင်း သိနေတယ်။

ကိုယ်ဟာကိုတောင် ဘယ်လို လူစားထဲ ပါနေမှန်းတောင် မသိဘူး။

စာဖတ်အားနည်းတဲ့ လူဆိုတော့ ပထမ ကော ဒုတိယ အမျိုးအစားထဲမှာ ပါဝင်နိုင်ဖို့ တော်တော် ကြိုးစားရအုန်းမယ် ထင်တယ်။

17 comments

  • fatty

    December 28, 2010 at 2:40 pm

    ဒီလိုအတွေးမျိုးတွေတောင်ရှိနေပြီဆိုတော့ ဘယ်စာဖတ်အားနည်းမလဲ ..။
    တကြောင်းထဲ ဖတ်ဖူးတာနဲ့ apply လုပ်နိုင်ရင် .. နိဗ္ဗာန်တောင် ဆိုဒ်နိုင်တာဘဲမို့လား ..။

  • weiwei

    December 28, 2010 at 2:55 pm

    စာများများဖတ်ဖူးတယ် ပြောထားမိတာ မှားပြီ … ဆူးစိတ်ထဲ ဘယ်အမျိုးအစားထဲကို သွတ်သွင်းထားတယ်မသိဘူး … 🙁

  • ဆူး

    December 28, 2010 at 3:07 pm

    လောကမှာ အပျင်းဆုံးအလုပ်က စာဖတ်တာဘဲ။ ဒါပေမဲ့ ဒီဆိုက်မှာ စပြီး ဝင်ရေးကတည်းက တင်တဲ့စာတွေ တော်တော် များများ မျက်ခြေမပြတ် ဖတ်နေခဲ့တာ စာတွေ တော်တော် ဖတ်ဖြစ်သွားတယ်။ စာကြည့်တိုက်တခုလုံး ဗိုက်ထဲ မထည့်ထားတာတော့ အမှန်ဘဲ။ အရင်က အားရင် ဂိမ်းဆော့နေတာ ဒီဆိုက်မှာ ဝင် မန်းမှာဘဲ.. ဂိမ်းတောင် ပြတ်သွားတယ် မဆော့တာကြာပြီ။

  • eros

    December 28, 2010 at 3:20 pm

    ငယ်ငယ်ထဲက သိပ်မကစားရပဲ စာအုပ်တွေဖတ်ရင်းကြီးပြင်းလာရတာ။ ကိုယ့်ကိုယ် ကိုဘာလို့သတ်မှတ်ရမယ် မသိတော့ဘူး

  • fatty

    December 28, 2010 at 3:30 pm

    BOOKWORM ပေါ့ဗျာ …။

  • naywoonni

    December 28, 2010 at 3:35 pm

    ချူးမရေ နာကောဘယ်ထဲပါရဲ

  • ဆူး

    December 28, 2010 at 3:39 pm

    သိဘူး.. ပါချင်တဲ့ ဆီမှာ ပါမှာပေါ့… ကာယကံ ရှင်ကတော့ သိတယ်။ ဘယ်သူ ဘယ်ထဲပါလဲ ဆိုတာ.. ကိုယ်ဟာကို ဆုံးဖြတ်ပြီးသာ နေရာပေးလိုက်။ ဆူးကတော့ အတွေးအမြင်ထဲ ဘောင်ဝင်အောင် စာတော်တော် ဖတ်ရအုန်းမယ်။

  • bigcat

    December 29, 2010 at 2:12 am

    ကိုကြောင်ကြီးကတော့ စာကြည့်တိုက်ဝန်ထမ်းနဲ့တူတဲ့လူ။ ဘာမှဟုတ်တိပတ်တိ မလုပ် ရုံးတက်လက်မှတ်ထိုး အိပ်ငိုက်ပြိး အချိန်တန်လခထုတ်သလို ရေးချင်တာ ပြောချင်တာပြောပြီး ပွိုင့်ယူတယ်။ ဒါတောင် သဂျီးက မပေးတော့ဘူးတဲ့။ ;(

  • နွယ်ပင်

    December 29, 2010 at 3:01 am

    နွယ်ပင်လဲ ဘယ်အဘယ်အမျိုးစားထဲပါမလဲ မသိဘူး ဆူးပြောမှပဲတွေးမိတော့တယ် …စာတွေကတော့ ငယ်ငယ်ထဲက ဖတ်နေတာပဲ စာဖတ်ရမှာတော့မပျင်းသလို စာအုပ်မြင်ရင်လဲ မဖတ်ဘဲ မနေနိုင်ဘူး . စဉ်းစားကြည့်လိုက်တော့ စာကြည့်တိုက်လိုလူလဲ မဟုတ်သလို စာကြည့်တိုက်မှာ စာဖတ်တဲ့ လူသားအစစ်ကြီးလဲ မဟုတ်ပြန်ဘူး (ကိုယ်က အရမ်းကြီးလဲမသိ အရမ်းကြီးလဲ မတက်ဆိုတော့) ကြားထဲ့ လူသားဖြစ်မယ်ထင်တယ် …

