စာမေးပွဲ အမှတ် စာရင်း

ဆူးDecember 28, 20101min19713

သူငယ်တန်း အရွယ် သက်ထား တယောက် ပထမ အစမ်း စာမေးပွဲ ဖြေထားတဲ့ ရလဒ်ရေးထားတဲ့ စာရွက် လူကြီး မိဘ တွေ လက်မှတ် ထိုးခိုင်းဖို့ အိမ်ကို ယူသွားတယ်။ အိမ်ရောက်တော့ အမေ လုပ်သူကို လှမ်းပေးလိုက်စဉ်မှာ.. မိခင် ဒေါ်မူမူက ဟဲ့ သက်ထား နင့် အဆင့် ဘယ်လောက် ရလဲ ပေးစမ်း။ ဟာ.. ညံလိုက်တာ။ အောက်ထက်က မိညှက် အဆင့် ဘယ်လောက်ရလဲ။ အဆင့် ၈ပါလား။
သက်ထားက အဆင့် ၁ ရပါတယ်။ ခေါင်းကလေး ငုံ့ရင်း မပွင့်တပွင့် ဖြေလိုက်သည်။
ဟဲ့ သက်ထား နင့်ကို ငါ ဒီလောက် အကုန်ခံပြီး ကျူရှင် ဆရာအိမ်ခေါ်သင်ပေးထားတာ နင် သူ့ခြေဖျားတောင် မမှီဘူးလားဟဲ့ ဒီလောက် အကောင်းဆုံးတွေ လုပ်ပေးတာတောင် စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရအောင် လုပ်နိုင်ဘူးလား။ မိညှက် က သူအမေက မတတ်နိုင်လို့ ကျူရှင် တောင် မတက်နိုင် မိဘကလည်း နင့်လို အစုံ လင် ရှိတာ မဟုတ်ဘူး ညဉ်းက အရာရာ သူထက် သာနေတာတောင် သူ့ထက်သာအောင် မလုပ်နိုင်ဘူးလား။ ငါဒေါသ ထွက်လာပြီနော်။ ညဉ်းလို ဟာမမျိုး မှတ်လောက်သားလောက် ရှိအောင် ဆုံးမနိုင်မှ မှတ်မိမှာ။ သွားဟိုထောင့်မှာ ထောင်ထားတဲ့ တံမြက်စည်း ကျိုးအောင် ချပစ်မယ် သွားယူချည်။
သက်ထားတယောက် အလွန်ကြောက်နေပါသည်။ တုန်ရီနေသော အမူအရာနဲ့ မျက်လုံးအိမ်မှ မျက်ရည်များ ရေတံခွန်က ရေလွတ်သလို မျက်ရည်များ တရစပ် ထွက်နေပါသည်။ အသားနာမှာလည်း သိသည် သို့သော် မလွန်ဆန်နိုင်တဲ့ အတွက် တံခါးကြားထောင့်လေးမှာ ထောင်ထားတဲ့ တံမြက်စည်းကို တလှမ်းချင်းသွားယူနေပါသည်။
ဒေါသ အမျက်ချောင်းချောင်းထွက်နေတဲ့ ဒေါ်မူမူက ဟဲ့ တံမြက်စည်း သွားယူတာ ဒီလောက် နှေးလား မြန်မြန်လာခဲ့ အခု ချက်ချင်း ကြာနေရင် ပိုနာမှာနော်။
ခြိမ်းခြောက်သံ ကြားတော့ ကြောက်လန့်စိတ်က အမြန်ရောက်အောင် တွန်းပို့လိုက်သလိုဘဲ တံမြက်စည်းကလေး ယူပြီး မိခင်ကို သွားပေးပါတယ်။
တံမြက်စည်း လက်ထဲ အရောက်မှာတော့ ဒေါ်မူမူ တယောက် ဆတ်ကနဲ ကောက်ယူပြီး စပြီး ရိုက်ပါတော့တယ်။
သက်ထား တယောက်ကတော့ ဘာပြောရမှန်း လည်း မသိဘူး ရိုက်လိုက်တဲ့ အချက်တိုင်းမှာ နာကျင်မှုနဲ့ ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူး အမေရယ် သမီး နောက်မလုပ်တော့ပါဘူး နောက် မမှားစေရပါဘူး အော်ဟစ် ငိုကြွေးပြီး တောင်းပန်နေတဲ့ အသံများနဲ့ ဆူညံနေပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း ထိုသားအမိ ဖြစ်ရပ်ကို အတိုင်းသား ကြားနေရပါတယ်။ ဒေါသ မပြေသေးတဲ့ မိခင်ကတော့ နောက်မလုပ်လို့ ရမလားဟဲ့.. နောက် သူထက် သာရမယ် လို့ ပြောဆိုပြီး ဆက်ချပါတယ်။ အချက်ပေါင်း မနည်း အောင် ချပြီး ချိန်မှာတော့ တံမြက်စည်း ကလေး ယိုင်နဲ့နဲ့ ဖြစ်ချိန်မှာတော့ တံမြက်စည်းချပြီး နင်နောက်တခါ မိညှက်ထက် ညံလို့ကတော့ တံမြက်စည်း အခု တချောင်း နောက်တခါ ၂ချောင်း ကြားလား ဆိုပြီး ပြောပြီး ရိုက်တာ ရပ်လိုက်ပါတယ်။ အမှတ်စာရင်း ရလဒ် စာရွက်မှာ လက်မှတ် ထိုးပေးပြီး ရော့ ညဉ်းဟာ ညဉ်းသိမ်းထား။ နောက်နေ့က စပြီး ညဉ်းကို ကျောင်းက ဆရာမကို အိမ်ခေါ်သင်မယ်။

