ထူးခြားသတင်းနောက်ဆက်တွဲ သိချင်

fattyDecember 28, 20101min641

တလောက သတင်း ကြားလိုက်တာက .. NLD ရဲ့ HIV ဝေဒနာရှင်တွေကို စောင့်ရှောက်
ကူညီပေးနေတဲ့ မဖြူဖြူသင်း တို့ကို ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံပြီး
လိုအပ်တဲ့ အကူအညီများ ပေးဖို့ ကမ်းလှမ်းလာကြောင်း သိလိုက်ရပါတယ် ..။ အဆောက်အဦ တို့ ဘာတို့ပေါ့ ..။ ဒီသတင်းဟာ စစ်အစိုးရနဲ့ အတိုက်အခံတို့ကြား
ပထမဆုံး ထူးခြားသတင်းပါ။ စာနာသင့်သူတွေကြားခံပြုပြီး တိုးတက်တဲ့ခြေလှမ်းလို့သတ်မှတ်ရင်ရမယ်ထင်ပါရဲ့။ အကွက်ဆင် အယောင်ပြတာလို့
တော့ သံသယ စိတ်နဲ့ မမြင်ချင်ပါ ..။ မဖြူဖြူသင်းတို့ဘက်က လူနာတွေဟာ
ဆေးရုံ ဆေးခန်း လို့ပြောရင် မလာချင်ကြဘူး ကြောက်နေကြတယ်လို့ ပြောကြားခဲ့တယ်
လို့လဲသိရပါတယ် ..။ နောက်ထပ်တိုးတက်မှု သတင်းထွက်မလာပါ ..။ သိချင်ပါတယ်။

One comment

  • MaMa

    December 29, 2010 at 3:37 am

    မင်္ဂလာရှိတဲ့သတင်းပါဘဲ။ ကောင်းကျိုးတွေဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။

Leave a Reply