  • ဆူး

    December 29, 2010 at 1:05 pm

    စာကြည့်တိုက် ဝန်ထမ်း ဖြစ်တဲ့ ဦးကြောင်ကြီး သဂျီးက လစာမပေးရင်တော့ အလကား လုပ်ရတာနဲ့ တန်အောင် ကြောင်သတ္တိပြချင်ရင်တော့ တွေ့ကရာသာ သေးနဲ့ ပန်း.. ထိုနိယာမအတိုင်း လှည့်သာ အတင်းတုတ်ပေတော့.. ဟိုဒင်းက ဟိုလို ဒီဒင်းက ဒီလို ဆိုပြီးတော့.. ဒါမှ.. ကြောင်ကြိး အကြောင်း သိမှာ ဆိုပြီးတော့.. အနံ မခံနိုင်တဲ့ အဆုံး သဂျီး လက်လျော့သွားလိမ့်မယ်။ အဟီး.. 😉

    နွယ်ပင်ကမှ စာအုပ်မြင်ရင် မနေနိုင်ဘူး ဖတ်ချင်သေးတယ်။ ဆူးက ဖတ်ချင်လို့ အနားယူထားပြီး ခေါင်းရင်းမှာ ပုံထားတာ တော်တော် များနေပြီ။ ဘယ်စာအုပ်မှာ မာတိကာ ကနေကို မတက်ဘူး

  • manawphyulay

    December 29, 2010 at 1:57 pm

    တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့
    အခြေအနေမျိုးကို ငါချည်းပဲ
    ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ….
    စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး
    အဆိုးဆုံး အခက်အခဲတွေ့ရင်
    လေဆန်တောင် ပြန်သွားသေးတာဘဲ
    ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ….

  • ဆူး

    December 29, 2010 at 2:12 pm

    စွန်ဆိုတာ ကြိုးကလေးကို လျော့လိုက် တင်းလိုက်နဲ့ အသာတချည် လုပ်ပေးရင် ကောင်းကင်မှာ ဝဲနိုင်လေ သတည်း။

  • weiwei

    December 29, 2010 at 2:43 pm

    အတွေး အမြင်တွေ လန်ပျံပြီး စွန်အဖြစ်နဲ့တောင် ပျံဝဲသွားပါလား ..

  • ဆူး

    December 29, 2010 at 2:48 pm

    လေ အဝှေ့မှာ စွန် မပါသွားအောင်တော့ ကြိုး နိုင်နိုင် ထိန်းမှ ဖြစ်တော့မယ်။ လန်ပျံအောင် လေ တိုက်မှာတော့ စိုးမိတယ်။ တော်ကြာ စွန်ဆုပ်သွားအုန်းမယ်။

  • kopauk mandalay

    December 29, 2010 at 2:49 pm

    ကျနော်ကတော့ အရေးကြုံတယ်ဆိုစာအုပ်ကို ပြေးသတိရတယ်။
    လက်ဘက်ရည်ဘိုးမရှိရင် ငှားထားပြီး ပြန်မပေးတဲ့စာအုပ်တွေကို
    အဟောင်းတန်းပို့ပြီး ဖန်တီးလိုက်တာ။
    အင်တာနက်ဆိုင်ထိုင်ဘို့ ပိုက်ပိုက်မရှိရင်လဲ ဒီတိုင်းပေါ့။
    ဆူးမေးသလို
    စာဖတ်ပြီးဘယ်လိုအစားထဲပါသလဲဆိုတာကို ဖြေရအောင် မေးခွန်းက မပြည့် စုံသေးဘူးထင်လို့ မဖြေနိုင်ပါဘူး။
    ကျနော်က ဆူးထည့်မရေးတဲ့စာရင်းထဲမှာပါနေလို့ပါ။

  • weiwei

    December 29, 2010 at 2:50 pm

    အတွေးဆိုတာ မြေကြီးနဲ့နီးလေလေ ပိုသဘာဝကျလေလေလို့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် …

  • ဆူး

    December 29, 2010 at 3:04 pm

    မဝေ ပြောတဲ့ မြေကြီးနဲ့ နီးရင် သဘာဝ ကျလေလေ..
    လေးပေါက်ပြောတဲ့.. မေးခွန်းက မပြည့်စုံဘူး ဆိုတဲ့ အချက်နဲ့ တွဲပြီး ပြန်စဉ်းစားလေတော့ ဆူး ရေးတဲ့ ပိုစ့်က မြေကြီးနဲ့ မနီးဘဲ ကောင်းကင်မှာ စွန်ကလေးလို လွင့်နေတယ် ထင်ပါရဲ့။

Leave a Reply