13 comments

  • weiwei

    December 28, 2010 at 3:19 pm

    အမေလုပ်တဲ့သူက ကိုယ်ချင်းစာတရားမရှိတာပဲ .. ကြည့်ရတာတော့ ပညာမတတ်တဲ့ မိခင်ဖြစ်လိမ့်မယ် …

  • ဆူး

    December 28, 2010 at 3:26 pm

    အမေက စာဖတ်တတ်ယုံဘဲ သင်ဘူးတာ။
    သမီးလုပ်သူကတော့ အတန်းကျောင်းတောင် ပြီးအောင် ၈တန်းအထိဘဲ နေရတယ်။ သူတို့မောင်နှမ မိန်းကလေးတွေထဲမှာ သူပညာ အမြင်ဆုံးဘဲ။ အချိန်တန် ယောကျားလာတောင်းရင် ပေးစားမယ် ဆိုပြီး အိမ်အလုပ်တွေ လုပ်နေရတယ်။ အခုတော့ ယောကျားရနေပါပြီ။ သူထက် ၁ဝနှစ်ကျော်ကြီးမယ် ထင်တယ်။ အိမ်နောက်ဖေးက မထွက်ရအောင် မိခင်က အချိုးချပေးလိုက်တော့ အခုလည်း အိမ်နောက်ဖေးက မထွက်ရဘူး။

  • naywoonni

    December 28, 2010 at 3:51 pm

    စာမတတ်လို့ ဆိုတာကတော်သေးတာပေါ့ စာတတ်ပေတတ်တွေလည် း အဲဒိလိုညဉ်မျိုးရှိတာပဲ ဒီပညာတွေတတ်လို့လည်း ဘာမှသုံးစားလို့ ရတာမှမဟုတ်တာ ကိုယ့်ဟာကို ပြန်သင်နေရတာပဲ

  • ဆူး

    December 28, 2010 at 3:57 pm

    ကလေးတယောက် က ငယ်ငယ်က သိပ်အရိုက်ခံရရင် ထုံသွားလိမ့်မယ်လို့ ထင်တယ်။ အရာရာ အကြောက်တရားနဲ့ သူများထက် ထူးချွှန်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ စာညံတာ စာတော်တာက ပင်ကိုယ်အရည်အသွေးရှိသလောက်ဘဲ ရမှာ အတင်းလုပ်ယူနေတဲ့ မိဘတွေကြောင့် ကလေးတွေ ဘဝ ဆုံးရှုန်းမှုတွေ ကြုံနေရတာလို့ မြင်တယ်။
    ငယ်စဉ်က မွန်းကျပ်ခဲ့တဲ့ ကလေးတွေက အသက်ကြီးလာရင် ခေါင်းမာပြီး ပြောရဆိုရ ခက်တဲ့ လူတွေ ဖြစ်လာတတ်ကြတယ်။ တော်ယုံ ဘာမှ မကြောက်တော့ဘူး အိမ်က မိဘ ကြိမ်လုံးက လွဲရင်ပေါ့

  • unclegyi1974

    December 28, 2010 at 4:01 pm

    စာမတတ်တာ ကိုယ်ချင်းစာစိတ်မရှိတာ အဓိက
    မဟုတ်ဘူးလို့မြင်ပါတယ်
    ကျွန်တော်မြင်တာပြောရ ရင်သူတို့်လိုလူမျိုးတွေရဲ့စိတ်မှာဝင်နေတာက
    သူတို့ရဲ့အတ္တကြီးမာမှုလို့မြင်ပါတယ်
    ကလေးကသူတို့ရဲ့ဆန္ဒအတိုင်းဉာဏ်ကောင်းနေရင်
    ပြသနာမရှိပေမဲ့
    သူတို့မျှော်မှန်းသလောက်မလိုက်နိုင်ရင်
    သူတို့ရဲ့အတ္တစိတ်ကသူတို့ကိုဒုက္ခပေးတော့တာ
    ပါဘဲ ကလေးကကြားကခံပေတော့ပေါ့

  • ဆူး

    December 28, 2010 at 4:05 pm

    ကလေးတွေ ဉာဏ်မကောင်းပေမဲ့ အခုခေတ်က အမှတ်ကောင်းနဲ့ အဆင့်ကောင်းတဲ့ ခေတ်လေ။ ကလေး မိဘတွေက ဆရာမ တွေ စားဖို့ ဟင်းတွေ ပိုထည့်ပေးရတာနဲ့ ပါတိတ်တို့ ဘာတို့ ညာတို့ လက်ဆောင်ပေး ကျူရှင်တက် ကလေး ညံလည်း အမှတ်ကောင်းနေတာဘဲ။ မပေးနိုင်တဲ့ ကလေးများကျတော့ ဆရာမ ဒေါသကြီးတယ်ပေါ့။ ကလေးဆိုတာမျိုးကလည်း သူများ လုပ်ရင် လုပ်ချင်တယ် သူများပေးတာ မြင်တော့ ပေးချင်.. မိဘက လိုက်မပေးနိုင်တော့.. ဆရာမ ဒေါသကြီးကြီးရဲ့ မျက်နှာ မော်တောင် မကြည့်နိင်တဲ့ ကလေးတွေ အများကြီးဘဲ။

  • naywoonni

    December 28, 2010 at 4:19 pm

    ကျောင်းကဆရာမတွေ ကို စပြိးဖျက်ဆီးတာ အဲဒိလို မိဘ မျိုးတွေပဲ ဟိုကလည်း ရမှန်းသိ ဘာဖြစ်တယ်ဆိုလား? အစဥအဆက်ကြီး ဖြစ်လာတော့ တာပဲ 1990 နောက်ပိုင်းပိုဆိုးလာတယ် ထင်တယ် အရင်ကမှ ကျောင်းကဆရာ ဆရာမ တွေ ကျူရှင်မပြ ရဘူး ဘာ ညာ ကန့်သတ်ထားသေးတယ်
    အဲဒိတုန်းက အပြင်မှာ ဆရာကတော် ဆရာမ ကတော်တွေ က သင်ကြတယ်လေ တစ်ဘက်လှည့်နဲ့ တူူတူ လောက်ပါပဲ

  • ဆူး

    December 28, 2010 at 4:26 pm

    ကျောင်းဆရာ ဆရာမတွေ လစာ တိုးပေးတော့လည်း ကုန်ဈေးနှုန်းက တက်အုန်းမယ်။
    ကျောင်းသား မိဘတွေကလည်း ကလေး မျက်နှာရအောင် လုပ်ရတာလည်း မလွယ်ဘူး။ မျက်နှာ လုပ်ပါများတော့ ပျက်ကုန်တာဘဲ.. အခု ကလေးတွေ အပြင်ကျောင်းတွေမှာ တက်တဲ့ ကလေးတွေ အကြောင်းတော့ ဘာမှ သိပ်မကြားမိဘူး။ ဘယ်လိုနေကြလဲ မသိဘူး သင်ကြားပုံ စနစ်ကတော့ လုံးဝ ကွဲလွဲတာတော့ သိတယ်။

  • unclegyi1974

    December 28, 2010 at 4:31 pm

    ယနေ့ခေတ်ဆရာတွေ အထူးသဖြင့်ဆရာမတွေအကြောင်းကအထူး
    မပြောချင်တော့ပါဘူး
    ဒါပေမဲ့ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
    ဆိုသလို
    ဒီလိုဖြစ်အောင်ဘာတွေကအရင်းခံသလဲ
    လို့ ဆူးကိုလိုက်ကြည့်စေချင်ပါတယ်

  • ဆူး

    December 28, 2010 at 4:47 pm

    ပေါက်ပင် ဘာလို့ ကိုင်းလဲ ဆိုတော့ ကလေး ဆော့လို့ ကိုင်းတာ။

    • eros

      December 29, 2010 at 6:49 am

      ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အပိုဒ် ၁၉ မှာ ကလေးများကောင်းမွန်စွာ စောင့်ရှောက်မှုခံရစေရန် နိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ပေးရပါမည်။ ကလေးများအပေါ် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်းနှင့် လျစ်လျူရှုခြင်း များက ိုမိဘများ သို့မဟုတ် ၎င်းတို့အားထိန်းသိမ်းစောင့်ရှောက်သူမည်သူမဆို မပြုလုပ်ရန်လည်းတားဆီးကာကွယ်ရပါမည်။
      တံမျက်စည်း ၁ ချောင်းကျိုးလုနည်းပါး ရိုက်တာဆိုတော့ ဆုံးမတာထက် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်နေသလိုပဲ။ သုတေသီတွေပြောတာတော့ ရိုက်ပြီးဆုံးမတာ အကျိုးမဖြစ်စေနိုင်ဘူးတဲ့။

  • ဆူး

    December 29, 2010 at 12:53 pm

    ရိုက်ပြီး ဆုံးမ ခံရတာ များလို့နဲ့ တူတယ် ထို ကောင်မလေးက ခပ်ထုံထုံရယ်။

  • နီလေး

    December 30, 2010 at 3:35 am

    အရင်တုန်းကတော့ကြားဖူးပါတယ် ခုခေတ်ကောဒါမျိုးတွေရှိသေးလား

Leave a Reply